37 နင်လို့ဟ ဟုတ်တာဟို ‘အဟုတ်’ မဟုတ်တာဟို ‘မဟုတ်’ — ဟူယွေ့ ရိုးဆှင်းစွာ ပြောဆိုကြလော့။ ဟေထက်ပိုသော စကားဟ မာရ်နတ်ဆေမှ လာသောစကား ဖြစ်အယ်။
လမ်းတွင် ကျလဲ့ မျိုးစေ့ဟ နိုင်ငံတော်အကျောန်း တရားတော်ဟို ကြားသော်လည်း နားမလည်သူလို့နဲ့တူအယ်။ သူလို့ရဲ့ စိတ်နေလုံးတွင် ကြဲထားလဲ့ တရားတော်မျိုးစေ့ဟို မာရ်နတ်ဟ လာယွေ့ နှုတ်ယူသွားအယ်။
လယ်ဟ ဟေလောကဖြစ်ပင်း ကောင်းသောမျိုးစေ့ဟ နိုင်ငံတော်ရဲ့သားများ ဖြစ်ကြအယ်။ မြက်သီးပင်များဟ မာရ်နတ်ရဲ့သားများ ဖြစ်ကြအယ်။
အကျောန်းမှာ မကောင်းသော တွေးတောကြံစည်မှုများ၊ လူ့အသက်ဟို သတ်ခြင်း၊ အိုင်ထောင်ရေး ဖောက်ပြန်ခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ဥစ္စာဟို ခိုးခြင်း၊ လိမ်လည်ခြင်း၊ သူ့အသရေဟို ဖျက်ခြင်း အစဆိသည့် စုတ်ပဲ့လဲ့ အကြံအစည်များဟ စိတ်နေလုံးထဲမှ ထွက်လာအယ်။
အားပင်း မိမိရဲ့ဦးခေါင်းဟို တိုင်တည်ပင်း မကျိန်ဆိုကြနဲ့၊ အကျောန်းမှာ နင်လို့ဟ ဆံပင်တပင်ဟိုပင် ဖြူအောန် အဲဟာမဟုတ်ရင် မဲအောန် မတတ်နိန်။
အပစ်သွေးဆောင်ရာဟို မလိုက်ပါစေဘဲ၊ အကောင်းလဲ့အမှုအရာမှလည်း ကယ်နုတ်မန့်။’ ဟု ဆုတောင်းကြလော့။
သူလို့အား ဟေလောကမှ နုတ်ယူရန် ငါ တောင်းဆှောက်တာ မဟုတ်မန့်၊ သူလို့ဟ မာရ်နတ်ရဲ့ ဘေးမှကင်းလွတ်မဲ့အကျောန်း စောင့်ထိန်းရန်ဟိုသာ တောင်းဆှောက်ပါအယ်။
နင်လို့ရဲ့အဖဟ မာရ်နတ် ဖြစ်အယ်၊ အဲလိုမို့ နင်လို့အဖရဲ့ အလိုဟို လိုက်ယွေ့ နင်လို့ဟ ပြုကြအယ်။ မာရ်နတ်ဟ ဟိုးအရင်ကပင် လူသတ်သမား ဖြစ်ပင်း သူနှိုက် အမန်တရား မဆိသောကျောန့် သူဟ သမ္မာတရားနှိုက် မရပ်တည်ခဲ့ဝူး။ သူဟ ဝါပြောသောအခါ မိမိသဘာဝဟိုသာ လုပ်တာဖြစ်ပင်း ဝါပြောတတ်သောသူလို့ရဲ့ အဖ ဖြစ်အယ်။
အေးကျောန့်၊ ငါလို့ဆိသမျှဟ တခုတည်းသော ကိုယ်အင်္ဂါဖြစ်သောကျောန့်၊ နင်လို့ဟ မုသာစကားကို ပယ်ဆှင်းယွေ့ ကိုယ်နဲ့စပ်ဆိုင်သောသူအား အမန်အတိုင်း ပြောဆိုရမယ်။
ယုံကြည်ခြင်းဟို အကာအရံအဖြစ် အမြဲဆောင်ထားကြလော့။ အကျောန်းမှာ မာရ်နတ်က ပစ်သော မီးလောင်သော မြှားအားလုံးကို ချေဖျက်နိန်ကြလိမ့်မယ်။
တယောက်နဲ့တယောက် ဝါယွေ့ မပြောဆိုကြနဲ့၊ အကျောန်းမှာ နင်လို့ဟ အကျင့်ဆိုးများနဲ့တကွ လူဟောင်းဟို လောပစ်ကာ၊
နင်လို့ပြောသောစကားဟ နားဝင်ချိုယွေ့ စိတ်ဝင်စားဖွယ် ဖြစ်စေကြလော့၊ မေးမြန်းသူတိုင်းအား စလို လျောက်ပတ်စွာ ပြန်လည် ဖြေကြားရမယ်ဟို နင်လို့ လေ့လာထားကြလော့။
အဲလိုလဲ ဘုရားသခင်ဟ သစ္စာဆိပင်း ကိုယ်တော်ဟ နင့်ဟို ကြံ့ခိုင်စေယွေ့ ဆိုးညစ်သောသူဆေမှ ကွယ်ကာစောင့်ဆှောက် လိမ့်မယ်။
ညီအကို မောင်နှမလို့၊ အထူးသဖြင့် ကျိန်ဆိုမှုဟို မပြုကြနဲ့။ ခေါန်းခင်၊ မြေကြီးဟို တိုင်တည်ယွေ့ မကျိန်ဆိုနဲ့။ ပစာအရာဟိုမျှ တိုင်တည်ယွေ့ မကျိန်ဆိုနဲ့။ နင်လို့ဟ ဟုတ်တာဟို “ဟုတ်အယ်” မဟုတ်တာဟို “မဟုတ်ဝူး” ဟုသာ ပြောဆိုကြလော့။ အားမဟုတ်ရင် တရားစီရင်ခြင်းဟို ခံရလိမ့်မယ်။
အဖလို့၊ နင်လို့ဟ အစဦးဟပင် ဆိသောသူဟို သိကြသောကျောန့် နင်လို့ဆေ ငါ ရေးလိုက်အယ်။ လူပဲ့လို့၊ နင်လို့ဟ မကောင်းသောအရာဟို အောန်နိန်ခဲ့သောကျောန့် နင်လို့ဆေ ငါ ရေးလိုက်အယ်။
မာရ်နတ်နဲ့ စပ်ဆိုင်တာဖြစ်ယွေ့ မိမိရဲ့ ညီအာဗေလဟို သတ်သောသူ ကာဣနလို ငါလို့ မဖြစ်စေကြနဲ့။ ကာဣနဟ မိမိရဲ့ ညီဟို ပစာကျောန့် သတ်လုန်း။ သူရဲ့ အကျင့်ဟ ဆိုးညစ်ယွေ့ သူ့ညီရဲ့ အကျင့်ဟ ဖြောင့်မတ်သောကျောန့် ဖြစ်အယ်။
ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်သူဟ ဆက်လက်ယွေ့ အပစ်မပြုတတ်ကျောန်းဟို ငါလို့ သိကြအယ်၊ သူ့အား ဘုရားသခင်ရဲ့ သားတော် စောင့်ဆှောက်တာ ဖြစ်ယွေ့ မာရ်နတ်ဟ အဲသူဟို မထိခိုက်နိန်။