Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ ရေးသားပြုစုလဲ့ ခရစ်တော်ရဲ့ သတင်းကောင်း 5:22 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

22 အဲလိုလဲ နင်လို့အား ငါပြောတာဟ တစုံတယောက်သည် မိမိရဲ့ ညီအကိုအား အူထော့သော သူဟ ရုံးတင်စစ်ဆေး ရမယ်။ နောက်တခါ တစုံတယောက်ဟ မိမိရဲ့ ညီအကိုအား ‘အလကားလူ’ ဟု ပြောသောသူဟ တရားရုံးတွင် စစ်ဆေးခြင်း ခံထိုက်အယ်။ အားပင်း တစုံတယောက်ဟ ‘လူမိုက်’ ဟု ပြောသောသူဟ ငရဲမီးအိန်ထဲဟို သွားဖို့ ထိုက်တန်အယ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ ရေးသားပြုစုလဲ့ ခရစ်တော်ရဲ့ သတင်းကောင်း 5:22
93 ပူးပေါင်းရင်းမြစ်များ  

သတိထားကြလော့၊ သူလို့ဟ နင်လို့အား ဖမ်းဆီးယွေ့ တရားရုံးဟို ပို့ဆောင်ကြပင်း သူလို့ဟ နင်လို့ဟို တရားဇရပ်များတွင် ဖိုင်ကြလိမ့်မယ်။


ခန္ဓာကိုယ်ဟို သတ်နိန်သော်လည်း ဝိညာဉ်ဟို မသတ်နိန်သော သူများအား မကြောက်ကြနဲ့။ ခန္ဓာကိုယ် နဲ့ဝိညာဉ် နေမျိုးစလုံးဟို ငရဲတွင် ဖျက်ဆီးနိန်သော သူဟိုသာလျှင် ကြောက်ကြလော့။


ဟေအရာဟို ဖာရိရှဲလို့ ကြားသောအခါ သူလို့ဟ “ဟေသူသည် နတ်ဆိုးမင်း ဗေလဇေဗုလဟို အမီပြုယွေ့ နတ်ဆိုးလို့ဟို မောင်းထုတ်သူ ဖြစ်အယ်” ဟု ပြန်ပြောကြအယ်။


အေးလို့ ပေတရု ဆှောက်ထားစဉ်ပင် တောက်ပသော မိုးသားတုန်းဟ သူလို့ အပေါ်ဟို ကျလာအယ်။ မိုးသားတုန်းထဲမှ အသံတော်ဟ “ဟေသူဟ ငါနှစ်သက်မြတ်နိုးရာ ငါရဲ့ ချစ်သားပေတည်း — သူရဲ့ စကားဟို နားထောင်ကြလော့” ဟု မိန့်အယ်။


အဲပင်းရင် ပေတရုဟ ယေရှုဆေဟို လာယွေ့ “သခင်ဘုရား၊ ငါရဲ့ ညီအကိုဟ ငါ့ဟို ပစ်မားရင် သူ့အား ဖယ်နေကြိမ်လောက် ခွင့်လွှတ်ရမလုန်း။ ခုနေကြိမ် တိုင်အောန်လော” ဟု မေးဆှောက်အယ်။


“အေးစာဟ နင်လို့သည် ညီအကိုအား စိတ်နေလုံးထဲမှ ခွင့်မလွှတ်ရင် ခေါန်းခင်ဘုံနှိုက် ဆိသော ငါရဲ့ အဖဟလည်း နင်လို့ဟို အဲတိုင်းတိုင်းပြုလိမ့်မယ်” ဟု မိန့်အယ်။


“သူတော်ကောင်းဟန်ဆောင်သူ ဖာရိရှဲနဲ့ ကျမ်းတတ်ဆရာလို့၊ နင်လို့ဟ အမင်္ဂလာ ဆိကြအယ်။ အကျောန်းမှာ လူတယောက်ဟို ဘာသာဝင် ဖြစ်လာစေရန် နင်လို့ဟ ယေကျောန်း၊ ကုန်းကျောန်း ခရီးပြုကြယွေ့ ဘာသာဝင် ပင်းသောအခါနှိုက်လည်း အေးသူအား နင်လို့ထက် နေဆပိုယွေ့ ငရဲဟို သွားထိုက်သူ ဖြစ်စေကြအယ်။


အချင်းမြွေပွေးများနဲ့ မြွေပွေးရဲ့ သားမြေးလို့၊ နင်လို့ဟ ငရဲသို့လားရမယ့် တရားစီရင်ခြင်းမှ ပစာသို့ လွတ်နိန် ကြမယ်လုန်း။


