17 အေးဟာဟ “သူ့တတ်တိုင်း ငါလို့ရဲ့ အနာရောဂါများနဲ့ ဝေဒနာများဟို ဆောင်ယူသွားအယ်” ဟူယွေ့ ပရောဖက် ဟေရှာယ ဟောခဲ့လဲ့ စကားအတိုင်း ဖြစ်ပျက်ယွေ့ လာခဲ့အယ်။
အဲအကျောန်းအရာဟ ပရောဖက်အားဖြင့် ဘုရားသခင်ဟောခဲ့လဲ့ အတိုင်း အမန်တကယ် ဖြစ်ပျက်လာခြင်း ဖြစ်အယ်။
သူဟ ဟေရုဒ်မင်းကြီး အနိစ္စရောက်လဲ့တိုင်အောန် အေးပြေမှာ နေလေအယ်။ အဲစာဟ “ငါ့သားဟို အဲဂုတ္တုပြေမှ ငါခေါ်ခဲ့ပီ” ဟု ထာဝရဘုရားဟ ပရောဖက်အားဖြင့် ထားသော ဗျာဒိတ်တော် ပြေ့စုံမယ့်အကျောန်း ဖြစ်အယ်။
နာဇရက် နာမယ်တွင်သော မြို့တွင် နေထိန်လေအယ်။ “ကိုယ်တော်ဟို နာဇရက်မြို့သား ဟု ခေါ်ဝေါ်ကြရ လိမ့်မယ်” ဟူသော ပရောဖက်များရဲ့ ဟောပြောချက် အမန် ဖြစ်လာအယ်။
နေဝင်ယွေ့ ညခင်းအချိန် ရောက်လာပင်းနောက် လူများဟ ရောဂါသည်များနဲ့ နတ်မိစ္ဆာပူးသူများ အားလုံးဟို ယေရှု ဆေဟို ခေါ်ခဲ့ကြအယ်။
ညခင်းချိန်နှိုက် အမျိုးမျိုး အနာရောဂါစွဲသော သူလို့ရဲ့ မိတ်ဆွေများဟ အေးလူနာလို့ကို ယေရှု ဆေဟို ခေါ်ခဲ့ကြအယ်၊ ကိုယ်တော်ဟ လူနာအသီးသီးလို့ အပေါ်မှာ သူ့လက်ဟို တင်ယွေ့ သူလို့ရဲ့ ရောဂါများဟို ပျောက်ကင်းစေအယ်။
အဲလိုမို့ ခရစ်တော်ကျောန့် ငါခံရသော အားနည်းခြင်း၊ စော်ကားခြင်း၊ ဆင်းရဲခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းနဲ့ အနှောင့်အယှက်လို့ဟို ငါ နှစ်သက်အယ်။ အကျောန်းမှာ ငါဟ အားနည်းသောအခါ တန်ခိုးနဲ့ ပြေ့စုံလျက် ဆိအယ်။
ငါလို့ဟ အပစ်အရာနှိုက် သေဆုံးယွေ့ ဖြောင့်မတ်ခြင်းအရာနှိုက် အသက်ဆှင်မဲ့အကျောန်း ကိုယ်တော်ဟ လက်ဝါးကပ်တိုင်ပေါ်တွင် ငါလို့ အပစ်များဟို မိမိရဲ့ ကိုယ်ခန္ဓာနှိုက် ကိုယ်တော်တိုင် ယူဆောင်အယ်။ နင်လို့ဟ ကိုယ်တော်ရဲ့ ဒဏ်ချက်တော်အားဖြင့် အနာရောဂါ ပျောက်ကင်းခြင်း အခွင့်ဟို ရဆိကြအယ်။