38 အဲကျောန့် လုပ်ဆောင်သောသူလို့ဟို စပါးရိတ်စေဖို့ စေလွှတ်မဲ့အကျောန်း၊ စပါးဆှင်ဟို ဆုတောင်းကြလော့” ဟု သူ့ရဲ့တဘဲ့တော်လို့အား မိန့်အယ်။
အဲအခါ ကိုယ်တော်ဟ “ရိတ်သိမ်းရန် စပါးများသော်လည်း ရိတ်သိမ်းသောသူလို့ဟ ရမ်းဆာ့နည်းလအယ်။
တဖန် ယေရှုဟ “နင်လို့နှိုက် ငြိမ်သက်ခြင်း ဆိစေမန့်။ ခမည်းတော်ဟ ငါ့ဟို စေလွှတ်လဲ့အတိုင်း၊ နင်လို့ဟို ငါ စေလွှတ်မယ်” ဟု မိန့်အယ်။
နင်လို့ဟ ‘နောက်လေးလမျှကြာရင် ကောက်ရိတ်ချိန် ရောက်လိမ့်မယ်’ ဟု ဆိုတတ်ကြအယ် မဟုတ်လော။ အဲလိုလဲ နင်လို့အား ငါဆိုတာဟ လယ်ပြင်လို့ဟို မျော်ကျေ့လော့၊ သီးနှံလို့ဟ မှည့်ဝင်းနေပင်း ရိတ်သိမ်းရန် အသင့်ဖြစ်နေပီ။
အဲသူလို့ဟ သခင်ဘုရားရဲ့ အမှုတော်ဟို ဆောင်ရွက်ယွေ့ အစာဆှောင်လျက် နေကြစဉ် သန့်ဆှင်းသော ဝိညာဉ်တော်ဟ သူလို့အား “ရှောလုနဲ့ ဗာနဗလို့ဟို သူလို့အတွက် သတ်မှတ်ထားသော အမှုတော်ဆောင်ရန် ငါ့အတွက် သီးသန့် ရွေးချယ်ကြလော့” ဟု မိန့်အယ်။
ကျဲပြေးသွားလဲ့ ယုံကြည်သူလို့ဟ အရပ်ရပ်ဟို သွားယွေ့ သတင်းကောင်းဟို ဟောပြောကြအယ်။
ဘုရားသခင်ဟ အသင်းတော်တွင် ပထမအရာနှိုက် တမန်တော်များ၊ ဒုတိယအရာနှိုက် ပရောဖက်များ၊ တတိယအရာနှိုက် ဆရာများ၊ အဲပင်းရင် တန်ခိုးပြသောသူများ၊ အဲပင်းရင် အနာရောဂါ ငြိမ်းစေနိန်သော ဆုကျေးဇူးဆိသူများ၊ ကူညီမစသူများနဲ့ အခြားသော ဘာသာစကားအမျိုးမျိုး ပြောဆိုသောသူလို့ဟို ခန့်ထားအယ်။
အေးကျောန့် ခရစ်တော်တတ်တိုင်းဟ တမန်တော်များ၊ ပရောဖက်များ၊ သာသနာပြုဆရာများ၊ သင်းအုပ်ဆရာများနဲ့ ဆရာအရာနှိုက် ခန့်ထားခဲ့အယ်။
နောက်ဆုံးမှာ ငါ့ညီအကိုလို့၊ သခင်ဘုရားရဲ့ သတင်းစကားဟ နင်လို့နှိုက် ဆိသလိုမျိုး လျင်မြန်စွာ ပြန့်ပွားပင်း ဂုဏ်အသရေ ဆိစေခြင်းငှာ ငါလို့အတွက် ဆုတောင်းပေးပါ။