21 “ ‘လူအသက်ဟို မသတ်ရ။ စသူမဆို ပစ်မှုကျူးလွန်သူဟို ရုံးတင်စစ်ဆေးရမယ်’ ဟု အရင်ခါဟ လူတွေပြောခဲ့တာဟို နင်လို့ ကြားရပီ။
“ ‘အိုင်ထောင်ရေးဖောက်ပြန်မှုဟို မကျူးလွန်ရ’ ဟု ပြောထားတာဟို နင်လို့ ကြားရလေပီ။
“နောက်တခါ ‘နင်ဟ ကျိန်ဆိုခြင်းဟို မဖျက်ရ၊ အဲလိုလဲ အဆှင်ရဲ့ ဆေ့တွင် နင်လို့ထားဆိလဲ့ ကျိန်ဆိုခြင်းဟို ပြုတဲ့အတိုင်း ဆောင်ရွက်ရမယ်’ ဟု ဆေ့လူလို့ ပြောထားတာဟို နင်လို့ ကြားရပီ။
“ ‘မျက်စေ့တလုံးအစား မျက်စေ့တလုံး၊ သွားတချောင်းအစား သွားတချောင်း’ ဟု ပြောထားတာဟို နင်လို့ ကြားရပီ။
“ ‘မိတ်ဆွေများဟို ချစ်လော့၊ ရန်သူဟို မုန်းလော့’ ဟု ပြောထားတာဟို နင်လို့ ကြားရလေပီ။
မိမိညီအကို မောင်နှမဟို မုန်းသောသူတိုင်းဟ လူသတ်သမား ဖြစ်အယ်။ စလိုလူသတ်သမားမျှ ထာဝရ အသက်မတည်ကျောန်းဟိုလည်း နင်လို့ သိကြအယ်။