22 သူလို့ဟ ခုတုံးပင် လှေနဲ့ သူလို့အဖဟို ထားခဲ့ပင်း ကိုယ်တော်ရဲ့ နောက်ဟို လိုက်ကြအယ်။
“တစုံတယောက်ဟ သူလို့ မိဖဟို ငါ့ထက်ပိုယွေ့ ချစ်သူဟ ငါနဲ့မထိုက်တန်၊ တစုံတယောက်ဟ သူလို့ရဲ့သား အဲဟာမဟုတ်ရင် သမီးဟို ငါ့ထက်ပိုယွေ့ ချစ်သူဟ ငါနဲ့မထိုက်တန်။
ယေရှုဟ အဲအရပ်မှ ဆက်ယွေ့ ဆှောက်သွားစဉ်၊ အခြား ညီအကို နေယောက်ဖြစ်လဲ့ ဇေဗေဒဲရဲ့သား ယာကုပ်နဲ့ သူရဲ့ညီယောဟန်လို့ဟို မျော်အယ်။ မိမိလို့ အဖ ဇေဗေဒဲနဲ့အတူ လှေထဲတွင် ပိုက်ကွန်များဟို အသင့်ပြင်လျက် ဆိအယ်။ ယေရှုဟ သူလို့ဟို ခေါ်အယ်၊
ယေရှုဟ ဂါလိလဲပြေတဆှောက်လုံး ပတ်သွားပင်း၊ တရားဇရပ်များတွင် သွန်သင်ကာ၊ နိုင်ငံတော်နဲ့ယှဉ်သော သတင်းကောင်းဟို ဟောပင်း၊ လူလို့တွင် အနာရောဂါအမျိုးမျိုးနဲ့ အဖျားအနာဆိသမျှလို့ဟို ငြိမ်းစေအယ်။
ယေရှုဟ သူလို့ဟို မျော်ရင် ခုတုံးခေါ်လိုက်သဖြင့် သူလို့ဟ အဖ ဇေဗေဒဲဟို လူငှားများနဲ့ လှေထဲတွင် ထားခဲ့ယွေ့ ယေရှု နောက်ဟို လိုက်ကြအယ်။
“ငါ့ဆေဟို လာသောသူလို့ဟ ငါ့ဟို ချစ်တာထက် တို့မေနဲ့ တို့ဖ၊ ပေါင်အိုမနဲ့ သားသမီး၊ ညီအကိုနဲ့ မောင်နှမနဲ့ မိမိတတ်တိုင်း ပိုယွေ့ ချစ်သောသူဟ ငါ့တဘဲ့ မဖြစ်နိန်။
အေးတိုင်းတိုင်း “စသူငြမ်းငြမ်း သူ့မှာ ဆိသမျှဟို မစွန့်လောနိန်ရင် ငါ့တဘဲ့ ဖြစ်နိန်ဝူး။
သူလို့ဟ လှေဟို ကမ်းပေါ် ဆွဲတင်ပင်း ဆိသမျှအားလုံးဟို ထားပင်း ယေရှု နောက်လိုက်ကြအယ်။
အဲကျောန့် ငါလို့ဟ စသူ့ဟိုမျှ လူ့စံနှုန်းများဖြင့် တရားမစီရင်တော့ပါ။ တချိန်ဟ ငါလို့ဟ ခရစ်တော်ဟို လူ့စံနှုန်းများနဲ့အညီ တရားစီရင်ခဲ့သော်လည်း အခုခါနှိုက် အဲသို့ မပြုတော့ပါ။