45 အကျောန်းမှာ လူသားဟ စေစားဖို့ လာတာ မဟုတ်၊ သူတပါးအစေဟို ခံခြင်းငှာလည်းကောင်း၊ မိမိအသက်ဟို စွန့်ယွေ့ လူများဟို ရွေးနုတ်ရန် လည်ကောင်း၊ ကြွလာခြင်း ဖြစ်အယ်” ဟု မိန့်အယ်။
လူသားပင်လျှင် သူတပါးအား အစေခံရန် ကြွလာတာ မဟုတ်။ အဲလိုလဲ သူတပါးရဲ့ အစေဟိုခံရန်နဲ့ မိမိအသက်ဟို စွန့်ယွေ့ လူများအား ရွေးနုတ်ရန် ကြွလာသတည်း” ဟု မိန့်အယ်။
ပထမ အလိုဆိသောသူဟ လူခပ်သိမ်းလို့ရဲ့ ကျွန်ဖြစ်ရမယ်။
ငါဟ နင်လို့ရဲ့ သခင်ဘုရား၊ ဆရာဖြစ်လျက်နဲ့ နင်လို့ရဲ့ခြေဟို ဆေးပေးခဲ့အယ်။ အဲကျောန့် နင်လို့ဟလည်း အချင်းချင်းလို့ရဲ့ ခြေဟို ဆေးကြော ပေးသင့်အယ်။
ဘုရားသခင်ဟ အပစ်နဲ့ ကင်းစင်သောသူဟို ငါလို့အတွက်ကျောန့် အပစ်ဆိသောသူ ဖြစ်စေအယ်၊ ဟေဟာဟ ငါလို့သည် အဲသူအားဖြင့် ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း ဖြစ်လာမဲ့အကျောန်း ဖြစ်အယ်။
အကျောန်းမှာ နင်လို့ဟ ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်ဟို သိကြအယ်၊ ကိုယ်တော်ဟ ကြွယ်ဝသော်လည်း သူရဲ့ ဆင်းရဲခြင်းအားဖြင့် နင်လို့ ကြွယ်ဝကြမဲ့အကျောန်း နင်လို့အတွက် ဆင်းရဲခြင်းဟို ခံလေအယ်။
အဲလိုလဲ ငါလို့အတွက် ကျိန်ခြင်းခံရခြင်းအားဖြင့် ခရစ်တော်ဟ ငါလို့ဟို ပညတ်တရားရဲ့ ကျိန်ခြင်းမှ ရွေးနှုတ်အယ်။ အကျောန်းမှာ ကျမ်းစာပြောတာဟ “သစ်တိုင်ပေါ်မှာ ဆွဲခြင်းခံရသူတိုင်း ဘုရားသခင်ရဲ့ ကျိန်ခြင်းဟို ခံရအယ်။”
ခရစ်တော်ဟ ငါလို့ဟို ခပ်သိမ်းသော တရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နဲ့ ကောင်းသောအမှုနှိုက် စိတ်အားထက်သန်လဲ့ မိမိပိုင်သော လူမျိုးဟို မိမိအတွက် သန့်ဆှင်းစေရန် ငါလို့အတွက် မိမိကိုယ်ကို စွန့်အယ်။
ကိုယ်တော်ဟ ဘုရားသခင်ရဲ့ သားတော်ဖြစ်သော်လည်း ဆင်းရဲဒုက္ခများဟို ခံခြင်းအားဖြင့် နာခံတတ်ရန် သင်ယူအယ်။
အစွန်းအထင်း ကင်းလျက် အပစ်အနာအဆာ မဆိလဲ့ သိုးသငယ်လိုမျိုး ခရစ်တော်ရဲ့ အဖိုးတန်သော သွေးတော်အားဖြင့် ဖြစ်ကျောန်း နင်လို့ သိကြအယ်။