11 သူပြောတဲ့ စကားဟို ကြားရတော့ သူလို့ဟ ဝမ်းသာကြယွေ့၊ သူ့အား ငွေပေးမယ်လို့ ကတိပြုကြအယ်။ အေးလို့မို့ ယုဒဟ ယေရှုဟို သူ့လို့ လက်ထဲဟိုအပ်ရန် အခွင့်ကောင်းဟို စတင် ဆှာလျက်နေအယ်။
အေးနောက် တဆယ့်နေပါးထဲမှ တပါးဖြစ်သော ယုဒရှကာရုတ်ဟ ယဇ်ပုရောဟိတ်ကြီးများ ဆေဟို သွားပင်း
“ယေရှုဟို နင်လို့လက်ဟို ငါအပ်ရင် နင်လို့ဟ ငါ့အား ပစာပေးမလုန်း” ဟု မေးအယ်။ အေးသူလို့ဟလည်း သူ့အား ငွေဒင်္ဂါးသုံးဆယ် ပေးကြအယ်။
အေးနောက် တဆယ့်နေပါးသော တဘဲ့တော်လို့ထဲမှ တပါးဖြစ်သော ယုဒရှကာရုတ်ဟ၊ ယဇ်ပုရောဟိတ်ကြီးများ လက်သို့ ယေရှုဟို သစ္စာဖောက်ရန် သူလို့ဆေသို့သွားအယ်။
တဆေးမဲ့မုန့်ပွဲတော်ရဲ့ ပထမနေ့တည်းဟူသော၊ ပသခါပွဲတော်အတွက် သိုးသငယ်ဟို ယဇ်ပူဇော်ရသော ထုံးစံဆိအယ်၊ ယေရှုရဲ့ တဘဲ့တော်များဟ ကိုယ်တော်အား “ကိုယ်တော်အတွက် အကျွန်ုပ်လို့ဟ ပစာအရပ်နှိုက် သွားပင်း ပသခါပွဲအတွက် စားဖို့ရန် ပြင်ဆင်မှုတွေ လုပ်စေချင်လဲ” ဟု မေးကြအယ်။
အဲပင်းရင် စာတန်ဟ တဘဲ့တော် တဆယ့်နေယောက် အဝင်ဖြစ်သော ရှကာရုတ်ဟု ခေါ်သော ယုဒရဲ့ စိတ်နေလုံးထဲဟို ဝင်လေအယ်။
အကျောန်းမှာ ငွေဟို တပ်မက်ခြင်းဟ မကောင်းမှုအလုံးစုံလို့ရဲ့ အရင်းအမြစ် ဖြစ်အယ်။ လူအချို့လို့ဟ ငွေဟို ရမ်းဆာ့တပ်မက်သဖြင့် ယုံကြည်ခြင်းလမ်းမှ လွဲချော်သွားယွေ့ ရမ်းဆာ့သော ပူပန်ခြင်း ဝေဒနာဖြင့် မိမိတတ်တိုင်း ထိုးဖောက်နာကျင်စေကြပီ။
သူလို့ဟ အမင်္ဂလာဆိကြအယ်။ အကျောန်းမှာ သူလို့ဟ ကာဣနရဲ့ လမ်းစဉ်ဟို လိုက်ယွေ့ အခကြေးငွေအတွက် ဗာလမ်ရဲ့ မားယွင်းခြင်းထဲဟို ကျရောက်သွားကာ ကောရရဲ့ ဆန့်ကျင်မှုမျိုးနှိုက် ပျက်စီးဆုံးရှုံးကြအယ်။