3 “စိတ်နေလုံး နှိမ့်ချသောသူလို့ဟ မင်္ဂလာဆိ ကြအယ်၊ အကျောန်းမှာ ခေါန်းခင်နိုင်ငံတော်ဟ အဲသူလို့ရဲ့ နိုင်ငံ ဖြစ်အယ်။
အဲအချိန်တွင် ယေရှုဟ “ခေါန်းခင်နဲ့ မြေကြီးရဲ့ အဆှင်သခင်ဖြစ်သော အဖ၊ ကိုယ်တော်ဟ အသိပညာဆှင်များအား သိခွင့်မပေးဘဲထားလဲ့အရာများဟို ပညာမဲ့သူလို့အား ဖွင့်ပြသဖြင့် ကျေးဇူးတော်ဟို ချီးမွန်းအယ်။
ငါရဲ့အပေါ်နှိုက် သံသယကင်းသူလို့ဟ မင်္ဂလာဆိကြအယ်” ဟု မိန့်အယ်။
“အဲလိုလဲ နင်လို့ရဲ့ မျက်စေ့များဟ မျော်ယွေ့ နားများဟလည်း ကြားသောကျောန့် နင်လို့ဟ မင်္ဂလာဆိကြအယ်။
ယေရှုဟ “လူပဲ့သူငယ်လို့ ငါ့ဆေဟို လာကြစေ၊ အားပင်း သူလို့ဟို မတားဆီးကြနဲ့။ ပစာကို့ ခေါန်းခင်နိုင်ငံတော်ဟ အဲသို့သော သူလို့ရဲ့ နိုင်ငံဖြစ်အယ်” ဟု မိန့်အယ်။
ကျွန်ဟ မိမိတာဝန်ဟို သစ္စာဆိစွာဆောင်ရွက်နေတာဟို သခင်အိုင် ပြန်လာချိန်နှိုက် တွေ့ရင် မင်္ဂလာဆိအယ်။
အေးနောက် ဘုရင်ဟ လက်ယာဘက်တွင် ဆိသောသူလို့အား ‘ငါ့အဖဆေမှ ကောင်းချီးမင်္ဂလာဟို ခံရသူလို့ လောကဟို ဖန်ဆင်းချိန်မှစယွေ့ နင်လို့တွက် ပြင်ဆင်ထားလဲ့ နိုင်ငံတော်ဟို လာယွေ့ အမွေဆက်ခံကြလော့။
“နင်လို့ အပစ်များမှ နောင်တရပင်း လှည့်ပြန်ကြလော့၊ ပစာကို့ ခေါန်းခင်နိုင်ငံတော် တည်လုနီးပီ” ဟု ဟောပြောလေအယ်။
နင်လို့အား အမန်အကန် ငါပြောတာဟ ရမ်းဆာ့သောလူလို့ဟ အဆေ့အရပ်နဲ့ အနောက်အရပ်မှ လာယွေ့ ခေါန်းခင်နိုင်ငံတော်တွင် အာဗြဟံ၊ ဣဇက်၊ ယာကုပ်လို့နဲ့အတူ ထိန်ပင်း စားသောက်ကြလိမ့်မယ်။
ယေရှုဟ အေးအရာဟို သတိပြုမိသောအခါ၊ ကိုယ်တော်ဟ အူထော့ခဲ့ပင်း တဘဲ့တော်လို့အား “လပဲ့သငယ်လို့ဟို ငါ့ဆေသို့ လာကြပါစေ၊ သူလို့ဟို မဆီးတားကြနဲ့၊ ပစာကို့ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ ဟေလိုမျိုး သူများနဲ့ ဆိုင်အယ်။
အဲလိုလဲ ယေရှုဟ “ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ကြားယွေ့ လိုက်နာသောသူလို့ဟ သာယွေ့ မင်္ဂလာဆိကြအယ်” ဟု ပြန်ပြောအယ်။
နင်လို့ဟို ငါပြောတာဟ ဟေသူသည် ဘုရားသခင် ဆေ့တော်တွင် အပစ်ပြေပင်း၊ သူ့အိုင်ဟို ပြန်သွားယွေ့ ဖာရိရှဲမှာမူ အပစ်မပြေ။ ပစာကို့ ကိုယ့်တတ်တိုင်း ချီးမြှောက်သူဟ နှိမ့်ချခြင်းဟို ခံရယွေ့ မိမိကိုယ်ဟို နှိမ့်ချသူဟ ချီးမြှောက်ခြင်း ခံရမယ်ဖြစ်သောကျောန့် ဖြစ်အယ်” ဟု ပြောလေအယ်။
