17 သူလို့ဟ ကိုယ်တော်ဟို မျော်သောအခါ ပျပ်ဝပ်ရှိခိုးကြပေမဲ့ အေးသူလို့အနက် တချို့သောသူလို့ဟ သံသယ ဖြစ်ကြအယ်။
နင်လို့အား ငါ အမန်အကန် ဆိုတာဟ လူသားဟ နိုင်ငံတော်တည်လျက် ကြွလာတာဟို ဟေအရပ်နှိုက် ရပ်နေသော လူအချို့လို့ဟ မမျော်ခင် မသေရကြ” ဟု မိန့်အယ်။
အဲအချိန်နှိုက် ယေရှုဟ သူလို့ဆေဟို ရောက်ဆိလာကာ “နင်လို့ဟ မင်္ဂလာဆိပါစေသော” ဟု မိန့်အယ်။ သူလို့ဟ အထံတော်ဟို ချဉ်းကပ်ယွေ့ ခြေထောက်ဟို ဖက်ယမ်းလျက် ပျပ်ဝပ်ရှိခိုးကြအယ်။
ယေရှု အသက်ဆှင်ယွေ့၊ ကိုယ်တော်အား မာရိ မျော်ခဲ့ရကျောန်း၊ သူလို့ ကြားသောအခါ မယုံကြ။
သူလို့ ပြန်လာပင်း အခြားသူတွေဟို ပြောပြအယ်၊ အဲလိုလဲ သူလို့ဟ မယုံကြ။
အဲပင်းရင် ယေရှုဟ တဆယ့်တပါးသော တဘဲ့တော်လို့အား စားသောက်နေစဉ် သူလို့ဟို ကိုယ်ထင်ပြလေအယ်။ သူလို့တွင် ယုံကြည်ခြင်းမဆိသောကျောန့် ကိုယ်တော်အား ဖူးမျော်ရသူလို့ရဲ့စကားဟို မယုံနိန်လောက်အောန် သူလို့ဟ ခေါင်းမာသောကျောန့်၊ ကိုယ်တော်ဟ သူလို့အား ပစ်တင်ဆုံးမလေအယ်။
အဲလိုမို့ လူအပေါင်းလို့ဟ ခမည်းတော်အား ရိုသေကြလဲ့တိုင်း သားတော်အား ရိုသေကြရမယ်။ သားတော်အား မရိုသေသောသူဟ သားတော်ဟို စေလွှတ်သော ခမည်းတော်အား မရိုသေသောသူ ဖြစ်အယ်။
ကိုယ်တော်ဟ ဒုက္ခဝေဒနာ ခံစားပင်းနောက် မိမိအသက်ဆှင်လျက် ဆိကျောန်း အေးတမန်တော်လို့အား ရမ်းဆာ့ အထောက်အထားလို့ဖြင့် ပြသကာ ရက်ပေါင်းလေးဆယ်အတွင်း သူလို့ဆေ ထင်ဆှားယွေ့ ဘုရားသခင်ရဲ့ နိုင်ငံတော်အကျောန်းဟို ဟောပြောအယ်။
အဲပင်းရင် ကိုယ်တော်အား ညီအကို ငါးရာကျော်လို့ဟ တပြိုင်နက် မျော်ရကြအယ်။ အဲသူလို့တွင် လူတချို့လို့ဟ သေလွန်ပင်း ဖြစ်သော်လည်း လူအများစုမှာ အခုတိုင်အောန် အသက်ဆှင်လျက် ဆိကြအယ်။