39 ကိုယ်တော်ဟ နောက်တကြိမ် ထွက်သွားယွေ့ တူညီသောစကားများဟို ပြောကာ ဆုတောင်းခဲ့အယ်။
“နင်လို့ဟ ဆုတောင်းသောအခါ၊ ဘုရားသခင်ဟို မသိသောသူလိုမျိုး အလကားကားစကားဖြင့် ခုတင်ခု မမြွတ်ကြနဲ့။ အဲသူလို့ဟ ရမ်းဆာ့စကားများဟို ရွတ်ဆိုသောကျောန့် သူလို့ဟို နားထောင်ပေးလိမ့်မယ်ဟု ထင်မှတ်ကြအယ်။
အဲပင်းရင် ကိုယ်တော်ဟ “နင်လို့ဟ စုံစမ်းနှောင့်ယှက်ခြင်းသို့ မကျရောက်စေရန် ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဆန္ဒဆိအယ်၊ အဲလိုလဲ ကိုယ်ခန္ဓာဟ အားနည်းအယ်” ဟု သူလို့အား ပြောလေအယ်။
အဲပင်းရင် ကိုယ်တော်ဟ တဘဲ့တော်လို့ထံသို့ ပြန်လာယွေ့ သူလို့ဟ မျက်စေ့လေးလံသဖြင့် တဖန် အိပ်မွေ့နေကြတာဟို မျော်လေအယ်။ သူလို့ဟ ကိုယ်တော်အား ပစာလို ပြောရမယ်ဟို မသိကြ။
အဲပင်းရင် ယေရှုဟ တဘဲ့တော်လို့ဟို အားမလျော့ဘဲ အစဉ် ဆုတောင်းရမဲ့အကျောန်းဟို ပုံဥပမာအားဖြင့် ပြောအယ်။
ဟေကိစ္စနဲ့ ပတ်သက်ယွေ့ ၎င်းဟို ငါ့ဆေမှ ဖယ်ဆှားပေးမဲ့အကျောန်း သခင်ဘုရားထံ သုံးကြိမ်တိုင်တိုင် ငါ တောင်းဆှောက်ခဲ့အယ်။
ခရစ်တော်ဟ လူ့ဇာတိအဖြစ်နှိုက် ဆိစဉ်ဟ မိမိအား သေခြင်းမှ ကယ်တင်နိန်သော ဘုရားသခင် ဆေဟို ကြွေးကြော်ကာ မျက်ရည်ကျလျက် ဆုတောင်းခဲ့အယ်။ ဘုရားသခင်ဟလည်း ကိုယ်တော်ရဲ့ ဆုတောင်းသံဟို နားညောင်းအယ်။ ကိုယ်တော်ဟ နှိမ့်ချသောစိတ် ဆိသောကျောန့် ဘုရားသခင်ဟ နားထောင်အယ်။