18 ယေရှုဟ သူလို့ အနီးဟို ကြွလာလျက် “ခေါန်းခင်ဘုံနဲ့ မြေကြီးပေါ် ဆိသမျှသောတန်ခိုး အာဏာလို့ဟို ငါဆေ ပေးအပ်ထားလေပီ။
“ငါ့ခမည်းတော်ဟ ခပ်သိမ်းသောအရာလို့ဟို ငါ့အား ပေးအပ်ထားလေပီ။ ခမည်းတော်မှတပါး အခြားစသူမျှ သားတော်ဟို မသိ။ ခမည်းတော်ဟိုလည်း သားတော်နဲ့ သားတော်ဖွင့်ပြလိုသူများမှတပါး အခြားစသူမျှ မသိ။
နင်လို့အား ငါ အမန်အကန် ဆိုတာဟ လူသားဟ နိုင်ငံတော်တည်လျက် ကြွလာတာဟို ဟေအရပ်နှိုက် ရပ်နေသော လူအချို့လို့ဟ မမျော်ခင် မသေရကြ” ဟု မိန့်အယ်။
ယေရှုဟ “နင်ဟောသည် အတိုင်းမန်ပေမဲ့ နင်လို့အား ငါပြောတာဟ နောင်အခါတွင် လူသားဟ အနတ္တတန်ခိုးဆှင်ရဲ့ လက်ယာဘက်တွင် ထိန်လျက်နေတာဟိုလည်းကောင်း၊ ခေါန်းခင် မိုးချေးသားဟို စီးယွေ့ ကြွလာတာဟို လည်းကောင်း နင်လို့ မျော်ရကြမယ်” ဟု မိန့်အယ်။
“ငါ့အဖဟ အရာအားလုံးဟို ငါ့အား ပေးအယ်၊ သားတော်ဟ စသူဖြစ်ကျောန်းဟို ခမည်းတော်မှလွဲရင် စသူမှ မသိ၊ အဖဟ စသူဖြစ်ကျောန်းဟိုလည်း သားတော်နဲ့ သားတော်ဟ ဖော်ပြလိုသူမှလွဲရင် စသူမှ မသိ” ဟု မိန့်အယ်။
ယေရှုဟ မိမိအား ခမည်းတော်ဟ အာဏာအားလုံး လွဲအပ်ထားကျောန်း၊ မိမိဟ ဘုရားသခင်ဆေမှ ကြွလာယွေ့ ဘုရားသခင်ဆေသို့ ပြန်တော့မယ်ဟိုလည်း သိအယ်။
အကျောန်းမှာ ကိုယ်တော်ဟ သားတော်အား လူအားလုံးဟို အုပ်စိုးရသောအခွင့်ဟို ပေးပီ၊ ဟေဟာဟ သားတော်သည် ကိုယ်တော်ပေးအပ်သမျှသောသူလို့အား ထာဝရအသက်ဟို ပေးနိန်ရန်အတွက် ဖြစ်အယ်။
အထက်မှ ကြွလာသောသူဟ အလုံးစုံလို့ထက် ကြီးမြတ်အယ်။ မြေကြီးမှ ဖြစ်သောသူဟ မြေကြီးနဲ့ဆိုင်ယွေ့ မြေကြီးနဲ့ဆိုင်သောအရာများဟို ပြောတတ်အယ်၊ ခေါန်းခင်မှ ကြွလာသောသူဟ အလုံးစုံလို့ရဲ့ အထက်မှာ ဆိအယ်။
ခမည်းတော်ဟ သူ့သားတော်ဟို ချစ်ယွေ့ အရာခပ်သိမ်းလို့ဟို သားတော်လက်သို့ ပေးအပ်ပီ။
ဘုရားသခင်ဟ လူအပေါင်းလို့ရဲ့ အဆှင် သခင်ဖြစ်သော ယေရှု ခရစ်တော်အားဖြင့် ငြိမ်သက်ခြင်းနဲ့ဆိုင်သော သတင်းကောင်းဟို ဟောပြောယွေ့ ဣသရေလအမျိုးသားလို့ဆေ ပေးပို့သော နှုတ်ကပတ်တရားတော်ဟို နင်လို့ သိကြအယ်။
“အဲလိုမို့ ဣသရေလအမျိုးသား အားလုံးလို့၊ မေဆှိယနဲ့ အဆှင်အဖြစ်ဖြင့် လည်းကောင်း၊ ဘုရားသခင် ခန့်ထားသောသူဟ နင်လို့ လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်ကြလဲ့ ယေရှုပင် ဖြစ်ကျောန်း အမန် သိမှတ်ကြလော့” ဟု ဟောလေအယ်။