“အေးနောက် ဘုရင်ဟ လက်ဝဲဘက်နှိုက်ဆိသော သူလို့အား ‘ကျိန်ဆဲခြင်း ခံရသောသူလို့ ငါ့ဆေမှ ထွက်သွားကြလော့၊ မာရ်နတ်နဲ့ သူ့ခေါန်းခင်တမန်များအတွက် ပြင်ဆင်ထားလဲ့ ထာဝရမီးထဲဟို ဆင်းသက်ကြလော့။


ယဇ်ပုရောဟိတ်ကြီးများနဲ့ တကွ တရားလွှတ်တော် အဖွဲ့ဝင်အပေါင်းလို့ဟ ယေရှုအား သေဒဏ်ပေးနိန်ရန် ကစတ်ကလတ်သော သက်သေဟို ဆာကြအယ်။


အေးနောက် “ဟေသူဟ ငါ နှစ်သက်မြတ်နိုးရာ၊ ငါရဲ့ ချစ်သား ဖြစ်အယ်” ဟု ခေါန်းခင်မှ အသံတော် ပေါ်ထွက်လာအယ်။


အဲလိုလဲ ငါ နင့်ဟို ပြောတာဟ ကျိန်ဆိုခြင်းဟို လုံးဝမပြုရ၊ ခေါန်းခင်ဘုံဟို တည်ယွေ့ မကျိန်ဆိုကြနဲ့၊ အကျောန်းမှာ ခေါန်းခင်ဘုံဟ ဘုရားသခင်ရဲ့ ပလ္လင်တော် ဖြစ်အယ်။


အဲလိုလဲ ငါ နင့်ဟို ပြောတာဟ ရန်သူဟို ချစ်ကြလော့၊ နင်လို့အား နှိပ်စက်သောသူလို့အတွက် ဆုတောင်းပေးကြလော့။


ယဇ်ပုရောဟိတ်ကြီးများနဲ့ ယုဒတရားလွှတ်တော် အဖွဲ့ဝင်အပေါင်းလို့ဟ ယေရှုအား သေဒဏ်ပေးနိန်ရန် သက်သေဟို ဆာကြအယ်၊ အဲလိုလဲ သူလို့ဟ မတွေ့ကြ။


နက်စာအစောတွင် ယဇ်ပုရောဟိတ်ကြီးလို့နဲ့ အကြီးအကဲများ၊ ကျမ်းတတ်ဆရာများနဲ့ လွှတ်တော်အဖွဲ့ဝင်အပေါင်းလို့ဟ သူလို့ရဲ့ အစီစဉ်တွေဟို ပြုလုပ်ခဲ့အယ်။ သူလို့ဟ ယေရှုဟို သံကြိုးနဲ့ တုတ်ချေပင်း ခေါ်သွားကာ ပိလတ်မင်း လက်ဟို အပ်လိုက်ကြအယ်။


စသူ့ဟို ကြောက်ရမလဲဆိုတာ နင်လို့ဟို ငါ ပြောမယ်၊ ဘုရားသခင်ဟို ကြောက်ရွံ့ကြလော့၊ ကိုယ်ခန္ဓာဟို သတ်ပင်းနောက် ငရဲထဲဟို ချနိန်လဲ့ အခွင့်အာဏာဆိသော သူ့ဟို ကြောက်ကြလော့။ ငါအမန်ဆိုတာဟ အဲအဆှင်ဟို ကြောက်ကြလော့။


မိုးလင်းသောအခါ လူလို့တွင် အကြီးအကဲဖြစ်သောသူများ၊ ယဇ်ပုရောဟိတ်ကြီးများနဲ့ ကျမ်းတတ်ဆရာများဟ စုဆုံကြပင်းရင်၊ ယေရှုအား တရားလွှတ်တော်သို့ ခေါ်ဆောင်သွားကြအယ်။


အေးအခါ ယဇ်ပုရောဟိတ်ကြီးလို့နဲ့ ဖာရိရှဲလို့ဟ ယုဒတရားလွှတ်တော်နှိုက် စည်းဝေးစေပင်းရင် “ငါလို့ဟ စလို ပြုလျက်နေကြတုန်း၊ အေးသူဟ အံ့ဩဖွယ်သော နိမိတ်လက္ခဏာဟို ပြလျက်နေအယ်။


