68 အဲလိုလဲ ပေတရုဟ ငြင်းဆိုခဲ့အယ်။ “နင်ပြောနေတာဟို ငါမသိဝူး အဲဟာမဟုတ်ရင် နားမလည်ဝူး” ဟုဆိုကာ ဝင်ပေါက်ဟို ထွက်သွားအယ်။ အဲအချိန်နှိုက် ကြက်တွန်လာအယ်။
ပေတရုဟ ခပ်လှမ်းလှမ်းကနေယွေ့ ယဇ်ပုရောဟိတ်မင်းရဲ့ အိုင်တော်ဝင်းထဲအထိ ကိုယ်တော်ရဲ့နောက်ဟ လိုက်လာခဲ့အယ်။ သူဟ အစောင့်တွေနဲ့ ထိန်ပင်း မီးလှုံလျက်နေအယ်။
အစေခံ မိနီငယ်ဟ ပေတရုဟို တခါမျော်သောအခါ၊ အနားတွင် ရပ်နေသူလို့ဟို ထပ်ပြောပြန်အယ်၊ “ဟေသူဟာ သူလို့ထဲဟ တယောက်ဖြစ်အယ်” ဟု ဆိုအယ်။
ပေတရုဟလည်း မဟုတ်ကျောန်း ငြင်းဆိုပြန်အယ်။ ခဏအကြာတွင်၊ အနီးနှိုက် ရပ်နေသောသူလို့ဟ “နင်ဟ ဂါလိလဲလူဖြစ်သောကျောန့် အမန်ပင် အေးသူလို့ထဲဟ တယောက်ဖြစ်အယ်” ဟု ပေတရုအား ပြောကြအယ်။
အေးခဏတွင် ဒုတိယအကြိမ် ကြက်တွန်လေအယ်၊ အဲအခါ ပေတရုဟ “ကြက် နေကြိမ်မတွန်ခင် နင်ဟ ငါ့ဟို မသိဟူယွေ့ သုံးကြိမ်မြောက်အောန် ငြင်းဆိုလိမ့်မယ်” ဟု ယေရှု ပြောခဲ့လဲ့စကားဟို ပြန်လည်သတိရသဖြင့် ချုံးပွဲချယွေ့ ငိုကြွေးလေအယ်။