10 ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီ ဆောင်ရွက်သဖြင့် နှိပ်စက်ညှဉ်းဆဲခံရသော သူလို့ဟ မင်္ဂလာဆိ ကြအယ်၊ အကျောန်းမှာ ခေါန်းခင်နိုင်ငံတော်ဟ အဲသူလို့ရဲ့ နိုင်ငံ ဖြစ်အယ်။
သူလို့ဟ နင်လို့ဟို မြို့တမြို့တွင် ညှဉ်းဆဲနှိပ်စက်သောအခါ အခြားတမြို့ဟို ထွက်ပြေးကြလော့။ အမန်အကန် နင်လို့အား ငါပြောတာဟ နင်လို့သည် ဣသရေလမြို့ဆိသမျှဟို သွားလာယွေ့ မပင်းခင် လူသားဟ ကြွလာလိမ့်မယ်။
ယေရှုဟ “လူပဲ့သူငယ်လို့ ငါ့ဆေဟို လာကြစေ၊ အားပင်း သူလို့ဟို မတားဆီးကြနဲ့။ ပစာကို့ ခေါန်းခင်နိုင်ငံတော်ဟ အဲသို့သော သူလို့ရဲ့ နိုင်ငံဖြစ်အယ်” ဟု မိန့်အယ်။
အေးနောက် ဘုရင်ဟ လက်ယာဘက်တွင် ဆိသောသူလို့အား ‘ငါ့အဖဆေမှ ကောင်းချီးမင်္ဂလာဟို ခံရသူလို့ လောကဟို ဖန်ဆင်းချိန်မှစယွေ့ နင်လို့တွက် ပြင်ဆင်ထားလဲ့ နိုင်ငံတော်ဟို လာယွေ့ အမွေဆက်ခံကြလော့။
“စိတ်နေလုံး နှိမ့်ချသောသူလို့ဟ မင်္ဂလာဆိ ကြအယ်၊ အကျောန်းမှာ ခေါန်းခင်နိုင်ငံတော်ဟ အဲသူလို့ရဲ့ နိုင်ငံ ဖြစ်အယ်။
ယေရှုဟ အေးအရာဟို သတိပြုမိသောအခါ၊ ကိုယ်တော်ဟ အူထော့ခဲ့ပင်း တဘဲ့တော်လို့အား “လပဲ့သငယ်လို့ဟို ငါ့ဆေသို့ လာကြပါစေ၊ သူလို့ဟို မဆီးတားကြနဲ့၊ ပစာကို့ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ ဟေလိုမျိုး သူများနဲ့ ဆိုင်အယ်။
ဟေဖဝါ့နှိုက် ရမ်းဆာ့ ပိုရလိမ့်မယ်။ သူဟ အဆတရာပိုသော နေအိုင်၊ ညီအကို၊ နှမ၊ တို့မေ၊ သားသမီးများနဲ့ လယ်ယာများနဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းဟို ခံရလိမ့်မယ်၊ နောက်လာမဲ့ဖဝါ့နှိုက် ထာဝရအသက်ဟို ရဆိလိမ့်မယ်။
အဲလိုလဲ ဟေအမှုအရာများ မဖြစ်ပျက်ခင် လူလို့ဟ နင်လို့အား ဖမ်းဆီးညှဉ်းဆဲကြလိမ့်မယ်၊ နင်လို့အား တရားဇရပ်များတွင် တရားစီရင်ရန် အပ်နှံယွေ့ ထောင်များတွင် အကျဉ်းချ ထားကြလိမ့်မယ်၊ နင်လို့ဟ ငါရဲ့နာမကျောန့် ဘုရင်များနဲ့ အာဏာပိုင်များရဲ့ ဆေ့မှောက်သို့ ရောက်ရကြလိမ့်မယ်။
ခမည်းတော်ဟ ငါ့အား အုပ်စိုးခွင့် အပ်လဲ့နည်းတူ ငါဟလည်း နင်လို့အား အုပ်စိုးခွင့်ဟို ပေးလိမ့်မယ်။
ယေရှုဟ သူ့တဘဲ့တော်များဟို ကျေ့ပင်း၊ “ဆင်းရဲသော နင်လို့ဟ မင်္ဂလာဆိကြအယ်၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ နင်လို့ရဲ့ နိုင်ငံ ဖြစ်အယ်။
“လူသားကျောန့် လူလို့ဟ နင်လို့ဟို မုန်းသောအခါနှိုက် လည်းကောင်း၊ ငြင်းပယ်ကြသောအခါနှိုက် လည်းကောင်း၊ စော်ကားခံရသောအခါနှိုက် လည်းကောင်း၊ မကောင်းသောသူဟု ပြောကြသောအခါနှိုက် လည်းကောင်း၊ နင်လို့ဟ မင်္ဂလာဆိကြအယ်။
