33 အဲနေ့ရက်ကာလဟ ပစာအခါကျရောက်မယ်ဟို နင်လို့ မသိကြသဖြင့် သတိနဲ့ စောင့်နေကြလော့။ နိုးနိုးကြားကြား ဆိကြလော့။
“သို့ဖြစ်ယွေ့ နင်လို့ဟလည်း အေးနေ့အေးအချိန်ဟို မသိကြသဖြင့် သတိနဲ့စောင့်နေကြလော့” ဟု ယေရှုဟ အဆုံးသတ် ပြောဆိုအယ်။
နင်လို့ဟ သတိပြုကြလော့။ ဟေအမှုအရာအလုံးစုံလို့ မဖြစ်ပေါ်ခင် နင်လို့အား ငါကြိုတင် ပြောပီးပီ။
အဲကျောန့် နင်လို့ဟ အေးတိုင်းတိုင်း အဆင်သင့် ဖြစ်နေရမယ်၊ ပစာကို့ နင်လို့ မထင်မှတ်ထားလဲ့ အချိန်နှိုက် လူသားဟ ကြွလာလိမ့်မယ်” ဟု မိန့်အယ်။
အဆှင် ယေရှု ခရစ်ဟို လက်နက်လိုမျိုး ဝတ်ဆင်ကြလော့။ ကိုယ်ကာယရဲ့ တပ်မက်ခြင်းဟို ဖြည့်ဆည်းဖို့ရန် မကြံစည်ကြနဲ့။
နင်လို့ဟ သတိနဲ့ စောင့်နေကြလော့။ ယုံကြည်ခြင်းနှိုက် တည်ကြလော့။ အစွမ်းသတ္တိနဲ့တကွ ခွန်အားစုံလင်လျက် နေကြလော့။
ဟေအရာအားလုံးကို ဆုတောင်းခြင်းဖြင့် ဘုရားရဲ့ အကူအညီဟို တောင်းကြလော့။ ဝိညာဉ်တော် လမ်းပြလဲ့အတိုင်း ဆုတောင်းကြလော့။ အေးအကျောန်းကျောန့် နိုးနိုးကြားကြားဆိလျက် အရှုံးမပေးပဲ ဘုရားသခင်ရဲ့ လူများအတွက် အမြဲ ဆုတောင်းကြလော့။
ဆုတောင်းခြင်းအမှုဟို အစဉ်အမြဲ ပြုကြလော့၊ အဲသို့ပြုရာတွင် ကျေးဇူးတော် ချီးမွန်းခြင်းအားဖြင့် သတိဆိကြလော့။
ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို စသူမျှ မငြင်းပယ်စေနဲ့၊ မြစ်ခါးပင်ဟ မိမိရဲ့ အဆိပ်ဖြင့် လူအများအား ဒုက္ခပေးတတ်အယ်၊ စသူမျှ အဲအပင်လို မဖြစ်စေနဲ့။
ခပ်သိမ်းသောအရာလို့ဟ နောက်ဆုံးချိန် နီးကပ်လာပီ။ အေးလိုမို့ ဆုတောင်းခြင်းအမှုဟို လုပ်နိန်ရန် တည်ငြိမ် မန်ကန်သော စိတ်နဲ့ သမ္မာသတိ ဆိကြလော့။
သမ္မာသတိဆိလျက် နိုးကြားစွာ စောင့်နေကြလော့။ နင်လို့ရဲ့ ရန်သူတည်းဟူသော မာရ်နတ်ဟ ဟောက်သော ခြင်္သေ့လိုမျိုး ဝါးမျိုရမယ့်သူဟို လှည့်လည်ဆှာဖွေလျက် ဆိအယ်။
“ကျေ့လော့၊ ငါဟ သူခိုးလို လာမယ်။ အဝတ်အချည်းစဲဖြင့် သွားလာယွေ့ မိမိအဆှက်ဟို လူလို့ မျော်ရလဲ့အဖြစ်မျိုး မဆိစေရန် မိမိအဝတ်များဟို ထိန်းသိမ်းလျက် သတိနဲ့ စောင့်နေသောသူဟ မင်္ဂလာဆိအယ်” ဟု ဆိုအယ်။
သတိနဲ့ စောင့်နေလော့။ သေလုနီးပါးဖြစ်နေလဲ့ ကျန်ဆိသောသူလို့ဟို ခိုင်ခံ့မြဲမြံစေလော့။ အကျောန်းမှာ နင်ရဲ့ လုပ်ဆောင်မှုများဟ ငါရဲ့ ဘုရားသခင် ဆေ့နှိုက် ပြေ့စုံတာဟူယွေ့ ငါ မတွေ့ရပေ။