14 “နင်လို့ဟ လောကရဲ့ အလင်းနဲ့ တူကြအယ်။ တောင်ပေါ်မှာ တည်သောမြို့ဟို ဖုံးကွယ်ယွေ့ မထားနိန်။
နင်လို့ဟ အလင်းရဲ့လူပဲ့သငယ်များဖြစ်စေရန် နင်လို့နှိုက် အလင်းဆိစဉ်အခါ အလင်းဟို ယုံကြည်ကြလော့” ဟု မိန့်လေအယ်။ အေးလိုမိန့်ပင်းမှ ယေရှုဟ ထွက်ကြွယွေ့ အေးသူလို့ဟို တိမ်းဆှောင်လျက် နေလေအယ်။
ယောဟန်ဟ တောက်လောင်ယွေ့ ထွန်းလင်းသော မီးဖူးလိုမျိုး ဖြစ်အယ်၊ နင်လို့ဟ သူရဲ့ အလင်းနှိုက် ခဏသာပျော်မွေ့ လိုကြအယ်။
တခါ ယေရှုဟ ဖာရိရှဲလို့အား “ငါဟ လောကရဲ့ အလင်းဖြစ်အယ်၊ ငါ့နောက်ဟို လိုက်သောသူဟ အသက်ရဲ့ အလင်းဟို ရယွေ့ ဖယ်ခါမှ မိုက်တွင် သွားလာရလိမ့်မယ် မဟုတ်” ဟု မိန့်အယ်။
ငါဟ ဟေလောကနှိုက် ဆိနေစဉ် ဟေလောကရဲ့ အလင်း ဖြစ်အယ်” ဟု မိန့်အယ်။
မယုံကြည်သောသူလို့နဲ့ မညီသောထမ်းပိုးဟို မထမ်းကြနဲ့။ အကျောန်းမှာ ဖြောင့်မတ်ခြင်းနဲ့ မတရားအမှုလို့ အကြားနှိုက် စလို ပတ်သက်မှုဆိတုန်း။ အဲဟာမဟုတ်ရင် အလင်းနဲ့ မိုက်လို့ အကြားနှိုက် စလို မိတ်သဟာယ ဖွဲ့ခြင်း ဆိတုန်း။
အဲမှသာလျှင် အပစ်တင်ခွင့်မဆိ၊ စသူဟိုမျှ မပစ်မားဘဲနေယွေ့ မဖြောင့်မမန် ဖောက်ပြန်သော လူသားမျိုးနွယ်အထဲနှိုက် ပစာအပစ်မျှ မပါဘဲ ဘုရားသခင်ရဲ့ သား ဖြစ်ကြလိမ့်မယ်။ အသက်ဆှင်ခြင်းနဲ့ဆိုင်သော နှုတ်ကပတ်တရားဟို ပြသသလို၊
နင်လို့အားလုံးဟ အလင်းရဲ့ လူပဲ့သငယ်များနဲ့ နေ့ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။ ငါလို့ဟ ညဖြစ်စေ၊ မိုက်ဖြစ်စေ စပ်ဆိုင်ကြတာ မဟုတ်။
ငါရဲ့ လက်ယာဘက်တွင် နင်မျော်ရသော ကြယ်ခုနေလုံးနဲ့ ဆွေဆီမီးခုံ ခုနေခုလို့ရဲ့ လျှို့ဝှက်နက်နဲသော အဓိပ္ပာယ်မှာ ကြယ်ခုနေလုံးဟ အသင်းတော် ခုနေပါးရဲ့ စေတမန်များ ဖြစ်ကြပင်း ဆီမီးခုံ ခုနေခုဟ အသင်းတော် ခုနေပါး ဖြစ်ကြအယ်။
အဲလိုမို့ နင်ဟ စလိုနေရာမှ ကျဆင်းခဲ့တာဟို သတိရလျက် နောင်တရပင်း ဦးရင်ဆုံးသော အကျင့်ဟို ကျင့်လော့။ နင်လို့ဟ အဲလိုမလုပ်ဘဲ နောင်တမရရင် နင်လို့ဆေဟို ငါဟ အလျင်အမြန် လာယွေ့ နင်ရဲ့ ဆီမီးခုံဟို သူ့နေရာမှ တောမယ်။