35 အဲကျောန့် အိုင်ဆှင်ဟ ညခင်းအချိန်နှိုက် ဖြစ်စေ၊ သန်းခေါင်အချိန် ဖြစ်စေ၊ ကြက်တွန်သောအခါ ဖြစ်စေ၊ မိုးသောက်ယံဖြစ်စေ အိုင်ဆှင်ဟ ပစာခါလဲ့ပြန်လာမယ်ဟို စသူမှ မသိသောကျောန့် သတိပြုကြလော့။
အရုဏ်ဦးအချိန်နှိုက် ယေရှုဟ ယေပေါ်မှာ စက်တော်ဖြန့်ယွေ့ တဘဲ့တော်လို့ ဆေဟို ကြွလာအယ်။
သို့ဖြစ်ယွေ့ သတိနဲ့စောင့်နေကြလော့၊ ပစာကို့ နင်လို့ရဲ့ အဆှင်ဟ ပစာအခါ ကြွလာမယ်ဟို နင်လို့ မသိကြ။
အိုင်ဆှင်ဟ သူခိုးလာမယ့် အချိန်ဟိုသာ သိရရင် သတိနဲ့နေလျက် မိမိနေအိုင်ဟို သူခိုးဖောက်ခွင့်ပြုမယ် မဟုတ်ကျောန်း နင်လို့ သိမှတ်ကြလော့။
အဲလိုမို့ လူသားဟ နင်လို့ မထင်မှတ်သော အချိန်နှိုက် ကြွလာမယ် ဖြစ်ယွေ့ နင်လို့ဟလည်း အဆင့်သင့်ဆိနေကြလော့။
အဲနေ့ရက်ကာလဟ ပစာအခါကျရောက်မယ်ဟို နင်လို့ မသိကြသဖြင့် သတိနဲ့ စောင့်နေကြလော့။ နိုးနိုးကြားကြား ဆိကြလော့။
သတိနဲ့ စောင့်နေကြလော့ဟု နင်လို့ဟို ငါဆိုလဲ့အတိုင်း လူခပ်သိမ်းလို့အား ငါဆိုအယ်” ဟု ပြောလေအယ်။
ယေရှုဟ ပေတရုအား “အမန်အကန် နင်ဟို ငါပြောတာဟ၊ ဟေနေ့ညတွင်ပင် ကြက် နေခါမတွန်ခင်၊ နင်ဟ သုံးကြိမ်တိတိ ငါ့ဟို မသိဟု ငြင်းဆိုလိမ့်မယ်” ဟု ပြောအယ်။
လေဆန်သောကျောန့် တဘဲ့တော်လို့ဟ တက်ခတ်ယွေ့ ပင်ပန်းကြတာဟို မျော်သောအခါ ကိုယ်တော်ဟ ယေပေါ်မှာ လမ်းဆှောက်ယွေ့ သူလို့ဆေဟို လာအယ်။ အချိန်ဟ မိုးမလင်းခင် ဖြစ်အယ်၊ ကိုယ်တော်ဟ သူလို့ အနီးမှ ဖြတ်ကျော်ယွေ့ သွားအယ်၊