Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ ရေးသားပြုစုလဲ့ ခရစ်တော်ရဲ့ သတင်းကောင်း 5:12 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

12 ရွှင်လန်းဝမ်းသာကြလော့၊ ခေါန်းခင်ဘုံတွင် နင်လို့ရမဲ့ ဆုဟ ကြီးအယ်။ ဟိုအရင်ခါဟ ဆိခဲ့လဲ့ ပရောဖက်လို့ဟို အေးတိုင်းတိုင်း နှိပ်စက်ခံရကြပီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ ရေးသားပြုစုလဲ့ ခရစ်တော်ရဲ့ သတင်းကောင်း 5:12
51 ပူးပေါင်းရင်းမြစ်များ  

အကျောန်းမှာ လူသားဟ မိမိအဖရဲ့ ဘုန်းအသရေဟို ဆောင်လျက် ခေါန်းခင်တမန်များနဲ့ အတူ ကြွလာလိမ့်မယ်။ အဲအခါ လူအပေါင်းလို့အား မိမိလို့ရဲ့ အကျင့်အလျောက် အကျိုးအပစ်ဟို ဆပ်ပေးလိမ့်မယ်။


“နင်လို့ဟ အစာဆှောင်ခြင်း အကျင့်ဟို ကျင့်သောအခါ ဟန်ဆောင်တတ်သောသူလို့ လိုမျိုး မျက်နှာညှိုးငယ်ခြင်း မဆိကြနဲ့။ အဲသူလို့ဟ မိမိလို့ အစာဆှောင်တာဟို လူများလို့ဆေ့မှာ ပေါ်လွင်စေဖို့၊ မိမိလို့ရဲ့ မျက်နှာဟို ဖျက်တတ်ကြအယ်။ ငါ နင်လို့ဟို အမန်ပြောတာဟ၊ အဲသူလို့ဟ မိမိလို့ အကျိုးဟို အပြေ့အဝခံစားရကြပီ။


“အို ယေရုရှလင်၊ ယေရုရှလင်၊ ပရောဖက်လို့ဟို သတ်ယွေ့ ဘုရားသခင် စေလွှတ်တဲ့သူတွေဟို ကျောက်ခဲတုံးနဲ့ သတ်လဲ့မြို့၊ ကြက်မဟ မိမိရဲ့ ကြက်သငယ်များဟို တောင်ပံထဲတွင် အုပ်ထားသလိုမျိုး နင်ရဲ့ အောင်နီငယ်တွေဟို စုရုံးစေဖို့ ကြိမ်ဖန်များစွာ ငါ အလိုဆိအယ်။ နင်ဟတော့ အလိုမဆိဝူး။


အေးလို့ ကြုံတွေ့ရသောအခါ ဝမ်းမြောက်ကြလော့၊ ဝမ်းမြောက်လဲ့အတွက် ခုန်ကကြလော့၊ ပစာကို့ ခေါန်းခင်နိုင်ငံမှာ နင်လို့ဆုဟ ရမ်းဆာ့ ကြီးအယ်။ သူလို့ရဲ့ ဖိုးဖေးများဟ ပရောဖက်များလို့ဟို အေးလို့ ပုံစံအတိုင်း လုပ်ခဲ့ကြအယ်။


အဲလိုလဲ နင်လို့ ရန်သူဟို ချစ်ကြလော့၊ ကောင်းတာဟို လုပ်ပေးကြလော့၊ ပစာဟိုမှ ပြန်ရဖို့ မမျော်လင့်ဘဲ ငမ်းကြလော့။ အေးလို့လုပ်ရင် နင်လို့ဟ ရဆိမဲ့ ဆုလာဘ်ဟ ကြီးမားပင်း နင်လို့ဟ အမြင့်မြတ်ဆုံးသော ဘုရားရဲ့ လူပဲ့သငယ်လို့ ဖြစ်ကြလိမ့်မယ်၊ ပစာကို့ သူဟ ကျေးဇူးမသိသောသူနဲ့ ဆိုးသောသူအားလည်း ကျေးဇူးပြုအယ်။


ညဉ့်သန်းခေါင်အချိန်နှိုက် ပေါလုနဲ့ သိလလို့ဟ ဆုတောင်းကာ ဘုရားသခင်ဟို ချီးမွန်း သီချင်းများဟို သီဆိုလျက် နေကြအယ်။ တခြားထောင်သားများလည်း သူလို့ဟို နားထောင်နေကြအယ်။


တမန်တော်လို့ဟ ယေရှုရဲ့ နာမတော်ကျောန့် အဆှက်ကွဲခြင်းဟို ခံထိုက်သူများအဖြစ်ဖြင့် ဘုရားသခင် မှတ်သောကျောန့် ဝမ်းမြောက်စွာ တရားလွှတ်တော်မှ ထွက်သွားကြအယ်။


ဆင်းရဲဒုက္ခများဟိုလည်း ငါလို့ ဝါကြွားကြအယ်၊ ပစာကို့ ဆင်းရဲဒုက္ခဟ သည်းခံခြင်းဟို ဖြစ်စေတတ်ကျောန်း ငါလို့ သိကြအယ်။


မျိုးစေ့ဟို စိုက်သူနဲ့ ယေလောင်းသူလို့ဟ တန်းတူရည်တူ ဖြစ်ကြအယ်။ ဘုရားသခင်ဟ သူလို့ဟို မိမိလို့ရဲ့ အားထုတ်မှုနဲ့အညီ အကျိုးဟို ခံစားစေလိမ့်မယ်။


