23 နင်လို့ဟ သတိပြုကြလော့။ ဟေအမှုအရာအလုံးစုံလို့ မဖြစ်ပေါ်ခင် နင်လို့အား ငါကြိုတင် ပြောပီးပီ။
နားထောင်ကြလော့၊ ဟေအရာများ နင်လို့အား ကြိုတင်ယွေ့ ငါဖော်ပြပီ။
“မားသောပရောဖက်လို့ဟို သတိထားကြလော့။ သူလို့ဟ သိုးရေခြုံလျက် နင်လို့ဆေဟို လာပေမဲ့လည်း အတွင်းစိတ်ဟ ရက်စက်သော ဝံပုလွေလိုမျိုး ဖြစ်ကြအယ်။
အကျောန်းမှာ မေဆှိယ အတုအယောင်များနဲ့ ပရောဖက် အတုအယောင်များ ပေါ်လာလိမ့်မယ်။ သူလို့ဟ ဖြစ်နိန်ပါက ဘုရားသခင် ရွေးချယ်ထားသူများဟိုပင် လှည့်ဖြားနိန်ရန် အံ့ဩဖွယ်အမှုများနဲ့ နိမိတ်လက္ခဏာများဟို ပြကြလိမ့်မယ်။
“ဆင်းရဲဒုက္ခများကျရောက်သော နေ့ရက်များတွင် နေဟာ မိုက်လာလိမ့်မယ်၊ လဟ မတောက်ပတော့ပါ၊
အဲနေ့ရက်ကာလဟ ပစာအခါကျရောက်မယ်ဟို နင်လို့ မသိကြသဖြင့် သတိနဲ့ စောင့်နေကြလော့။ နိုးနိုးကြားကြား ဆိကြလော့။
ယေရှုဟ သူလို့အား “သတိထားပါ၊ စသူမှ နင်လို့ဟို မလှည့်စားပါစေနဲ့။
“နင်လို့တတ်တိုင်းဟလည်း သတိထားရမယ်။ နင့်ဟို ဖမ်းပင်း တရားရုံးသို့ ခေါ်သွားကြလိမ့်မယ်။ တရားဇရပ်များနှိုက် နင်အရိုက်ခံရလိမ့်မယ်၊ နင်လို့ဟာ ငါ့အတွက်ကျောန့် အာဏာပိုင်များနဲ့ ဆှင်ဘုရင်များရဲ့ ဆေ့နှိုက်ရပ်ယွေ့ သတင်းကောင်းဟို ပြောရကြလိမ့်မယ်။
“နင်လို့ဟ ကိုယ်ကိုကိုယ် သတိပြုကြလော့။ အေးလို့မဟုတ် အစားသောက်လွန်ကျူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နေလုံး ပင်ပန်းလျက်နေစဉ် အဲနေ့ရက်ဟ အမှတ်တမဲ့ နင်လို့ဆေ ရောက်လာလိမ့်မယ်။
ယေရှုဟ “နင်လို့ဟ လှည့်စားခြင်း မခံရကြစေရန် သတိပြုကြလော့။ အကျောန်းမှာ ငါ့နာမဟို အမှီပြုယွေ့ ‘ငါဟ အဲသူဖြစ်အယ်၊ အချိန်နီးကပ်လာပီ’ ဟု ဆိုလျက် လာကြလိမ့်မယ်။ အေးသူလို့ရဲ့ နောက်ဟို မလိုက်ကြနဲ့။
အဲအမှုအရာ ဖြစ်ပျက်လာသောအခါ နင်လို့ ယုံကြည်စေရန် မဖြစ်ပျက်ခင်ဟပင် နင်လို့ဟို အခု ငါပြောနှင့်ပီ။
အေးလိုမို့ ချစ်သောသူလို့၊ ဟေအရာလို့ဟို နင်လို့သိထားခဲ့ပီဖြစ်ယွေ့ စောင့်စည်းမှု မဆိသော သူလို့ရဲ့ မားယွင်းခြင်းသို့ လိုက်ပါသွားလျက် မိမိလို့ရဲ့ တည်ကြည်မှုဟို မဆုံးရှုံးစေရန် မိမိကိုယ်ဟို စောင့်ထိန်းကြလော့။