ဟေသို့ မုန်းကြရခြင်းမှာ သူလို့ရဲ့ ပညတ်ကျမ်းနှိုက် ‘သူလို့ဟ ငါ့ဟို အကျောန်းမဲ့ မုန်းကြအယ်’ ဟု ရေးသားဖော်ပြထားလဲ့အတိုင်း ပြေ့စုံရန် ဖြစ်အယ်။


လူအုပ်ဟလည်း “နင်ဟ နတ်ဆိုးစွဲသောသူ ဖြစ်အယ်၊ စသူဟ နင့်ဟို သတ်ရန် ကြိုးစားလျက်နေတုန်း” ဟု ဖြေအယ်။


ယုဒလူလို့ဟ ယေရှုအား “နင်ဟ ရှမာရိလူဖြစ်ပင်း နတ်ဆိုးစွဲနေတာဟု ငါလို့ပြောသောစကားဟ အမန် မဟုတ်လော” ဟု ပြန်ဖြေအယ်။


ဧပိကုရုနဲ့ သတောအိတ် ဆရာလို့ဟလည်း သူလို့နဲ့ ဆွေးနွေး ငြင်းခုန်ကြအယ်။ တချို့ဟ “ဟေစကားအိုးဟ ပစာအရာဟို ပြောဆိုနေလုန်း” ဟု ပြောကြအယ်။ တခြားသူများဟ “သူလို့ဟ လူမျိုးခြားလို့ရဲ့ နတ်ဘုရားများ အကျောန်းဟို ပြောဆိုနေအယ်” ဟု ဖြေအယ်။ သူလို့အေးလို့ ပစာကျောန့် ပြောဆိုလဲဆိုရင် ပေါလုဟ ယေရှုအကျောန်းနဲ့ ဆှင်ပြန်ထမြောက်ခြင်း အကျောန်း သတင်းကောင်းဟို ဟောသောကျောန့် ဖြစ်အယ်။


တပ်မှူးဟ ပေါလုအား ယုဒလူများလို့ဟ ပစာပစ်မှုဖြင့် စွပ်စွဲကြတာဟို သေချာ သိချင်ကြအယ်။ အေးလို့ဖြစ်ယွေ့ နောက်တနေ့နှိုက် ပေါလုအား တုတ်ချေထားလဲ့ သံကြိုးဟို ဖယ်ဆှားစေပင်း ယဇ်ပုရောဟိတ်ကြီးများနဲ့ ယုဒတရားလွှတ်တော် အဖွဲ့ဝင်အပေါင်းလို့ဟို စုဝေးကြရန် အမိန့်ပေးလေအယ်။ အေးနောက် ပေါလုဟို ခေါ်ကာ အေးသူလို့ဆေ့တွင် ရပ်စေအယ်။


ပေါလုဟ တရားလွှတ်တော်အဖွဲ့ဟို တန်းတန်းကျေ့ပင်း “ငါ့ညီအကိုလို့ ငါဟ ခုနေ့တိုင်အောန် တသက်လုံး ဘုရားသခင် ဆေ့တော်တွင် ဩတ္တပ္ပစိတ် ကြည်လင်ပင်း ကောင်းစွာ နေထိန်ခဲ့ပါအယ်” ဟု ပြောအယ်။


အားမှမဟုတ် ငါဟ တရားရုံးဆေ့မှာ ရပ်နေသောအခါ ငါနှိုက် စလိုပစ်မှုဟို သူလို့တွေ့ဆိကျောန်း အခုဆိသော ဟေသူလို့တတ်တိုင်း ထွက်ဆိုကြပါစေ။


အေးလိုမို့ သူလို့ဟို တရားလွှတ်တော်ထဲမှ ခဏထွက်ခွာစေရန် ပြောပင်း သူလို့အချင်းချင်း စတင် ဆွေးနွေးကြအယ်။


တမန်တော်လို့ဟ နာခံယွေ့ အရုဏ်တက်ချိန်တွင် ဗိမာန်တော်ထဲဟို ဝင်ယွေ့ စတင် သွန်သင်အယ်။ ယဇ်ပုရောဟိတ်မင်းနဲ့ သူရဲ့ အပေါင်းအဖော်လို့ဟ တရားလွှတ်တော် အစည်းအဝေးဟို ပြုလုပ်ရန် ဣသရေလလူလို့တွင် အသက်ကြီးသူအပေါင်းလို့ဟို တရားရုံးတွင် စုဝေးစေအယ်။ အဲပင်းရင် တမန်တော်လို့ဟို ခေါ်ဆောင်ခဲ့ရန် အမိန့်ပေးယွေ့ အစောင့်တပ်သားများဟို အကျဉ်းထောင်ဟို စေလွှတ်ကြအယ်။


