37 သတိနဲ့ စောင့်နေကြလော့ဟု နင်လို့ဟို ငါဆိုလဲ့အတိုင်း လူခပ်သိမ်းလို့အား ငါဆိုအယ်” ဟု ပြောလေအယ်။
သို့ဖြစ်ယွေ့ သတိနဲ့စောင့်နေကြလော့၊ ပစာကို့ နင်လို့ရဲ့ အဆှင်ဟ ပစာအခါ ကြွလာမယ်ဟို နင်လို့ မသိကြ။
အဲနေ့ရက်ကာလဟ ပစာအခါကျရောက်မယ်ဟို နင်လို့ မသိကြသဖြင့် သတိနဲ့ စောင့်နေကြလော့။ နိုးနိုးကြားကြား ဆိကြလော့။
အဲကျောန့် အိုင်ဆှင်ဟ ညခင်းအချိန်နှိုက် ဖြစ်စေ၊ သန်းခေါင်အချိန် ဖြစ်စေ၊ ကြက်တွန်သောအခါ ဖြစ်စေ၊ မိုးသောက်ယံဖြစ်စေ အိုင်ဆှင်ဟ ပစာခါလဲ့ပြန်လာမယ်ဟို စသူမှ မသိသောကျောန့် သတိပြုကြလော့။
နင်လို့ အိပ်မွေရာမှ ထလာရန် အချိန်ကောင်းဟို နင်လို့ သိသောကျောန့် နင် ဟေအရာဟို လုပ်ရမယ်။ အကျောန်းမှာ ကယ်တင်ခြင်းဟို ရောက်သော အခုအချိန်ဟ ငါလို့ ယုံကြည်ခါစ အချိန်ထက် အခု ပိုပင်း နီးအယ်။