ခမည်းတော်ဟ ငါ့အား အုပ်စိုးခွင့် အပ်လဲ့နည်းတူ ငါဟလည်း နင်လို့အား အုပ်စိုးခွင့်ဟို ပေးလိမ့်မယ်။
နင်လို့ဟ ငါရဲ့ နိုင်ငံတော်တွင် ငါရဲ့ စားပွဲနှိုက် စားသောက်ကြရလိမ့်မယ်။ ပင်းနောက် ပလ္လင်များပေါ်မှာ ထိန်လျက် ဣသရေလ တဆယ့်နေမျိုးလို့အား အုပ်ချုပ်ရကြလိမ့်မယ်” ဟု ပြောလေအယ်။
“သခင်ဘုရားရဲ့ ဝိညာဉ်တော်ဟ ငါ့အပေါ်မှာ တည်အယ်။ ဆင်းရဲသောသူလို့အား သတင်းကောင်းဟို ဟောကြားစေရန် ငါဟို ခန့်ထားပီ။ ဖမ်းဆီးချုပ်ထားလျက် ဆိသော သူလို့အား လွတ်မြောက်စေရန်၊ မျက်စေ့ကန်းသူများ မျက်စေ့အလင်း ပြန်လည်ရဆိစေရန်၊ နှိပ်စက်ခံရသူများအား လွတ်မြောက်စေရန်၊
ယေရှုဟ “နင်ဟ ငါ့ဟို မျော်သောကျောန့် ယုံကြည်သလော၊ ငါ့ဟို မမျော်ဘဲ ယုံကြည်သောသူလို့ဟ မင်္ဂလာဆိကြအယ်” ဟု မိန့်အယ်။
ချမ်းသာကြွယ်ဝသော ညီအကိုဟ မိမိအား ဘုရားသခင် နိမ့်ကျစေသောအခါ ဝမ်းမြောက်ရမယ်။ အကျောန်းမှာ ချမ်းသာသောသူဟ မြက်ပွင့်လို ညှိုးနွမ်းပျောက်ပျယ် သွားလိမ့်မယ်။
စုံစမ်းနှောင့်ယှက်ခြင်းဟို သည်းခံသောသူဟ မင်္ဂလာဆိအယ်။ အကျောန်းမှာ စစ်ကြောစုံစမ်းခြင်းဟို ခံပင်းမှ ဘုရားသခင်ဟို ချစ်သောသူလို့အား ကတိထားသော အသက်သရဖူဟို ရလိမ့်မယ်။
ငါ ချစ်သော ညီအကို မောင်နှမလို့၊ နားထောင်ကြလော့။ ဘုရားသခင်ဟ ဟေလောကတွင် ဆင်းရဲသောသူလို့ဟို ယုံကြည်ခြင်းနှိုက် ကြွယ်ဝသောသူအဖြစ် လည်းကောင်း၊ ကိုယ်တော်ဟို ချစ်သောသူလို့အား ကတိထားသော နိုင်ငံတော်ဟို အမွေဆက်ဆံသူအဖြစ် လည်းကောင်း ရွေးကောက်တာ မဟုတ်လော။
အဲပင်းရင် ခေါန်းခင်တမန်ဟ “သိုးသငယ်ရဲ့ မင်္ဂလာ ညစာစားပွဲဟို ဖိတ်ခေါ်ခြင်း ခံရသောသူလို့ဟ မင်္ဂလာ ဆိကြအယ်ဟု ရေးထားလော့” ဟူယွေ့ ငါ့အား မြွတ်ဆိုပင်းရင် “ဟေအရာလို့ဟ ဘုရားသခင်ရဲ့ ဖြောင့်မန်သော နှုတ်ကပတ်တော်များ ဖြစ်ကြအယ်” ဟု မြွတ်ဆိုလေအယ်။
“မိမိဝတ်လုံများဟို လျှော်ဖွတ်ယွေ့ အသက်ပင်နဲ့ သက်ဆိုင်သောအခွင့်ဟို ရဆိပင်း ထင်ခါးများမှ မြို့ထဲဟို ဝင်ခွင့်ဟို ရဆိသောသူလို့ဟ မင်္ဂလာ ဆိကြအယ်။
နင်ဟ ‘ငါသည် ချမ်းသာယွေ့ ကြွယ်ဝသောကျောန့် စလိုအပ်ချက်မျှ မဆိ’ ဟု ဆိုနေအယ်။ အဲလိုလဲ နင်ဟ ရမ်းဆာ့ စိတ်ပျက်ဖွယ်ကောင်းသောသူ၊ သနားစရာကောင်းသောသူ၊ ဆင်းရဲသောသူ၊ မျက်စေ့မျော်သောသူနဲ့ အဝတ်မပါ အချည်းစဲ ဖြစ်သောသူဖြစ်ကျောန်းဟို နင် မသိ။