7 သနားကြင်နာသောသူလို့ဟ မင်္ဂလာဆိ ကြအယ်၊ အကျောန်းမှာ ဘုရားသခင်ဟ အဲသူလို့အား သနားကြင်နာ လိမ့်မယ်။
နင်လို့ဟ ရပ်လျက် ဆုတောင်းသောအခါ၊ တစုံတယောက်အပေါ် အပစ်တင်စရာ ဆိရင်၊ သူလို့ဟို ခွင့်လွှတ်မန့်၊ အေးလို့မှသာ ခေါန်းခင်ဘုံနှိုက် ဆိသော နင်လို့ အဖဟ နင်လို့ရဲ့ အပစ်များဟို ဖြေလွှတ်ပေးလိမ့်မယ်။”
အဲလိုလဲ နင်လို့ ရန်သူဟို ချစ်ကြလော့၊ ကောင်းတာဟို လုပ်ပေးကြလော့၊ ပစာဟိုမှ ပြန်ရဖို့ မမျော်လင့်ဘဲ ငမ်းကြလော့။ အေးလို့လုပ်ရင် နင်လို့ဟ ရဆိမဲ့ ဆုလာဘ်ဟ ကြီးမားပင်း နင်လို့ဟ အမြင့်မြတ်ဆုံးသော ဘုရားရဲ့ လူပဲ့သငယ်လို့ ဖြစ်ကြလိမ့်မယ်၊ ပစာကို့ သူဟ ကျေးဇူးမသိသောသူနဲ့ ဆိုးသောသူအားလည်း ကျေးဇူးပြုအယ်။
နင်လို့ဟ အရင် ဘုရားသခင်ရဲ့ စကားဟို နားမထောင်သော လူမျိုးခြားလိုမျိုး ဖြစ်ပေမဲ့ အခုအခါ ဘုရားသခင်ရဲ့ ကရုဏာဟို လက်ခံရဆိခြင်းမှာ ယုဒအမျိုးသားလို့ဟ ကိုယ်တော်ရဲ့ စကားဟို နားမထောင်ခဲ့ကြသောကျောန့် ဖြစ်အယ်။
နင်လို့ စာရေး မေးမြန်းလဲ့ အိုင်ထောင်မပြုသူများနဲ့ ပတ်သက်ယွေ့ ငါပြောမဲ့စကားဟ ငါ့အား သခင်ဘုရား မိန့်ချက်အရ ပြောသောစကား မဟုတ်၊ အားပေမဲ့ သခင်ဘုရားရဲ့ သနားခြင်းကျောန့် သစ္စာဆိသူ တယောက်အနေဖြင့် ငါရဲ့ ထင်မြင်ချက်ဟို ဖော်ပြလိုက်အယ်။
အဲကျောန့် ဘုရားသခင်ဟ ကရုဏာတော်ဖြင့် ငါလို့အား ဟေအမှုတော်လုပ်ငန်းဟို လုပ်ဆောင်ရန် ပေးအပ်သောကျောန့် ငါလို့တွင် စိတ်ပျက်အားလျော့ခြင်း မဆိ။
တယောက်နဲ့တယောက် သနားစုံမက်ကြကာ ဘုရားသခင်ဟ ခရစ်တော်နှိုက် နင်လို့ဟို ခွင့်လွတ်သလိုမျိုး တယောက်နဲ့တယောက် ခွင့်လွတ်ခြင်း ဆိကြလော့။
အဲကျောန့် နင်လို့ဟ ဘုရားသခင် ရွေးချယ်ထားသောသူ၊ သန့်ဆှင်းသောသူ၊ ချစ်ခင်သောသူလို၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ ကြင်နာခြင်း၊ စိတ်ဆှည်ခြင်းလို့ဟို ယူတင်ဝတ်ဆောင်ကြလော့။
ငါဟ မခင် ပစ်မားပြောဆိုသောသူ၊ ညှဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူ ဖြစ်ခဲ့သော်လည်း ယုံကြည်သူ မဟုတ်သဖြင့် မသိနားမလည်ဘဲ ဟေသို့ပြုခဲ့တာ ဖြစ်ယွေ့ ကရုဏာတော်ဟို ခံစားရအယ်။
အားပေမဲ့ ငါဟ ကရုဏာတော်ဟို ခံစားရလဲ့အကျောန်းမှာ ခရစ်တော် ယေရှုဟ အဆိုးဆုံးဖြစ်သော ငါနှိုက် ခပ်သိမ်းသော စိတ်ဆှည်သည်းခံခြင်းဟို ပြသခြင်းအားဖြင့် ကိုယ်တော်ဟို ယုံကြည်ယွေ့ ထာဝရ အသက်ရဆိမဲ့သူများအတွက် ငါ့ဟို စံနမူဖြစ်စေရန် ဖြစ်အယ်။
အဲကျောန့် ငါလို့ဟ ကရုဏာတော်နဲ့ ကျေးဇူးတော်လို့ဟို သင့်လျော်သောအချိန်နှိုက် ကူညီမစမှုဟို ရဆိမဲ့အကျောန်း ယုံကြည်စိတ်ချစွာဖြင့် ကျေးဇူးတော် ပလ္လင်ဟို တိုးဝင်ချဉ်းကပ်ကြစို့။
အကျောန်းမှာ ဘုရားသခင်ဟ နင်လို့ရဲ့ လုပ်ဆောင်မှုဟို လည်းကောင်း၊ သန့်ဆှင်းသူလို့ဟို မခင်ဟ နင်လို့ လုပ်ကျွေးပြုစုသလို အခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်ရဲ့ နာမတော်ဟို ထောက်ယွေ့ နင်လို့ပြသော ချစ်ခြင်းမေတ္တာလို့ဟို လည်းကောင်း၊ မေ့လျော့လဲ့တိုင်အောန် တရားမျှတမှု ကင်းမဲ့တာ မဟုတ်။
ပစာကို့ သနားကရုဏာ မဆိသူသောသူဟ ကရုဏာကင်းသော တရားစီရင်ခြင်းဟို ခံရလိမ့်မယ်။ အားပေမဲ့ သနားကရုဏာဟ တရားစီရင်ခြင်းအပေါ် အောန်မြင်တတ်အယ်။
အားပေမဲ့ အထက်အရပ်မှ လာလဲ့ ပညာဟ ပထမနေဖြင့် သန့်ဆှင်းစင်ကြယ်အယ်။ အဲပင်းရင် ငြိမ်းချမ်းသော သဘော၊ နူးညံ့သိမ်မွေ့မှု၊ ခင်မင်မှုလို့ဟို ပြုစုတတ်အယ်။ ၎င်းဟ ကရုဏာနဲ့ ပြေ့စုံကြွယ်ဝယွေ့ ကောင်းမြတ်လဲ့ အကျင့်များတည်းဟူသော အသီးအပွင့်လို့ဟို ဖြစ်ပွားစေတတ်အယ်။ အဲပြင် မျက်နှာမလိုက်တတ်၊ ဟန်ဆောင်မှုနဲ့ ကင်းအယ်။
နင်လို့သည် မခင်ခါဟ ဘုရားသခင်ရဲ့ လူများ မဟုတ်ခဲ့ပေမဲ့လည်း အခုအခါ သူ့ရဲ့ လူများ ဖြစ်ကြပီ။ မခင်ဟ ကရုဏာဟို မခံစားခဲ့ရပေမဲ့လည်း အခုခါ ကရုဏာဟို ခံစားကြရပီ။