22 “မျက်စေ့ဟ ခန္ဓာကိုယ်ရဲ့ ဆီမီးလိုမျိုး ဖြစ်အယ်။ မျက်စေ့ကြည်လင်ရင် နင်လို့ရဲ့ ခန္ဓာကိုယ်တခုလုံး လင်းလိမ့်မယ်။
ဆီမီးဟို ထွန်းယွေ့ တောင်းနဲ့အုပ်ပင်း မထားတတ်ကြ။ အဲအစား အိုင်သူအိုင်သားအပေါင်းလို့ အလင်းရောင်ရစေရန် ဆီမီးခုံပေါ်မှာသာ တင်ထားတတ်ကြအယ်။
သူလို့ဟ နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် အတူတကွ ဆက်လက်ယွေ့ တွေ့ဆုံကြအယ်။ သူလို့ဟ မိမိလို့ နေအိုင်များတွင် နှိမ့်ချသောစိတ်ဖြင့် ဝမ်းမြောက်စွာ အတူတကွ အစာအာဟာရဟို သုံးဆောင်ကြအယ်။
အားပေမဲ့ မြွေဟ မိမိရဲ့ ပရိယာယ်အားဖြင့် ဧဝဟို လှည့်ဖြားသလို အကျောန်းတစုံတခုကျောန့် နင်လို့ရဲ့ စိတ်နေလုံးဟ ခရစ်တော်အပေါ်နှိုက် ထားဆိလဲ့ ရိုးသားဖြူစင်ခြင်းမှ သွေဖယ်သွားမယ်ဟို ငါ စိုးရိမ်အယ်။
ကျွန်ဖြစ်သူလို့၊ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် နင့်ရဲ့ လောကီသခင်ကို နာခံလော့၊ အားပင်း ခရစ်တော်ရဲ့ အမှုတော်ကို ဆောင်ရွက်သလိုမျိုး၊ စိတ်ရင်းမန်ဖြင့် ပြုကြလော့။
ကျွန်ဖြစ်သူလို့၊ နင်လို့ဟို ပိုင်သော သခင်များရဲ့ စကားဟို အရာရာနှိုက် နားထောင်ကြလော့၊ နင်လို့ဟ မျက်နှာရရန် ဆေ့နှိုက်သာ သူလို့ရဲ့ စကားဟို နားထောင်တာ မဟုတ်၊ သခင်ဘုရားဟို ကြောက်ရွံ့သောအားဖြင့် သူလို့ရဲ့ စကားဟို ရိုးသားသော စိတ်နဲ့ နားထောင်ကြလော့။