14 “နင်လို့ဟ သူတပါးလို့ အမားဟို ခွင့်လွှတ်ရင်၊ ခေါန်းခင်ဘုံနှိုက်ဆိသော နင်လို့အဖဟ နင်လို့ရဲ့ အပစ်များဟို ဖြေလွှတ်မယ်။
သနားကြင်နာသောသူလို့ဟ မင်္ဂလာဆိ ကြအယ်၊ အကျောန်းမှာ ဘုရားသခင်ဟ အဲသူလို့အား သနားကြင်နာ လိမ့်မယ်။
သူတပါးဟ ငါလို့ဟို ပစ်မားလဲ့ အပစ်များဟို ငါလို့ဟ လွှတ်သလိုမျိုး ငါလို့ရဲ့ အပစ်များဟို လွှတ်မန့်။
အကျောန်းမှာ သူတပါးဟို နင်လို့ စီရင်လဲ့နည်းအတိုင်း ဘုရားသခင်ဟ နင်လို့ဟို စီရင်လိမ့်မယ်၊ အားပင်း သူတပါးလို့ဟို စီရင်ရာတွင် နင်လို့ အသုံးပြုလဲ့နည်းအတိုင်း နင်လို့ဟို စီရင်လိမ့်မယ်။
နင်လို့ဟ ရပ်လျက် ဆုတောင်းသောအခါ၊ တစုံတယောက်အပေါ် အပစ်တင်စရာ ဆိရင်၊ သူလို့ဟို ခွင့်လွှတ်မန့်၊ အေးလို့မှသာ ခေါန်းခင်ဘုံနှိုက် ဆိသော နင်လို့ အဖဟ နင်လို့ရဲ့ အပစ်များဟို ဖြေလွှတ်ပေးလိမ့်မယ်။”
“သူတပါးဟို တရား မစီရင်နဲ့၊ ဘုရားသခင်ဟ နင်လို့ဟို တရားစီရင် လိမ့်မယ် မဟုတ်၊ သူတပါးဟို အပစ်တင် မရှုတ်ချနဲ့၊ ဘုရားသခင်ဟ နင်လို့ဟို အပစ်တင် ရှုတ်ချတော်မမူ၊ သူတပါးဟို ခွင့်လွှတ်ကြလော့၊ ဘုရားသခင်ဟ နင်လို့ဟို ခွင့်လွှတ်လိမ့်မယ်။
တယောက်နဲ့တယောက် သနားစုံမက်ကြကာ ဘုရားသခင်ဟ ခရစ်တော်နှိုက် နင်လို့ဟို ခွင့်လွတ်သလိုမျိုး တယောက်နဲ့တယောက် ခွင့်လွတ်ခြင်း ဆိကြလော့။
တယောက်နှိုက်တယောက် အပစ်တင်စရာ အခွင့်ဆိရင် အချင်းချင်း သည်းခံယွေ့ အပစ်ဟို ခွင့်လွှတ်ကြလော့။ သခင်ဘုရားဟ နင်လို့ရဲ့ အပစ်ဟို လွှတ်သလို အဲတိုင်းတိုင်း ပြုကြလော့။
ပစာကို့ သနားကရုဏာ မဆိသူသောသူဟ ကရုဏာကင်းသော တရားစီရင်ခြင်းဟို ခံရလိမ့်မယ်။ အားပေမဲ့ သနားကရုဏာဟ တရားစီရင်ခြင်းအပေါ် အောန်မြင်တတ်အယ်။
ဟေနည်းအားဖြင့် ဘုရားသခင်ရဲ့ လူပဲ့သငယ်များနဲ့ မာရ်နတ်ရဲ့ လူပဲ့သငယ် ကွာခြားပုံဟို သိရအယ်။ အမန်တရားဟို မကျင့်သုံးသူ၊ ညီအကိုဟို မချစ်သောသူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ မဟုတ်။