70 ပေတရုဟလည်း မဟုတ်ကျောန်း ငြင်းဆိုပြန်အယ်။ ခဏအကြာတွင်၊ အနီးနှိုက် ရပ်နေသောသူလို့ဟ “နင်ဟ ဂါလိလဲလူဖြစ်သောကျောန့် အမန်ပင် အေးသူလို့ထဲဟ တယောက်ဖြစ်အယ်” ဟု ပေတရုအား ပြောကြအယ်။
အဲလိုလဲ ပေတရုဟ ငြင်းဆိုခဲ့အယ်။ “နင်ပြောနေတာဟို ငါမသိဝူး အဲဟာမဟုတ်ရင် နားမလည်ဝူး” ဟုဆိုကာ ဝင်ပေါက်ဟို ထွက်သွားအယ်။ အဲအချိန်နှိုက် ကြက်တွန်လာအယ်။
အစေခံ မိနီငယ်ဟ ပေတရုဟို တခါမျော်သောအခါ၊ အနားတွင် ရပ်နေသူလို့ဟို ထပ်ပြောပြန်အယ်၊ “ဟေသူဟာ သူလို့ထဲဟ တယောက်ဖြစ်အယ်” ဟု ဆိုအယ်။
အဲပင်းရင် ပေတရုဟ “ငါဟတော့ အမန်တိုင်း ကျိန်ဆိုယွေ့ ပြောအယ်။ ငါဟ မမန်ဝူးဆိုရင် ဘုရားသခင်ဟ ငါ့ဟို အပစ်ပေးမန့်စေ၊ နင်လို့ပြောသော သူရဲ့အကျောန်းဟို ငါမသိ” ဟု ပြောအယ်။
သူလို့ဟ ရမ်းဆာ့ အံ့ဩပင်း တွေဝေကာ “ဟေလို့ ဟောပြောနေကြသော လူလို့ဟ ဂါလိလဲပြေသားများ မဟုတ်လော။