3 အဲလိုလဲ နင်လို့ဟ လိုအပ်နေသော သူတယောက်ဟို ပေးသောအခါ၊ နင်လို့ရဲ့ လက်ယာလက် ပြုလုပ်လဲ့အရာဟို နင်လို့ရဲ့ လက်ဝဲလက်အား မသိစေနဲ့။
သူဟ ငြင်းခုံခြင်း၊ အဲဟာမဟုတ်ရင် ဟစ်အော်ခြင်းဟို ပြုလိမ့်မယ်မဟုတ်၊ လမ်းတွင် သူရဲ့ အသံဟို စသူမျှကြားရလိမ့်မယ် မဟုတ်။
“အဲလိုမို့ နင်ဟ လိုအပ်နေတဲ့သူဟို ပေးသောအခါ သူတော်ကောင်းဟန်ဆောင်သူလို့ လိုမျိုး လူများရဲ့ ချီးမွန်းဟို ခံလိုယွေ့ တရားဇရပ်များနဲ့ လမ်းဆုံလမ်းခွများတွင် မိမိလို့ဆေ့မှာ တံပိုးခရာ မှုတ်စေလဲ့နည်းတူ မပြုကြနဲ့။ ငါ နင့်ဟို အမန်ဆိုတာဟ၊ အဲသူလို့ဟ မိမိလို့အကျိုးဟို ရကြပီ။
အဲလိုမို့ နင်လို့ ပေးကမ်းတာဟို လျှို့ဝှက်ထားနိန်အယ်။ အေးနောက် မထင်မဆှားသောအရာဟို မျော်သော နင်ရဲ့အဖဟ နင့်ဟို ဆုလာဘ်ပေး လိမ့်မယ်။
အဲအခါ ယေရှုဟ “နားထောင်လော့၊ စသူ့ဟိုမှ မပြောနဲ့။ အဲလိုလဲ ယဇ်ပုရောဟိတ် ဆေဟို သွားယွေ့ နင့်ရဲ့ ကိုယ်ဟို ပြပင်း လူလို့ဆေ့နှိုက် သက်သေဖြစ်စေဖို့ မောရှေ စီရင်မှာထားသော ပူဇော်သကာဟို ဆက်လော့” ဟု မိန့်အယ်။
သူလို့ဟ မျက်စေ့ မျော်လာအယ်။ ယေရှုဟလည်း “အဲအမှုဟို စသူဟိုမျှ မသိစေနဲ့” ဟု ကြပ်တည်းစွာ သတိပေးအယ်။
သူ့ဟို ပြောပင်းနောက်၊ “နားထောင်ပါ၊ အဲအကျောန်းဟို စသူ့ဟိုမှ မပြောနဲ့။ အဲလိုလဲ ယဇ်ပုရောဟိတ်ဆေသို့ တန်းသွားပင်း ကိုယ်ဟို ပြပင်း နင်လို့ဟ သန့်ဆှင်းကျောန်း လူတိုင်းဟို သက်သေပြရန် မောရှေ မိန့်မှာလဲ့အတိုင်း ပူဇော်သကာဟို ဆက်သပါ” ဟု တင်းတင်းကြပ်ကြပ် သတိပေးအယ်။
စသူမဆို ထင်ပေါ်ကျော်ကြားလိုရင် ပစာအမှုဟိုမျှ လျှို့ဝှက်စွာ မပြုတတ်။ နင်ဟ ဟေအမှုအရာများဟို ပြုမယ်ဆိုပါဟ နင်ရဲ့အကျောန်းဟို ကမ္ဘာတခုလုံး သိအောန်ပြုမန့်” ဟု ဆိုကြအယ်။