17 အဲအခါမှစပင်း ယေရှုဟ “နင်လို့ အပစ်များမှ နောင်တရပင်း လှည့်ပြန်ကြလော့။ အကျောန်းမှာ ခေါန်းခင်နိုင်ငံတော် တည်လုနီးပီ” ဟု ဟောခဲ့အယ်။
နင်လို့သွားပင်း ‘ခေါန်းခင်နိုင်ငံတော် တည်လုနီးပီ’ ဟု ဟောပြောကြလော။
နှစ်ခြင်းဆရာယောဟန် စတင်ဟောပြောချိန်မှ ခနေ့တိုင်အောန်၊ ခေါန်းခင်နိုင်ငံတော်ဟ အကြမ်းဖက်လို့ရဲ့ တိုက်ခိုက်မှုဟို ခံရအယ်၊ အားပင်း အကြမ်းဖက်သမားလို့ဟ အဲနိုင်ငံဟို သိမ်းယူရန် ကြိုးစားကြအယ်။
ယေရှုဟ “နင်လို့သည် ခေါန်းခင်နိုင်ငံတော်နဲ့ဆိုင်သော နက်နဲလဲ့ အကျောန်းအရာများဟို သိရသောခွင့် ပေးထားကြပေမဲ့ သူလို့ဟ အဲအခွင့်ဟို မရကြ။
ယေရှုဟ အခြားပုံဥပမာဟို ဆောင်ပင်း သူလို့အား မိန့်တာဟ “ခေါန်းခင်နိုင်ငံတော်သည် လူတယောက်ဟ မိမိဂျုံအစေ့ မျိုးကောင်းမျိုးသန့်ဟို ကြဲသောသူနဲ့တူအယ်။
“အဲပင်းရင် ခေါန်းခင်နိုင်ငံတော်သည် တံငါသည်အချို့လို့ဟ အိန်တွင် သူလို့ရဲ့ ပိုက်ကွန်ဟို ချယွေ့ ငါးအမျိုးမျိုးဟို အုပ်မိသောအရာနဲ့ တူအယ်။
“ကြားရန် နားဆိသောသူ စသူမဆို ကြားပါစေ” ဟု မိန့်အယ်။
“အေးကာလနှိုက် ခေါန်းခင်နိုင်ငံတော်ဟ မီးဖူးများဟို ယူယွေ့ မင်္ဂလာဆောင်သတို့သားဟို ကြိုဆိုရန် ထွက်သွားလဲ့ အပျိုကညာဆယ်ယောက်လို့နဲ့ တူလိမ့်မယ်။
“နင်လို့ အပစ်များမှ နောင်တရပင်း လှည့်ပြန်ကြလော့၊ ပစာကို့ ခေါန်းခင်နိုင်ငံတော် တည်လုနီးပီ” ဟု ဟောပြောလေအယ်။
နိုင်ငံတော် တည်ထောင်စေမန့်။ အလိုတော်ဟ ခေါန်းခင်ဘုံနှိုက် ပြေ့စုံသလိုမျိုး မြေကြီးပေါ်မှာ ပြေ့စုံစေမန့်။
‘ယဇ်ပူဇော်ခြင်းဟို မဟုတ်ဘဲ ကရုဏာဟို အလိုဆိအယ်’ ဟူသော ကျမ်းစကားဟို နားလည်ခြင်းငှာ နင်လို့ သွားယွေ့ လေ့လာကြလော။ အကျောန်းမှာ ငါဟ ဖြောင့်မတ်သောသူလို့ဟို ခေါ်ရန် လာတာ မဟုတ်ဘဲ အပစ်သားများဟို ခေါ်ရန် ငါလာအယ်” ဟု မိန့်အယ်။
အေးတိုင်းတိုင်း နောင်တရသော အပစ်သားတယောက်အတွက် ဘုရားသခင်ရဲ့ ခေါန်းခင်တမန်များ ဝမ်းသာခြင်းဆိအယ်ဟု နင်လို့အား ငါဆိုအယ်” ဟု ပြောအယ်။
အေးနည်းတိုင်းတိုင်း နောင်တရစရာမလိုလဲ့ ဖြောင့်မတ်သောသူ ကိုးဆယ့်ကိုးယောက်ထက် နောင်တရလဲ့ အပစ်သားတဦးအတွက် ခေါန်းခင်ဘုံနှိုက် ပိုယွေ့ ကြီးသော ဝမ်းမြောက်ခြင်းဆိလိမ့်မယ်ဟု နင်လို့အား ငါဆိုအယ်။
နာမတော်ဟို အမှီပြုယွေ့ နောင်တရခြင်းတရားနဲ့ အပစ်ဖြေလွှတ်ခြင်း တရားဟို ယေရုရှလင်မြို့မှ အစပြုယွေ့ လူမျိုးအပေါင်းလို့ဟို ဟောပြောရမယ်။
