24 အဲပင်းရင် သူလို့ဟာ ကိုယ်တော်ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ကြအယ်။ ကိုယ်တော်ရဲ့ အဝတ်တော်များဟို ခွဲဝေယူကြအယ်၊ သူလို့ဟ ပစာရမလဲဆိုတာဟို ကျေ့ဖို့ စာရေးတံချကြအယ်။
ယေရှုဟ “တို့ဖ၊ အဲသူလို့အပစ်ဟို ဖြေလွှတ်ပေးပါ။ သူလို့ဟ မိမိလို့လုပ်နေလဲ့အမှုဟို မသိကြပါ” ဟု မြွက်ဆိုလေအယ်။ သူလို့ဟ ကိုယ်တော်ရဲ့ အဝတ်များဟို မဲနှိုက်ယွေ့ အချင်းချင်း ခွဲယူကြအယ်။
ဘုရားသခင်ဟ မိမိရဲ့ အစီစဉ်နဲ့အညီ ယေရှုဟို နင်လို့ လက်ဟို ပေးအပ်ရန် ဆုံးဖြတ်ခဲ့ပင်း၊ နင်လို့ဟ အပစ်လုပ်သူလို့ လက်ဖြင့် အေးအဆှင်ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်ခဲ့ကြအယ်။
ငါလို့ ဖိုးဖေးများရဲ့ ဘုရားသခင်ဟ နင်လို့ လက်ဝါးကပ်တိုင်ပေါ်မှာ တင်ယွေ့ သတ်ခဲ့သော ယေရှုအား သေခြင်းမှ ဆှင်ပြန်ထမြောက်စေပီ။
ဘုရားသခင်ဟ အပစ်နဲ့ ကင်းစင်သောသူဟို ငါလို့အတွက်ကျောန့် အပစ်ဆိသောသူ ဖြစ်စေအယ်၊ ဟေဟာဟ ငါလို့သည် အဲသူအားဖြင့် ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း ဖြစ်လာမဲ့အကျောန်း ဖြစ်အယ်။
အဲလိုလဲ ငါလို့အတွက် ကျိန်ခြင်းခံရခြင်းအားဖြင့် ခရစ်တော်ဟ ငါလို့ဟို ပညတ်တရားရဲ့ ကျိန်ခြင်းမှ ရွေးနှုတ်အယ်။ အကျောန်းမှာ ကျမ်းစာပြောတာဟ “သစ်တိုင်ပေါ်မှာ ဆွဲခြင်းခံရသူတိုင်း ဘုရားသခင်ရဲ့ ကျိန်ခြင်းဟို ခံရအယ်။”
ငါလို့ဟ အပစ်အရာနှိုက် သေဆုံးယွေ့ ဖြောင့်မတ်ခြင်းအရာနှိုက် အသက်ဆှင်မဲ့အကျောန်း ကိုယ်တော်ဟ လက်ဝါးကပ်တိုင်ပေါ်တွင် ငါလို့ အပစ်များဟို မိမိရဲ့ ကိုယ်ခန္ဓာနှိုက် ကိုယ်တော်တိုင် ယူဆောင်အယ်။ နင်လို့ဟ ကိုယ်တော်ရဲ့ ဒဏ်ချက်တော်အားဖြင့် အနာရောဂါ ပျောက်ကင်းခြင်း အခွင့်ဟို ရဆိကြအယ်။