16 အဲသူလို့ရဲ့ အသီးများအားဖြင့် သူလို့ဟို နင်လို့ သိကြလိမ့်မယ်။ လူများဟ ဆူးပင်မှ စပျစ်သီးဟို ခူးတတ်သလော အဲဟာမဟုတ်ရင် ဆူးပင်မှ သင်္ဘောသဖန်းသီးဟို ခူးတတ်သလော။
“အသီးကောင်းဟို ရလိုလျှင် အပင်ကောင်းဟို စိုက်ရမယ်။ အပင်ညံ့ဟ အသီးညံ့ဟို သီးလိမ့်မယ်။ အသီးဟိုထောက်ပင်း အပင်အကျောန်းဟို သိရအယ်။
အဲလိုမို့ သူလို့ရဲ့ အသီးအားဖြင့် သူလို့ဟို နင်လို့ သိကြလိမ့်မယ်။
အဲလိုလဲ ဝိညာဉ်တော်ရဲ့ အသီးအပွင့်ဟ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ဆှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာဆိခြင်း၊
အားပေမဲ့ “နင်နှိုက် ယုံကြည်ခြင်း ဆိယွေ့ ငါနှိုက် လုပ်ဆောင်မှု ဆိအယ်” ဟု အချို့သောသူဟ ပြောဆိုလိမ့်မယ်။ အဲလိုမို့ အကျင့်ကင်းသော နင်ရဲ့ ယုံကြည်ခြင်းဟို ငါ့အား ပြလော့။ ငါဟလည်း ငါရဲ့ အကျင့်အားဖြင့် ငါရဲ့ ယုံကြည်ခြင်းဟို နင့်အား ပြမယ်။
ညီအကို မောင်နှမလို့၊ သင်္ဘောသဖန်းပင်ဟ သံလွင်သီးများဟို သီးနိန်သလော။ စပျစ်ပင်ဟ သဖန်းသီးများဟို သီးနိန်သလော။ အဲတိုင်းတိုင်း ငန်သောယေဟလည်း ချိုသောယေဟို မဖြစ်စေနိန်။