23 အဲအခါ ‘နင်လို့ဟို ဖယ်ခါမျှ ငါမသိ။ ဆိုးသွမ်းသူလို့ ငါ့ဆေမှ ထွက်သွားကြလော’ ဟု အဲသူလို့အား ငါပြောမယ်။
အဲလိုလဲ မင်္ဂလာဆောင်သတို့သားဟ ‘နင်လို့အား ငါ အမန်အကန် ပြောတာဟ နင်လို့ဟို ငါမသိ’ ဟု ပြန်ပြောအယ်။”
“အေးနောက် ဘုရင်ဟ လက်ဝဲဘက်နှိုက်ဆိသော သူလို့အား ‘ကျိန်ဆဲခြင်း ခံရသောသူလို့ ငါ့ဆေမှ ထွက်သွားကြလော့၊ မာရ်နတ်နဲ့ သူ့ခေါန်းခင်တမန်များအတွက် ပြင်ဆင်ထားလဲ့ ထာဝရမီးထဲဟို ဆင်းသက်ကြလော့။
အိုင်ဆှင်ဟ ထင်ခါးပေါက်ဟို ထပိတ်လိုက်ယွေ့ နင်လို့ဟ နေအိုင်ပြင်မှာ ရပ်ပင်း ထင်ခါး ခေါက်နေရလဲ့ အဖြစ်နဲ့ ကြုံရပုံမျိုး ဖြစ်ယွေ့၊ ဆရာ ထင်ခါးပေါက် ဖွင့်ပေးအုံးလို့ ပြောပေမယ့် အိုင်ဆှင်ဟ ‘နင်လို့ ပစာနားဟ လာအယ် ငါလဲ မသိ’ ဟု ပြောလိမ့်မယ်။
အဲလိုလဲ အိုင်ဆှင်ဟ ‘နင်လို့ ပစာနားဟ လာအယ်ဟို ငါ မသိ။ ဆိုးညစ်တဲ့လူတွေ အဝေးဟို ထွက်သွားကြ’ ဆိုပင်း ပြန်ပြောလိမ့်မယ်။
ငါဟ ကောင်းသော သိုးထိန်း ဖြစ်အယ်။ ခမည်းတော်ဟ ငါ့ဟို သိပင်း ငါဟလည်း ခမည်းတော်ဟို သိသလို ငါ့သိုးလို့ဟိုလည်း ငါသိယွေ့ ငါ့သိုးလို့ဟလည်း ငါဟိုသိကြအယ်။ ငါဟ သိုးလို့အဖို့ အသေခံရန် ဆန္ဒဆိအယ်။
အားပေမဲ့ ဘုရားသခင် ချထားလဲ့ အုတ်မြစ်ဟ ခိုင်ခံ့လျက်ဆိပင်း အဲအုတ်မြစ်ပေါ်တွင် “ထာဝရဘုရားဟ မိမိရဲ့ လူစုတော်အား သိအယ်” ဟူယွေ့ လည်းကောင်း၊ “သခင်ဘုရားရဲ့ နာမဟို ခံရသူအပေါင်းလို့ဟ မကောင်းသောအမှုဟို ဆှောင်ကြဉ်ရကြမယ်” ဟူယွေ့ လည်းကောင်း တံဆိပ်ခတ်နှိပ်ထားအယ်။
အပြင်နှိုက် ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသော မေထုန်နှိုက် မှီဝဲသောသူ၊ လူအသက်ဟို သတ်သောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ ဝါပြောခြင်းဟို နှစ်သက်ယွေ့ ပြုသောသူအပေါင်းလို့ဟ ဆိကြအယ်။