27 သူလို့ဟ ယေရုရှလင်မြို့ဟို တခါရောက်ဆိလာကြပင်း၊ ယေရှုဟ ဗိမာန်တော်တွင် လမ်းဆှောက်နေစဉ်၊ ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများနဲ့ အသက်ကြီးသူများဟ ကိုယ်တော်ဆေဟို လာကြအယ်။
သူလို့ဟ “ဟေအရာလို့ဟို နင် ပစာအခွင့်နဲ့ လုပ်ဆောင်နေလုန်း၊ ဟေလိုလုပ်ဖို့ စသူဟ နင့်ဟို အခွင့်အာဏာဟို ပေးထားလုန်း” ဟု မေးလေအယ်။
ပသခါပွဲနဲ့ တဆေးမဲ့မုန့်ပွဲတော် ကျရောက်ရန် နေရက်လောက် လိုတော့အယ်။ ယဇ်ပုရောဟိတ်မင်းများနဲ့ ကျမ်းတတ်ဆရာများဟ ယေရှုဟို တိတ်တဆိတ် ဖမ်းဆီးယွေ့ သတ်ရန် နည်းလမ်းများဟို ဆှာဖွေလျက်နေကြအယ်။
ယေရှုဟ ဗိမာန်တော်နှိုက်ဆိသော ရှောလမုန် မုခ်တွင် လမ်းဆှောက်လျက် နေအယ်။
ယေရှုဟ “ငါသည် လူအပေါင်းလို့ ဆေ့တွင် အစဉ်ပွင့်လင်းစွာ ဟောပြောခဲ့အယ်၊ ယုဒအမျိုးသားအပေါင်းလို့ စုဝေးရာဖြစ်သော တရားဇရပ်များနဲ့ ဗိမာန်တော်တွင် ငါ သွန်သင်ခဲ့အယ်၊ ပစာခါမျှ လျှို့ဝှက်စွာ မပြောပီ။