အေးကျောန်းကျောန့် ခရစ်တော်ဟ သေသောသူလို့နဲ့ ဆှင်သောသူလို့ရဲ့ အဆှင်ဖြစ်လိုသောငှာ အသေခံယွေ့ အသက်ပြန်ဆှင်အယ်။
ကျမ်းစာတော်တွင် ဘုရားသခင်ဟ ခပ်သိမ်းသောအရာလို့ဟို ကိုယ်တော်ရဲ့ ခြေဖဝါးအောက်သို့ ချထားတာ ဟု လာအယ်။ ခပ်သိမ်းသောအရာလို့တွင် ဘုရားသခင် မပါဝင်ကျောန်း ထင်ဆှားအယ်။ ခပ်သိမ်းသောအရာတွင် ခရစ်တော်ရဲ့ ခြေဖဝါးအောက်သို့ ချထားသော အဆှင်ဟ ဘုရားသခင် ဖြစ်သောကျောန့်တည်း။
နင်လို့ဟ ကိုယ်တော်နဲ့ တလုံးတဝတည်း ဖြစ်ခြင်းအားဖြင့် ကြွယ်ဝသော အသက်ဟို ရဆိကြအယ်။ အဲသူဟ ဝိညာဉ်ရေးဆိုင်ရာ တန်ခိုးနဲ့ အခွင့်အာဏာဆိသူတိုင်းအပေါ်တွင် အမြင့်မြတ်ဆုံး ဖြစ်အယ်။
အားပေမဲ့ ဟေနောက်ဆုံးသော နေ့ရက်များတွင် သားတော်အားဖြင့် ငါလို့အား စကားပြောအယ်၊ အဲသားတော်အားဖြင့် စကြာဝဠာဟို ဖန်ဆင်းယွေ့ နောက်ဆုံးနှိုက် အလုံးစုံဟို ပိုင်သစေရန် သားတော်ဟို ခန့်ထားအယ်။
အရာခပ်သိမ်းလို့ဟို သူရဲ့ ခြေအောက်နှိုက် ချထားပီ” ဟု ဖော်ပြထားအယ်။ “အရာခပ်သိမ်းလို့ဟို သူ့အောက်နှိုက် ချထားပီ” ဟု ဆိုရာတွင် သူ့အောက်နှိုက် မချထားဘဲ ချန်ထားလဲ့ အရာတစုံတခုမျှ မဆိ။ အခုမှာ အရာခပ်သိမ်းလို့ဟို သူ့အောက်နှိုက် ချထားလျက် ဆိတာဟို ငါလို့ မမျော်ရသေး။
အေးသခင်ဟ ခေါင်းခင်ဘုံဟို ကြွယွေ့ ခေါန်းခင်တမန်များ၊ အာဏာစက်များနဲ့ တန်ခိုးလို့ဟို မိမိလက်အောက်နှိုက် ချထားလျက် ဘုရားသခင်ရဲ့ လက်ယာဘက်နှိုက် ဆိနေအယ်။
သတ္တမ ခေါန်းခင်တမန်ဟ တံပိုးခရာဟို မှုတ်လိုက်သောအခါ ခေါန်းခင်ဘုံနှိုက် အသံအကျယ်ရီး ထွက်ပေါ်လာလျက် “လောကီနိုင်ငံဟ ငါလို့အဆှင်နဲ့ ခရစ်တော်ရဲ့ နိုင်ငံ ဖြစ်လေပီ။ သူဟလည်း ကမ္ဘာအဆက်ဆက် စိုးစံလိမ့်မယ်” ဟု ဆိုအယ်။
သူလို့ဟ သိုးသငယ်ဟို စစ်တိုက်ယွေ့ သိုးသငယ်ဟ နိန်လိမ့်မယ်။ အကျောန်းမှာ သိုးသငယ်ဟ သခင်လို့ရဲ့ သခင်၊ ဘုရင်လို့ရဲ့ ဘုရင် ဖြစ်အယ်။ ကိုယ်တော်နဲ့အတူ ဆိသော သူလို့ဟလည်း ခေါ်သောသူ၊ ရွေးချယ်သောသူ၊ သစ္စာဆိသောသူ ဖြစ်ကြအယ်။
ကိုယ်တော်ရဲ့ ဝတ်လုံနဲ့ ပေါင်လို့တွင် “ဘုရင်တကာလို့ရဲ့ ဘုရင်၊ အဆှင်တကာလို့ရဲ့ အဆှင်” ဟူသော အမယ်နာမဟို ရေးထားလျက် ဆိအယ်။