ယေရှု အမှုတော်ဟို စတင် ဆောင်ရွက်သောအခါ၊ သူဟ အသက်သုံးဆယ်ခန့် ဆိအယ်။ လူလို့ ထင်မြင်ယူဆချက်အရ ကိုယ်တော်ဟ ယောသပ်ရဲ့ သား ဖြစ်အယ်၊ ယောသပ်ဟ ဧလိရဲ့ သား၊
ငါဟ နောင်တရပင်း ဂုဏ်အသရေဆိသူများဟို ခေါ်ဖို့ လာတာ မဟုတ်၊ အဲလိုလဲ အပယ်ခံရသူများဟို ခေါ်ဖို့ လာအယ်” ဟု မိန့်အယ်။
အေးနောက် ယေရှုဟ ဘုရားသခင်ရဲ့ နိုင်ငံတော်အကျောန်းဟို ဟောပြောရန်နဲ့ ဖျားနာသူများဟို ကျန်းမာစေဖို့ သူလို့ဟို စေလွှတ်အယ်။
အဲစကားဟို ကြားသောအခါ အေးသူလို့ဟ ပစ်တင် ဝေဖန်မှုဟို မပြုကြတော့ဘဲ “ဘုရားသခင်ဟ လူမျိုးခြားလို့အားလည်း နောင်တရယွေ့ အသက်ဆှင်ခွင့်ဟို ပေးလေအယ်” ဟု ဆိုယွေ့ ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းကြအယ်။
ဘုရားသခင်ဟ လူလို့ မသိလဲ့အချိန်များဟို မမှတ်ထားဖူးခဲ့သော်လည်း၊ အခုအခါနှိုက် နေရာတိုင်းဆိ လူအပေါင်းလို့အား နောင်တရကြရန် အမိန့်ပေးအယ်။
ပေတရုဟ သူလို့ဟို “နင်လို့ အယောက်စီတိုင်း အပစ်မှ နောင်တရကြပင်း၊ နင်လို့ အပစ်များ ဖြေလွှတ်စေရန် ယေရှု ခရစ်ရဲ့ နာမနှိုက် နှစ်ခြင်းဟို ခံလော့။ အားပင်း နင်လို့ဟ သန့်ဆှင်းသော ဝိညာဉ်တော် တည်းဟူသော ဘုရားသခင်ရဲ့ လက်ဆောင်ဟို ရဆိကြလိမ့်မယ်။
နောင်တရယွေ့ ဘုရားသခင်ဆေဟို ချဉ်းကပ်ကြစေရန်နဲ့ ငါလို့ သခင် ယေရှုဟို ယုံကြည်ကြစေရန် ငါဟ ယုဒလူများနဲ့ လူမျိုးခြားများအား လေးနက်စွာ သတိပေးခဲ့အယ်။
ပထဦးဆုံး ဒမာသက်မြို့နှိုက်ဆိသော သူလို့ဟို လည်းကောင်း၊ အဲပင်းရင် ယေရုရှလင်မြို့မှစပင်း ယုဒပြေတပြေလုံးဆိ လူလို့အား လည်းကောင်း၊ လူမျိုးခြားလို့အား လည်းကောင်း အပစ်များမှ နောင်တရပင်း ဘုရားသခင်ဆေဟို ပြောင်းလဲကာ သူလို့ဟို နောင်တနဲ့ ထိုက်တန်သောအမှုများဟို ပြုကြရန် ငါ ဟောပြောခဲ့အယ်။
အေးလိုမို့ ဘုရားသခင်ဟ နင်လို့ရဲ့ အပစ်များဟို ဖြေလွှတ်စေရန် နောင်တရယွေ့ ပြောင်းလဲကြလော့။ အဲလိုဖြစ်ခါမှသာ၊
အဲကျောန့် ငါလို့ဟ ခရစ်တော်နဲ့ဆိုင်သော အခြေခံ သွန်သင်ချက်ဟို ချန်ထားယွေ့ စုံလင်ခြင်းဟို တက်လှမ်းကြစို့။ အဲအခြေခံ တရားများဟို နင်လို့အား ငါလို့ သွန်သင်ပေးပင်း ဖြစ်သဖြင့် ထပ်မံ သွန်သင်ပေးရန် မသင့်၊ အကျိုးမပေးတတ်လဲ့ အကျင့်များဟို စွန့်ကာ ဘုရားသခင်အား ယုံကြည်ရန် လိုအပ်ကျောန်း နင်လို့ သိဆိကြပင်း ဖြစ်အယ်၊