5 ခေါန်းခင်တမန်ဟ မိန်းမလို့အား “မကြောက်ကြနဲ့၊ လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ခံရသော ယေရှုဟို နင်လို့ ဆာနေကျောန်းဟို ငါသိအယ်။
ယေရှုဟ သူလို့အား “အားမငယ်ကြနဲ့၊ ငါပင် ဖြစ်အယ်၊ မကြောက်ကြနဲ့” ဟု ခုတင်ချင်း မိန့်အယ်။
အဲအခါ ယေရှုဟ “မကြောက်ကြနဲ့၊ သွားယွေ့ ငါရဲ့ညီအကိုများအား ဂါလိလဲပြေဟို သွားရန် ဟောကြားလော့။ သူလို့ဟ အေးပြေတွင် ငါ့ဟို မျော်ရကြလိမ့်မယ်” ဟု မိန့်အယ်။
အစောင့်တပ်သားများဟ ခေါန်းခင်တမန်ဟို ရမ်းဆာ့ ကြောက်လန့်သဖြင့် တုန်လှုပ်ကာ လူသေလိုမျိုး ဖြစ်သွားကြအယ်။
သူဟ “မထိတ်လန့်ကြနဲ့” ဟု ပြောအယ်။ နင်လို့ဟ လက်ဝါးကပ်တိုင်တွင် တင်ယွေ့ အသတ်ခံရသူ နာဇရက်မြို့သား ယေရှုဟို ဆာလျက်နေတာဟို ငါသိအယ်။ သူဟ ဟေမှာမဆိ၊ ကိုယ်တော်ဟ ထမြောက်ပီ။ ကိုယ်တော်ရဲ့ အလောင်းဟို ထားသောနေရာဟို ကျေ့ကြလော့။
ခေါန်းခင်တမန်ဟ “မာရိ၊ မကြောက်နဲ့၊ နင်ဟ ဘုရားသခင် ဆေ့မှာ မျက်နှာရပီ။
အမျိုးသမီးများဟ ကြောက်ရွံ့ယွေ့ မြေပေါ်မှာ ပျပ်ဝပ်နေကြအယ်။ အေးသူနေယောက်ဟ “ပစာကို့ နင်လို့ဟ အသက်ဆှင်နေသူဟို သေသောသူလို့ ထားလဲ့အရပ်မှာ ဆာနေကြလုန်း။
အဲလိုလဲ ဘုရားသခင်ဟ သူ့အား သေခြင်းမှ ထမြောက်စေပင်း သူ့ရဲ့ တန်ခိုးတော်အားဖြင့် လွတ်မြောက်စေအယ်၊ ပစာကို့ အေးအဆှင်ဟို သေခြင်းဟ အစဉ်အမြဲ ကိုယ်တော်ဟို တုတ်ချေယွေ့ မရနိန်။
ခေါန်းခင်တမန်အားလုံးလို့ဟ ကယ်တင်ခြင်းဟို အမွေဆက်ခံမဲ့သူများရဲ့ အမှုဟို ဆောင်ရွက်ရန် စေလွှတ်ခြင်းခံရလဲ့ အစေခံ ဝိညာဉ်များ ဖြစ်ကြတာ မဟုတ်လော။