တမန်တော်လို့ဟို အထဲသို့ ခေါ်ဆောင်လာပင်း တရားလွှတ်တော်အဖွဲ့ရဲ့ ဆေ့တွင် ရပ်စေပင်း၊ ယဇ်ပုရောဟိတ်မင်းဟ တမန်တော်လို့ဟို မေးမြန်းကြအယ်။


ဟေနည်းအားဖြင့် သူလို့ဟ လူများ၊ ကျမ်းတတ်ဆရာများနဲ့ အကြီးအကဲများအား လှုံ့ဆော်ကြအယ်။ သူလို့ဟ သတေဖန်ဟို ဝင်ရောက် ဖမ်းဆီးယွေ့ သူ့ဟို တရားလွှတ်တော်ဆေ့ ခေါ်သွားကြအယ်။


တရားလွှတ်တော်တွင် ထိန်လျက်နေကြသော သူအပေါင်းလို့ဟ သတေဖန်ဟို အာရုံစိုက်ယွေ့ ကျေ့သောအခါ သူ့ရဲ့ မျက်နှာဟ ခေါန်းခင်တမန် မျက်နှာနဲ့တူတာဟို တွေ့မျော်ရကြအယ်။


‘နင့်လူလို့ အထဲတွင် ငါ့လိုမျိုး ပရောဖက်တပါးဟို ဘုရားသခင်ဟ နင်လို့အတွက် ပေါ်ထွန်းစေလိမ့်မယ်’ ဟု ဣသရေလ အမျိုးသားလို့အား ပြောကြားခဲ့သူမှာ မောရှေပင် ဖြစ်အယ်။


တယောက်နဲ့ တယောက် ချစ်ခြင်းမေတ္တာနဲ့ တည်နေကြလော့၊ ချီးမြှောက်ခြင်းမှာ သူတပါးဟို ကိုယ့်ထက် ချီးမြှောက်ကြလော့။


ခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေယေသေရက်နဲ့ ယဇ်မူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိန်အထက် လုယူသောသူလို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို အမွေ မခံရကြ။


ညီအကိုချင်းလို့ဟ တရားတွေ့တာ သာမက၊ မယုံကြည်သော သူလို့ဆေ့နှိုက်ပင် တရားတွေ့ကြအယ်။


ဟေကိစ္စနှိုက် နင်လို့တွင် စသူမျှ ညီအကိုလို့ဟို အမားမလုပ်သင့်၊ သူလို့ဟို အခွင့်ကောင်း မယူသင့်ပါ။ အေးဟာဟို နင်လို့အား အရင်ဟ ငါပြောခဲ့ပင်း ငါလို့ဟ နင်လို့ဟို ပြင်းပြင်းထန်ထန် သတိပေးထားခဲ့အတိုင်း သခင်ဘုရားဟ အေးအ​မှုပြု​သော​သူ​လို့​ကို အ​ပစ်​ဒဏ်​စီ​ရင်​လိမ့်​မယ်။


စသူ့အကျောန်းမှ မကောင်းမပြောဘဲ ငြိမ်းချမ်းစွာနဲ့ ခင်မင်စွာနေကြစေရန် အမြဲတမ်း လူအားလုံးလို့အား နူးညံ့သိမ်မွေ့ခြင်းဟို ပြသပင်း သူလို့အား ပြောကြားလော့။


အဲကျောန့် နင်လို့ဟ မိန့်သောအသံဟို ကြားနာရန် ငြင်းဆန်သူများ မဖြစ်စေရန် သတိပြုကြလော။ ဗျာဒိတ်တော်ဟို ဆင့်ဆိုသောသူဟို ကမ္ဘာမြေကြီးပေါ်တွင် နားထောင်ရန် ငြင်းဆန်သူလို့ဟ အပစ်ဒဏ် ခံကြရရင် ငါလို့ဟ ခေါန်းခင်ဘုံမှ မိန့်သောသူအား ကျောခိုင်းကြမယ်ဆိုရင် ပစာလို အပစ်ဒဏ်မှ လွတ်မြောက်နိန်မှာလုန်း။