ငါလို့ ခဏခံရသော ပေါ့ပါးလဲ့ ဆင်းရဲဒုက္ခဟ အတိုင်းအထက် ရမ်းဆာ့ကြီးမြတ်လဲ့ ထာဝရ ဘုန်းအသရေဟို ငါလို့အား ခံစားစေလိမ့်မယ်။


နင်လို့ဟ ခရစ်တော်ဟို ယုံကြည်ခြင်းအားဖြင့် သာမက ကိုယ်တော့်အတွက် ဆင်းရဲဒုက္ခခံခြင်း အားဖြင့်လည်း ကိုယ်တော်ရဲ့ အမှုတော်ဟို ဆောင်ရွက်ရန် အခွင့်ထူးဟို ရဆိကြအယ်။


နင်လို့ရဲ့ ယုံကြည်ခြင်းဟ ဘုရားသခင်အား ပူဇော်သောယဇ်ပေါ်တွင် ငါရဲ့ အသက်သွေးဟို သွန်းလောင်းရမယ်ဆိုရင် ငါဟ ဝမ်းမြောက်လျက် နင်လို့နဲ့အတူ ဝမ်းမြောက်အယ်။


ငါဟ နင်လို့အတွက် ခံရသော ဆင်းရဲဒုက္ခနှိုက် အခု ဝမ်းမြောက်ယွေ့ ခရစ်တော်ရဲ့ ဆင်းရဲဒုက္ခတွင် လိုအပ်သေးလဲ့အပိုင်းဟို ကိုယ်တော်ရဲ့ ကိုယ်ခန္ဓာ တည်းဟူသော အသင်းတော်အတွက် ငါရဲ့ ကိုယ်ခန္ဓာနှိုက် ဖြည့်ဆည်းလျက် ဆိအယ်။


နင်လို့ဟ သခင် ခရစ်တော်ဟို အစေခံကြတာ ဖြစ်ယွေ့ ဆုလာဘ်ဟို သခင်ဘုရားဆေမှ ရမယ်ဖြစ်ကျောန်း သိမှတ်ကြလော့။ ခရစ်တော်သာ နင်လို့ရဲ့ သခင် အစစ်မန် ဖြစ်အယ်။


သခင် ယေရှုနဲ့ ပရောဖက်လို့ကို သတ်ယွေ့ ငါလို့ဟိုလည်း ညှဉ်းဆဲကြအယ်။ သူလို့ဟ ဘုရားသခင်ဟို စလောက် စိတ်ပျက်စေသလဲ၊ လူတိုင်းအပေါ် စလောက် ရန်လိုနေကြသလဲ၊


နင်လို့ဟ အကျဉ်းခံ နေရသူလို့အတွက်ကျောန့် ကြင်နာသော စိတ်ဆိကြအယ်၊ မိမိလို့ရဲ့ ဥစ္စာပစ္စည်းများဟို မတရားသိမ်းယူတာဟိုလည်း ဝမ်းမြောက်စွာ ခံကြအယ်၊ ပစာကို့ မိမိလို့နှိုက် အေးအရာများထက် ပိုယွေ့ ကောင်းမြတ်တည်မြဲသောအရာ ဆိကျောန်းဟို သိကြသောကျောန့် ဖြစ်အယ်။


သူဟ အကျိုးကျေးဇူးဟို ဆေ့ရှုမျော်မှန်းလျက် နေသောကျောန့် ခရစ်တော်အတွက် ကဲ့ရဲ့ပစ်တင်ခြင်း ခံရတာဟို အဲဂုတ္တုပြေရဲ့ ဥစ္စာဘဏ္ဍာများထက် ပိုယွေ့ မြတ်လဲ့ စည်းစိမ်ဖြစ်တာဟု မှတ်ယူအယ်။


အဲသူလို့ဟ ယုံကြည်ခြင်းအားဖြင့် တိုင်းနိုင်ငံများဟို အောန်ခြင်း၊ ဖြောင့်မတ်စွာ အုပ်ချုပ်ခြင်း၊ ကတိတော်များဟို ခံစားရခြင်း၊ ခြင်္သေ့ စလောင်ဟို ပိတ်ခြင်း၊


ယုံကြည်ခြင်း မဆိသူရင် ဘုရားသခင်ရဲ့ စိတ်တော်နဲ့ မတွေ့နိန်၊ အကျောန်းမှာ ဘုရားသခင်ဆေဟို ချဉ်းကပ်သောသူဟ ကိုယ်တော်ဆိကျောန်းဟို လည်းကောင်း၊ ကိုယ်တော်ဟ မိမိဟို ဆှာသောသူအား အကျိုးပေးကျောန်းဟို လည်းကောင်း၊ ယုံကြည်ရမယ်။


ငါ့ ညီအကို မောင်နှမလို့၊ နင်လို့ဟ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းနဲ့ ကြုံတွေ့ရသောအခါ ဝမ်းမြောက်စရာ သက်သက်ဖြစ်တာဟု မှတ်ယူကြလော့။


ညီအကို မောင်နှမလို့၊ ထာဝရဘုရားရဲ့ နာမဟို အမှီပြုယွေ့ ဟောပြောသော ပရောဖက်လို့ဟ ဆင်းရဲဒုက္ခတွေ့ခြင်း၊ သည်းခံခြင်းရဲ့ ပုံသက်သေဟို ပြကြပီဟု မှတ်ကြလော့။


ခရစ်တော်ရဲ့ ဆင်းရဲဒုက္ခများနှိုက် ပါဝင်ရလဲ့အတွက် ဝမ်းမြောက်ကြလော့။ အေးဟာဟ ခရစ်တော်ရဲ့ ဘုန်းအသရေ ထင်ဆှားသော အချိန်နှိုက် နင်လို့ဟ ဝမ်းမြောက်ရွှင်လန်းကြလိမ့်မယ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