27 နင်လို့တွင် စသူဟ စိုးရိမ်ခြင်းအားဖြင့် မိမိရဲ့အသက်ဟို နှစ်ကတီလောက် ပိုပင်း ရှည်စေနိန်သလော။
အားပင်း မိမိရဲ့ဦးခေါင်းဟို တိုင်တည်ပင်း မကျိန်ဆိုကြနဲ့၊ အကျောန်းမှာ နင်လို့ဟ ဆံပင်တပင်ဟိုပင် ဖြူအောန် အဲဟာမဟုတ်ရင် မဲအောန် မတတ်နိန်။
“အဲကျောန့် ငါ နင်လို့ဟို ပြောတာဟ၊ နင်လို့ ဖဝါ့အတွက် ပစာစားရမယ် အဲဟာမဟုတ်ရင် သောက်ရမယ်အကျောန်းဟို မစိုးရိမ်ကြနဲ့။ ဖယ်လိုဝတ်ရမယ်ဟို ခန္ဓာကိုယ်အတွက် မစိုးရိမ်ကြနဲ့။ အသက်ဟ အစားအသောက်ထက် လည်းကောင်း၊ ခန္ဓာကိုယ်ဟ အဝတ်ထက် လည်းကောင်း ပိုယွေ့ အရေးကြီးတာ မဟုတ်လော။
“နင်လို့ဟ ပစာကျောန့် အဝတ်အတွက် စိုးရိမ်ကြလုန်း။ တောနှင်းပန်းများ စလိုဆှင်သန်လာတာဟို ကျေ့ရှုဆင်ခြင်ကြလော့။ အဲပန်းပင်လို့ဟ အလုပ်လည်း မလုပ် အဲဟာမဟုတ်ရင် ချေဖြစ်စေဖို့ မငင်မဝင့်။
“အဲလိုမို့ ‘ငါလို့ ပစာလိုမျိုး စားရမယ် အဲဟာမဟုတ်ရင် သောက်ရမယ် အဲဟာမဟုတ်ရင် ပစာလိုမျိုး ဝတ်ရမယ်’ ဟု မစိုးရိမ်ကြနဲ့။
အဲလိုမို့ မနက်ခါအဖို့ မစိုးရိမ်ကြနဲ့၊ မနက်ခါနေ့ဟ မိမိအဖို့ စိုးရိမ်လိမ့်မယ်။ ခုနေ့နှိုက်ဆိသော မကောင်းမသင့်သောအရာဟ အခုနေ့ဖို့ လောက်ပေအယ်။”
သခင်ဟ သူမဟို “မာသ၊ မာသ နင်ဟ ရမ်းဆာ့သောအရာများတွက် စိုးရိမ်ပင်း ဒုက္ခခံလျက် နေအယ်။
“သူလို့ဟ နင်လို့ဟို တရားဇရပ်များ၊ အုပ်ချုပ်သူများနဲ့ အာဏာပိုင်များဆေ့ဟို ခေါ်ဆောင်သွားကြသောအခါ ကိုယ့်တတ်တိုင်းဟို စလို ချေပပြောရမယ်ဆိုတာဟို မစိုးရိမ်ကြနဲ့။
အေးနောက် ယေရှုဟ တဘဲ့တော်လို့ဟို “အေးကျောန့် အသက်ဆှင် နေထိန်ဖို့ လိုအပ်လဲ့ အစားအစာအတွက် စိတ်မပူကြနဲ့၊ နင်လို့ ခန္ဓာကိုယ်မှာ လိုအပ်လဲ့ အဝတ်အစားအတွက် စိတ်မပူကြနဲ့။
အားပေမဲ့ ဘုရားသခင်ဟ အလိုတော်ဆိလဲ့အတိုင်း ကိုယ်ခန္ဓာတွင် အင်္ဂါအစိတ်အပိုင်း အသီးသီးလို့ သူလို့နေရာနဲ့ သူဆိစေအယ်။
ပစာအမှုဟိုမျှ မစိုးရိမ်ဘဲ ခပ်သိမ်းသောအမှုလို့တွင် ကျေးဇူးတော်ဟို ချီးမွန်းယွေ့ ဆုတောင်းလျက် နင်လို့ လိုသောအရာများဟို ဘုရားသခင်အား ကြားဆှောက်ကြလော့။
ကိုယ်တော်ဟ နင်လို့ဟို ဂရုစိုက်တာ ဖြစ်သောကျောန့် နင်လို့ရဲ့ စိုးရိမ်ပူပန်ခြင်း ဆိသမျှလို့ဟို အထံတော်နှိုက် အပ်နှံကြလော့။