24 ယေရှုဟ “အေးဒါဟ အများအတွက်သွန်းသော ငါ့ရဲ့ အသွေး ဖြစ်အယ်၊ ဘုရားသခင်ရဲ့ ပဋိညာဉ်တော်ဟို တံဆိပ်ခတ်နှိပ်သော ငါရဲ့ အသွေး ဖြစ်အယ်။
အကျောန်းမှာ လူသားဟ စေစားဖို့ လာတာ မဟုတ်၊ သူတပါးအစေဟို ခံခြင်းငှာလည်းကောင်း၊ မိမိအသက်ဟို စွန့်ယွေ့ လူများဟို ရွေးနုတ်ရန် လည်ကောင်း၊ ကြွလာခြင်း ဖြစ်အယ်” ဟု မိန့်အယ်။
အေးနောက် ခွက်ဟို ယူယွေ့၊ ဘုရားသခင်ဟို ကျေးဇူးတင်ယွေ့၊ သူလို့ရဲ့ လက်ထဲသို့ အေးခွက်ဟို ပေးရင်၊ သူလို့အားလုံးဟ အေးခွက်ဟို သောက်ကြအယ်။
အမန်အကန် နင်ဟို ငါပြောတာဟ၊ ဘုရားသခင်ရဲ့ နိုင်ငံတော်နှိုက် အသစ်ပြန်သောက်မဲ့ နေ့မတိုင်ခင် ငါဟ ဟေစပျစ်မှဖြစ်သော အရည်ဟို နောက်တခါ မသောက်တော့ဝူး” ဟု မိန့်အယ်။
အေးနည်းတိုင်းတိုင်းပင် ညစာစားပီးမှ မုတ်ဟို သူလို့အား ပေးယွေ့၊ ပြောတာဟ “ဟေမုတ်မှာ နင်လို့ဖို့ သွန်းသော ငါရဲ့ အသွေးအားဖြင့် တည်သော ဘုရားသခင်ရဲ့ ပဋိညာဉ်တရားသစ် ဖြစ်အယ်။
ယေရှုဟ “နင်လို့အား ငါ အမန်ဆိုအယ်၊ လူသားရဲ့ အသားဟို မစား၊ သူရဲ့ အသွေးဟို မသောက်ရင် နင်လို့နှိုက် အသက်မဆိ။
ငါလို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းယွေ့ ပွဲတော် မုတ်မှ စပျစ်ယေဟို သောက်ကြသောအခါ ခရစ်တော်ရဲ့ အသွေးတော်ဟို ဆက်ဆံသုံးဆောင်ကြအယ် မဟုတ်လော။ မုန့်ဟို စားသောအခါ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟို ဆက်ဆံသုံးဆောင်ကြတာ မဟုတ်လော။
အဲတိုင်းတိုင်း ညစာစားပင်းနောက် စပျစ်ယေ မုတ်ဟို ယူယွေ့ “ဟေမုတ်ဟ ငါရဲ့ သွေးနဲ့ တံဆိပ်ခတ်သော ဘုရားသခင်ရဲ့ ပဋိညာဉ်သစ် ဖြစ်အယ်။ ဟေမုတ်မှ စပျစ်ယေဟို သောက်လဲ့အခါတိုင်း ငါ့ဟို သတိရခြင်းငှာ သောက်ကြလော့” ဟု မိန့်လေအယ်။