‘အစေခံဟ သခင်ထက် ကြီးမြတ်တာ မဟုတ်’ ဟု နင်လို့အား ငါပြောခဲ့တာဟို သတိရကြလော့။ သူလို့ဟ ငါ့ဟို ညှဉ်းဆဲရင် နင်လို့ဟိုလည်း ညှဉ်းဆဲကြလိမ့်မယ်၊ ငါ့စကားဟို နားထောင်ရင် နင်လို့ရဲ့ စကားဟိုလည်း နားထောင်ကြလိမ့်မယ်။
သူလို့ဟ တမန်တော်လို့ဟို ခေါ်လျက် သူလို့အား ကြိမ်ဒဏ်ခတ်ကာ “ယေရှုရဲ့ နာမဟို အမှီပြုယွေ့ သွန်သင်ခြင်းဟို နောက်တခါ မပြုရ” ဟု အမိန့်ပေးပင်းနောက် လွှတ်လိုက်ကြအယ်။
ရှောလုဟ သတေဖန်ရဲ့ လူသတ်မှုဟို သက်သေပြုခဲ့အယ်။ အဲနေ့မှ စပင်း ယေရုရှလင်မြို့ဆိ အသင်းတော်အပေါ် ပြင်းထန်သော ညှဉ်းဆဲခြင်းဟို ခံရအယ်။ တမန်တော်လို့မှ လွဲယွေ့ ယုံကြည်သူများ အားလုံးဟ ယုဒပြေနဲ့ ရှမာရိပြေများ တဆှောက် ကျဲပြေးကြကုန်အယ်။
ငါလို့ ခဏခံရသော ပေါ့ပါးလဲ့ ဆင်းရဲဒုက္ခဟ အတိုင်းအထက် ရမ်းဆာ့ကြီးမြတ်လဲ့ ထာဝရ ဘုန်းအသရေဟို ငါလို့အား ခံစားစေလိမ့်မယ်။
နင်လို့ရဲ့ ရန်သူများဟို မကြောက်ကြနဲ့။ အခါခပ်သိမ်း ရဲရင့်ကြလော့။ ဟေအရာပင်လျှင် ရန်သူလို့အတွက် ရှုံးနိမ့်ခြင်း ဖြစ်ကျောန်းနဲ့ နင်လို့ အောန်မြင်ခြင်းဖြစ်ကျောန်းဟို သူလို့အား သက်သေပြလိမ့်မယ်။ ပစာကို့ နင်လို့အား အောန်ပွဲခံစေသောသူဟ ဘုရားသခင် ဖြစ်အယ်။
ငါလို့ဟ သည်းခံရင် ကိုယ်တော်နဲ့အတူ စိုးစံလိမ့်မယ်။ ငါလို့ဟ ကိုယ်တော်အား စွန့်ပယ်ရင် ကိုယ်တော်ဟ ငါလို့အား စွန့်ပယ်လိမ့်မယ်။
အန္တိအုတ်မြို့၊ ဣကောနိမြို့နဲ့ လုတ္တရမြို့လို့တွင် ငါ့အပေါ် ကျရောက်လဲ့ ညှဉ်းဆဲခြင်းနဲ့ ဒုက္ခဝေဒနာလို့နှိုက် လည်းကောင်း၊ ထက်ကြပ်မကွာ ပါဆိခဲ့အယ်၊ အဲလိုမျိုး ညှဉ်းဆဲခြင်းများဟို ငါခံရသော်လည်း သခင်ဘုရားဟ အဲအရာအလုံးစုံလို့မှ ငါ့ဟို ကယ်နုတ်အယ်။
စုံစမ်းနှောင့်ယှက်ခြင်းဟို သည်းခံသောသူဟ မင်္ဂလာဆိအယ်။ အကျောန်းမှာ စစ်ကြောစုံစမ်းခြင်းဟို ခံပင်းမှ ဘုရားသခင်ဟို ချစ်သောသူလို့အား ကတိထားသော အသက်သရဖူဟို ရလိမ့်မယ်။
သည်းခံနိန်သောသူလို့ဟ မင်္ဂလာဆိသူ ဟူယွေ့ ငါလို့ ခေါ်ကြအယ်။ ယောဘဟ သည်းခံကျောန်းဟို နင်လို့ ကြားရကြပီ။ ထာဝရဘုရားဟ မိမိအမှုဟို လက်စသတ်ရာမှာ ရမ်းဆာ့ ကရုဏာထားကျောန်းဟိုလည်း သိမျော်ရကြပီ။
မာရ်နတ်နဲ့ စပ်ဆိုင်တာဖြစ်ယွေ့ မိမိရဲ့ ညီအာဗေလဟို သတ်သောသူ ကာဣနလို ငါလို့ မဖြစ်စေကြနဲ့။ ကာဣနဟ မိမိရဲ့ ညီဟို ပစာကျောန့် သတ်လုန်း။ သူရဲ့ အကျင့်ဟ ဆိုးညစ်ယွေ့ သူ့ညီရဲ့ အကျင့်ဟ ဖြောင့်မတ်သောကျောန့် ဖြစ်အယ်။
နင် ခံစားရတော့မဲ့ ဒုက္ခဝေဒနာများဟို မကြောက်နဲ့၊ ကျေ့ရှုလော့။ နင်ဟ စုံစမ်းခြင်းဟို ခံရမဲ့အကျောန်း မာရ်နတ်ဟ နင်လို့အထဲမှ အချို့လို့ဟို ထောင်ထဲနှိုက် ထည့်ထားလိမ့်မယ်။ နင်လို့ဟ ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခဟို ခံရကြလိမ့်မယ်။ အသေခံရလဲ့တိုင်အောန် သစ္စာစောင့်လော့။ အဲလိုပြုရင် အသက်သရဖူဟို နင့်အား ငါ ပေးမယ်။