1 “သူတပါးဟို မစီရင်ကြနဲ့၊ အေးမှသာ ဘုရားသခင်ဟ နင်လို့ဟို စီရင်လိမ့်မယ် မဟုတ်၊
အကျောန်းမှာ သူတပါးဟို နင်လို့ စီရင်လဲ့နည်းအတိုင်း ဘုရားသခင်ဟ နင်လို့ဟို စီရင်လိမ့်မယ်၊ အားပင်း သူတပါးလို့ဟို စီရင်ရာတွင် နင်လို့ အသုံးပြုလဲ့နည်းအတိုင်း နင်လို့ဟို စီရင်လိမ့်မယ်။
ဟန်ဆောင်တတ်သောသူ၊ ကိုယ်မျက်စေ့နှိုက်ဆိသော သစ်တုံးဟို ဦးရင် ဖယ်ပစ်လော့၊ နောက်မှ ညီအကို မျက်စေ့နှိုက်ဆိသော ငြောင့်သငယ်ဟို ထုတ်ပစ်ခြင်းငှာ နင်ဟ ဆှင်းလင်းစွာ မျော်လိမ့်မယ်။
“သူတပါးဟို တရား မစီရင်နဲ့၊ ဘုရားသခင်ဟ နင်လို့ဟို တရားစီရင် လိမ့်မယ် မဟုတ်၊ သူတပါးဟို အပစ်တင် မရှုတ်ချနဲ့၊ ဘုရားသခင်ဟ နင်လို့ဟို အပစ်တင် ရှုတ်ချတော်မမူ၊ သူတပါးဟို ခွင့်လွှတ်ကြလော့၊ ဘုရားသခင်ဟ နင်လို့ဟို ခွင့်လွှတ်လိမ့်မယ်။
“နင်လို့ဟ ပစာကျောန့် ကိုယ့်မျက်စေ့နှိုက် သစ်တုံးဟို ဂရုမစိုက်ဘဲ ညီအကိုရဲ့ မျက်စေ့မှာ ဆိလဲ့ ငြောင့်သငယ်ဟို မျော်လုန်း။
အဲသူလို့ဟ ထပ်တလဲလဲ မေးခွန်းထုတ်ကြသောအခါ ကိုယ်တော်ဟ မော့ကျေ့ယွေ့ “နင်လို့ထဲနှိုက် အပစ်ကင်းသူတယောက်ဟ ဦးရင် သူ့ဟို ကျောက်ခဲနဲ့ ပေါက်စေ” ဟု မိန့်အယ်။
ငါ့ ညီအကို မောင်နှမလို့၊ ဆရာဖြစ်သော ငါလို့ဟ အခြားသူများထက် ပိုယွေ့ ကျပ်တည်းသော တရားစီရင်ခြင်းဟို ခံရမယ်ဖြစ်ကျောန်း သိမှတ်လျက် ဆရာဖြစ်သူ မများစေကြနဲ့။