24 တဘဲ့တော်လို့ဟ ကိုယ်တော်ရဲ့စကားဟို ကြားပင်း အံ့ဩကြအယ်၊ အဲလိုလဲ ယေရှုဟ ဆက်ပြောအယ် “ငါ့လူပဲ့သငယ်လို့၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို ဝင်ရောက်ရန် စလောက် ခက်ခဲမလော၊
တဘဲ့တော်လို့ဟ အဲစကားဟို ကြားသောအခါ ရမ်းဆာ့ အံ့ဩကြသဖြင့် “အဲလိုမို့ စသူဟ ကယ်တင်ခြင်းဟို ရနိန်လုန်း” ဟု မေးဆှောက်ကြအယ်။
လူအပေါင်းလို့ဟ ရမ်းဆာ့အံ့ဩကြလျက် “ဟေဟာရာ့ ပစာရီးနှင်း။ အေးဟာဟ အသစ်သင်ကြားခြင်းရဲ့ တချို့လော။ သူဟာ ညစ်ညူးသော နတ်များဟို အာဏာနဲ့ အမိန့်ပေးယွေ့ သူလို့ဟ နာခံကြအယ်” ဟု သူလို့ အချင်းချင်း စတင်ပင်း ပြောဆိုကြအယ်။
ယေရှုဟ တဘဲ့တော်လို့ဟို ပတ်ပတ်လည် ကျေ့ယွေ့ သူလို့အား “ချမ်းသာသော သူများဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် စလောက် ခက်ခဲလှအယ်” ဟု ပြောအယ်။
ပိတ်ဆန်ဟို တပ်မက်သော ဖာရိရှဲလို့ဟ အေးစကားများဟို ကြားသောအခါ ကိုယ်တော်ဟို ကဲ့ရဲ့လှောင်ပြောင်ကြအယ်။
ငါချစ်လဲ့ လူပဲ့သငယ်လို့၊ ငါဟ နင်လို့နဲ့အတူ ခဏသာ နေရလိမ့်မယ်။ နင်လို့ဟ ငါ့ဟို ဆှာကြလိမ့်မယ်၊ အဲလိုလဲ ‘ငါသွားရာအရပ်ဟို နင်လို့ မလာနိန်ကြ’ ဟု ယုဒအာဏာပိုင်လို့အား ပြောခဲ့လဲ့အတိုင်း အခု နင်လို့အား ငါပြောအယ်။
အဲအခါ ယေရှုဟ သူလို့အား “လူပဲ့လို့၊ နင်လို့ ငါးမိကြသလော” ဟု မေးအယ်။ သူလို့ဟ “မမိပါ” ဟု ပြန်ဖြေအယ်။
သူ့ရဲ့ တဘဲ့တော်များဟ အဲစကားဟို ကြားယွေ့ သူလို့ဟ “ဟေသွန်သင်ချက်လို့ဟ ရမ်းဆာ့ခက်ခဲအယ်။ စသူ နားထောင်နိန်မှာတုန်း” ဟု ဆိုကြအယ်။
ငါ့ချစ်လှစွာသော လူပဲ့သငယ်များ၊ နောက်တခါ အောင်ငဲမွေးသော အမေ့လိုမျိုးပင်၊ ခရစ်တော်ရဲ့ အသွင်သဏ္ဌာန်ဟ နင့်အထဲနှိုက် ဖြစ်ပေါ်လာလဲ့ တိုင်အောန် နင့်အတွက် အဲတိုင်းတိုင်း နာကျင်မှုမျိုးကို ခံစားလျက်နေရအယ်။
ဟေလောကနှိုက် ချမ်းသာသောသူလို့ဟ မာန်မာနကြီးခြင်း၊ မမြဲသော စည်းစိမ်များအပေါ်နှိုက် မျော်လင့်အားထားခြင်း မဆိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံလို့ဟို ငါလို့အား ပေးသော ဘုရားသခင်အပေါ်နှိုက် မျော်လင့်အားထားကြရမယ်။
ငါ ချစ်သော လူပဲ့သငယ်လို့၊ နင်လို့ဟ အပစ်မပြုကြစေရန် ဟေအရာများဟို နင်လို့ဆေ ငါ ရေးလိုက်အယ်။ အားပေမဲ့ တစုံတယောက်ဟ အပစ်ပြုမိခဲ့ရင် ခမည်းတော်ဆေနှိုက် ကူညီဖြေဆှင်းပေးသူ တည်းဟူသော ဖြောင့်မတ်လဲ့သူ ယေရှု ခရစ်တော်ဟ ငါလို့အတွက် ဆိအယ်။
လူပဲ့သငယ်လို့၊ နင်လို့ဟ ဘုရားသခင်နဲ့ စပ်ဆိုင်သူများ ဖြစ်ကြယွေ့ မိစ္ဆာပရောဖက်လို့ဟို အောန်နိန်ကြပီ၊ ပစာကို့ နင်လို့ဘက်နှိုက် ဆိသောသူဟ လောကဘက်နှိုက် ဆိသောသူထက် ကြီးမြတ်အယ်။
လူပဲ့သငယ်လို့၊ နင်လို့တတ်တိုင်း ရုပ်တုဆင်းထုဟို ကြဉ်ဆှောင်ကြလော့။
နင်ဟ ‘ငါသည် ချမ်းသာယွေ့ ကြွယ်ဝသောကျောန့် စလိုအပ်ချက်မျှ မဆိ’ ဟု ဆိုနေအယ်။ အဲလိုလဲ နင်ဟ ရမ်းဆာ့ စိတ်ပျက်ဖွယ်ကောင်းသောသူ၊ သနားစရာကောင်းသောသူ၊ ဆင်းရဲသောသူ၊ မျက်စေ့မျော်သောသူနဲ့ အဝတ်မပါ အချည်းစဲ ဖြစ်သောသူဖြစ်ကျောန်းဟို နင် မသိ။