ကိုယ်တော်ဟ စုံလင်ခြင်းဟို ရောက်သောအခါ မိမိဟို နာခံသောသူအပေါင်းလို့အား ထာဝရ ကယ်တင်ခြင်းဟို ပေးသောသူ ဖြစ်လာယွေ့


အချင်း လူမိုက် အကျင့်ကင်းသော ယုံကြည်ခြင်းဟ အကျိုးမဆိကျောန်း နင် သိလိုသလော။


လျှာဟ မီးနဲ့ တူယွေ့ အပစ်ဒုစရိုက်ဖြင့် ပြေ့ဝသော လောက ဖြစ်အယ်။ ၎င်းဟ ကိုယ်အင်္ဂါ အစိတ်အပိုင်း တခုအဖြစ်ဖြင့် တည်ဆိကာ၊ ငါလို့ရဲ့ ကိုယ်ခန္ဓာ တခုလုံးဟို အပစ်ဒုစရိုက် ကူးစက်ပျံ့နှံ့စေအယ်။ လျှာဟ ငရဲမှ ရဆိလဲ့ မီးဖြင့် ငါလို့ရဲ့ ဖဝါ့တခုလုံးဟို လောင်ကျွမ်းစေတတ်အယ်။


ပုတ်ခတ်ပြောဆို ခံရသောအခါ ပြန်ယွေ့ မတုန့်ပြန်၊ ဆင်းရဲဒုက္ခ ခံစားရသောအခါနှိုက်လည်း ခြိမ်းခြောက်ခြင်းဟို မလုပ်ဘဲ ဖြောင့်မတ်စွာ တရားစီရင်သော အဆှင်ဆေ မိမိကိုယ်ဟို အပ်နှံအယ်။


နင်လို့ဟ ကောင်းချီးမင်္ဂလာဟို အမွေဆက်ခံရမဲ့အကျောန်း ခေါ်ယူခြင်းဟို ခံရတာ ဖြစ်ယွေ့ အဆိုးဟို အဆိုးဖြင့် လည်းကောင်း၊ ကဲ့ရဲ့ပစ်တင်ခြင်းဟို ကဲ့ရဲ့ပစ်တင်ခြင်းဖြင့် လည်းကောင်း မတုန့်ပြန်ဘဲ ကောင်းချီးဟိုသာ ပေးကြလော့။


ငါဟ အလင်းနှိုက် ဆိအယ်ဟု ဆိုလျက် မိမိညီအကို မောင်နှမဟို မုန်းသောသူဟ အခုတိုင်အောန် မိုက်နှိုက် ဆိသေးအယ်။


ဟေနည်းအားဖြင့် ဘုရားသခင်ရဲ့ လူပဲ့သငယ်များနဲ့ မာရ်နတ်ရဲ့ လူပဲ့သငယ် ကွာခြားပုံဟို သိရအယ်။ အမန်တရားဟို မကျင့်သုံးသူ၊ ညီအကိုဟို မချစ်သောသူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ မဟုတ်။


တစုံတယောက်ဟ သေခြင်းဟို မပို့ဆောင်သော အပစ်မျိုးပြုနေလဲ့ မိမိညီအကို မောင်နှမဟို တွေ့ရင် သူဟ ဆုတောင်းရမယ်။ အဲအခါ ဘုရားသခင်ဟ သေခြင်းဟို မပို့ဆောင်သော အပစ်ပြုနေလဲ့ အဲညီအကို မောင်နှမအား အသက်ဟို ပေးလိမ့်မယ်၊ သေခြင်းဟို ပို့ဆောင်သော အပစ်မျိုး ဆိအယ်။ အဲလိုအပစ်အတွက် တောင်းဆှောက်ရမယ်ဟို ငါ မဆိုလို။


ခေါန်းခင်တမန်မင်း မိက္ခေလပင် မာရ်နတ်နဲ့ ငြင်းခုံလျက် မောရှေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ယွေ့ အချေအတင်ပြောဆိုကြသောအခါ ကဲ့ရဲ့ပစ်တင်လဲ့ စီရင်ခြင်းဟို မလုပ်ရဲဘဲ “ထာဝရဘုရားဟ နင်ဟို ဆုံးမပါစေ” ဟူယွေ့သာ ပြောခဲ့အယ်။


အဲပင်းရင် သေခြင်းနဲ့ မရဏာနိုင်ငံလို့ဟ မီးအိန်ထဲဟို လောချခြင်း ခံရကြအယ်။ (ဟေမီးအိန်ဟ ဒုတိယသေခြင်း ဖြစ်အယ်။)


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