14 အဲလိုလဲ အသက်ဆှင်ခြင်းဟို ရောက်သော ထင်ခါးဟ ကျဉ်းမြောင်းယွေ့ လမ်းဟ ကြမ်းပင်း အဲလမ်းဟို တွေ့ဆိသူလို့ဟ နည်းကြအယ်။
အားပင်း ယေရှုဟ “အဲနည်းတူ နောက်ကျသော သူလို့ဟ အရင်ကျကြလိမ့်မယ်။ အရင်ကျသော သူလို့ဟ နောက်ကျကြလိမ့်မယ်” ဟု မိန့်အယ်။
အေးနောက် ယေရှုဟ “ဖိတ်ကြားခြင်းခံရသူလို့မှာ များသော်လည်း ရွေးချယ်ထားသူလို့ဟ နည်းအယ်” ဟု မိန့်အယ်။
“ကျဉ်းမြောင်းသော ထင်ခါးဟို ဝင်ကြလော့။ အကျောန်းမှာ ပျက်စီးခြင်းဟို ရောက်သော ထင်ခါးဟ ကျယ်ဝန်းယွေ့ လမ်းဟ ပြန့်ပြူးပင်း၊ အဲလမ်းဟို ဝင်သောသူလို့လည်း များကြအယ်။
“မားသောပရောဖက်လို့ဟို သတိထားကြလော့။ သူလို့ဟ သိုးရေခြုံလျက် နင်လို့ဆေဟို လာပေမဲ့လည်း အတွင်းစိတ်ဟ ရက်စက်သော ဝံပုလွေလိုမျိုး ဖြစ်ကြအယ်။
အဲပင်းရင် ယေရှုဟ သူရဲ့ တဘဲ့တော်လို့နဲ့တကွ လူအုပ်ဟို ခေါ်ပင်း ပြောတာဟ၊ “ငါ့တဘဲ့ဖြစ်လို သူတိုင်းဟ ကိုယ့်ကိုယ်ဟို ငြင်းပယ်ပင်း သူလို့ရဲ့ လက်ဝါးကပ်တိုင်ဟို ထမ်းယွေ့ ငါ့နောက်ဟို လိုက်ရမယ်။
“သိုးစုသငယ်၊ မကြောက်ကြနဲ့၊ နင်လို့ရဲ့ အဖဟ နင်လို့အား နိုင်ငံတော်ဟို ပေးရန် အလိုတော်ဆိအယ်။
နင်လို့ဟ တရားဇရပ်များမှ မောင်းထုတ်ခံရလိမ့်မယ်၊ ဟေလောက်မက နင်လို့ဟို သတ်သောသူတိုင်းဟ မိမိလို့ဟ ဘုရားဝတ်ဟို ပြုနေတာဟု ထင်မှတ်သောအချိန်ကာလ ရောက်လာလိမ့်မယ်။
နင်လို့ဟ ငါ့ဟို အမှီပြုယွေ့ ငြိမ်သက်ခြင်း ဆိစေကြရန် ဟေစကားဟို ငါပြောပီ။ နင်လို့ဟ လောကနှိုက် ဆင်းရဲဒုက္ခဟို ခံရကြလိမ့်မယ်။ အဲလိုလဲ မစိုးရိမ်ကြနဲ့၊ ငါဟ လောကဟို အောန်ပီ” ဟု မိန့်အယ်။
တဘဲ့တော်လို့ရဲ့ စိတ်နေလုံးဟို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်းနှိုက် ဆက်ယွေ့ တည်နေကြရန် ခွန်အားပေးကြအယ်။ သူလို့ဟ “ငါလို့သည် ဘုရားသခင်ရဲ့ နိုင်ငံတော်သို့ ဝင်ရန် ရမ်းဆာ့ ဆင်းရဲဒုက္ခများ ဖြတ်သန်းရမယ်” ဟု ဆိုအယ်။
နင်လို့ဟ လောကရဲ့ ပုံသဏ္ဌာန်အတိုင်း လိုက်ပင်း မကျင့်ကြနဲ့။ ကောင်းသောအရာ၊ ဘုရားသခင် နှစ်သက်ဖွယ်သောအရာ၊ အပစ်ဆိုဖွယ် မဆိသောအရာ တည်းဟူသော ဘုရားသခင် အလိုဆိသောအရာဟို စလိုအရာဖြစ်တာဟို သိဆိနိန်ရန် စိတ်နေလုံးဟို အသစ်ပြုပြင်ခြင်းဖြင့် ပုံသဏ္ဌာန် ပြောင်းလဲခြင်း ဆိကြလော့။
ပစာကျောန့်လဲ။ အကျောန်းမှာ သူလို့ဟ ယုံကြည်ခြင်းအားဖြင့် မဟုတ်ဘဲ အကျင့်အားဖြင့် လိုက်လျောက်သောကျောန့် ဖြစ်အယ်။ သူလို့ဟ “ထိမိယွေ့ လဲစရာကျောက်” ဟို ထိမိယွေ့ လဲကျအယ်။