42 တောင်းသောသူအား ပေးကမ်းလော့၊ နင့်ဆေမှ ငမ်းလိုသော သူအားလည်း မငြင်းပယ်နဲ့။
နင့်အား တစုံတယောက်ဟ အနိန်အထက်ပြုယွေ့ ခရီးတမိုင် သွားစေရင်၊ သူနဲ့အတူ ခရီးနေမိုင် သွားလော့။
အဲလိုလဲ နင်လို့ရဲ့ ပန်းကန်၊ ခွက်ယောက်များတွင် ဆိလဲ့အရာဟို ဆင်းရဲသူများဟို ပေးကမ်းစွန့်ကြဲလိုက်ကြ။ အေးလို့ပြုလျှင် ပစာညမ်းညမ်း နင်လို့ဖို့ ဖြူစင်စေလိမ့်မယ်။
အေးအစား “နင်လို့ရဲ့ ရန်သူဟ ဆာရင် သူ့ဟို ကျွေးလော့၊ သူဟ ယေငတ်ရင် သူ့ဟို သောက်စရာ တခုခုပေးလော့။ အေးလို့ ပြုလုပ်ရင် နင်ဟ သူ့အား အဆှက်ရစေလိမ့်မယ်” ဟု ပြောအယ်။
ကောင်းသောအမှုဟို ပြုခြင်းနဲ့ ဝေမျှခြင်းလို့ဟိုလည်း မမေ့လျော့ကြနဲ့၊ အကျောန်းမှာ အဲလိုယဇ်မျိုးဟို ဘုရားသခင် နှစ်သက်အယ်။
အကျောန်းမှာ ဘုရားသခင်ဟ နင်လို့ရဲ့ လုပ်ဆောင်မှုဟို လည်းကောင်း၊ သန့်ဆှင်းသူလို့ဟို မခင်ဟ နင်လို့ လုပ်ကျွေးပြုစုသလို အခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်ရဲ့ နာမတော်ဟို ထောက်ယွေ့ နင်လို့ပြသော ချစ်ခြင်းမေတ္တာလို့ဟို လည်းကောင်း၊ မေ့လျော့လဲ့တိုင်အောန် တရားမျှတမှု ကင်းမဲ့တာ မဟုတ်။
ခမည်းတော် ဘုရားသခင်ဆေ့နှိုက် စင်ကြယ်ယွေ့ ညစ်ညူးခြင်း ကင်းသော ဘာသာတရား ကိုင်းရှိုင်းမှုဆိုတာဟ ဆင်းရဲဒုက္ခခံရသော မိဘမဆိလဲ့ လပဲ့သငယ်များနဲ့ မုဆိုးမလို့ဟို ကျေ့ရှုခြင်း၊ လောကီအညစ်ကြေးလို့နဲ့ ကင်းစင်စေရန် မိမိတတ်တိုင်း စောင့်ထိန်းခြင်း ဖြစ်အယ်။