4 အဲလိုမို့ နင်လို့ ပေးကမ်းတာဟို လျှို့ဝှက်ထားနိန်အယ်။ အေးနောက် မထင်မဆှားသောအရာဟို မျော်သော နင်ရဲ့အဖဟ နင့်ဟို ဆုလာဘ်ပေး လိမ့်မယ်။
အမန်အကန် နင်လို့အား ငါပြောတာဟ၊ ငါရဲ့ တဘဲ့များအနက် အသိမ်ငယ်ဆုံးသူ တစုံတယောက်အား ငါရဲ့ မျက်နှာဟို ထောက်ယွေ့ သောက်ယေတမုတ်ဟို ပေးသောသူဟ အကျိုးဟို မခံစားဘဲ မနေရ” ဟု မိန့်အယ်။
အေးကျောန့် နင်ဟ အစာဆှောင်သောအခါ အစာဆှောင်တာဟို လူများလို့ ဆေ့မှာ မပေါ်လွင်စေဘဲ၊ မပေါ်လွင်သော အရပ်နှိုက် ဆိသော နင်လို့အဖ ဆေ့တော်နှိုက်သာ ပေါ်လွင်စေကြလော့။ မပေါ်လွင်သောအရာဟို မျော်သော နင်လို့အဖဟ နင့်လို့အား ဆုလာဘ်ဟို ပေးလိမ့်မယ်။
အဲလိုလဲ နင်လို့ဟ လိုအပ်နေသော သူတယောက်ဟို ပေးသောအခါ၊ နင်လို့ရဲ့ လက်ယာလက် ပြုလုပ်လဲ့အရာဟို နင်လို့ရဲ့ လက်ဝဲလက်အား မသိစေနဲ့။
အဲလိုလဲ နင်လို့ဟ ဆုတောင်းသောအခါ၊ နေအိုင်အတွင်းခန်းဟို ဝင်ယွေ့ ထင်ခါးဟို ပိတ်ပင်းရင် မျက်စေ့နဲ့ မမျော်နိန်သော နင်လို့ရဲ့ အဖဆေဟို ဆုတောင်းကြလော့။ အားပင်း မထင်မဆှားပြုသောအမှုဟို မျော်သော နင်လို့ရဲ့အဖဟ နင်လို့ဟို ဆုလာဘ်ပေးလိမ့်မယ်။
အေးလို့လုပ်ရင် နင့်ဖို့ မင်္ဂလာဆိလိမ့်မယ်၊ ပစာကို့ သူလို့အနေနဲ့ နင့်အား ပစာမှ ပြန်မပေးဆပ်နိန်သောကျောန့် ဖြစ်အယ်။ သူတော်ကောင်းလို့ သေခြင်းမှ ထမြောက်သောနေ့နှိုက် ဘုရားသခင်ဟ နင့်အား ကျေးဇူးဆပ်ပေးလိမ့်မယ်” ဟု ပြောအယ်။
“ပုန်းထားသောအရာ ဆိသမျှလို့ဟ ပေါ်လာလိမ့်မယ်၊ ဖုံးထားသောအရာ ဆိသမျှဟ အလင်းဟို ယူခြင်းဖြင့် တွေ့လိမ့်မယ်။
အဲလိုမို့ သခင်ဘုရား ကြွလာမမူမီ စလိုအရာဟိုမျှ အချိန်မတန်ဘဲ မစီရင်ကြနဲ့။ အဲသခင်ဟ မိုက်ထဲနှိုက် အောန်းထားသောအရာလို့ဟို အလင်းဟို ယူဆောင်လာပင်း စိတ်နေလုံး အကြံစည်လို့ဟို ထင်ဆှားစေလိမ့်မယ်။ အဲအခါ လူအသီးသီးလို့ဟ ဘုရားသခင်ဆေမှ ချီးမွန်းခြင်းဟို ခံရကြလိမ့်မယ်။
ဘုရားသခင်ရဲ့ မျက်မှောက်နှိုက် မထင်ဆှားသောအရာ တစုံတခုမျှ မဆိ။ ဖန်ဆင်းထားသော အရာခပ်သိမ်းလို့ဟ မျက်မှောက်နှိုက် ထင်ဆှားလျက် ဆိပင်း ငါလို့ဟ မိမိလို့ ပြုသမျှအတွက် ကိုယ်တော်ရဲ့ စစ်ကြောစီရင်ခြင်းဟို ခံကြရလိမ့်မယ်။
နင်လို့အား မားယွင်းခြင်းနဲ့ ကင်းစေရန် စောင့်ဆှောက်နိန်စွမ်းဆိယွေ့ နင်လို့ဟို အပစ်ကင်းစင်လျက် ရွင်မြူးသောစိတ်ဖြင့် ဘုန်းအသရေတော် ဆေ့နှိုက် ရပ်နိန်သော —
သူရဲ့ လူပဲ့သငယ်လို့ဟိုလည်း သေဘေးဖြင့် ငါ အဆုံးစီရင်မယ်။ အဲအခါ ငါဟ စိတ်နေလုံးနဲ့ အတွင်းသဘောဟို စစ်ဆေးသောသူဖြစ်ကျောန်း အသင်းတော်အားလုံး သိရကြလိမ့်မယ်။ နင်လို့အသီးသီးဟိုလည်း မိမိလို့ ပြုသောအမှုများနဲ့အညီ အကျိုးအပစ်ဟို ငါ ပေးမယ်။