10 အဲအခါ ယေရှုဟ “မကြောက်ကြနဲ့၊ သွားယွေ့ ငါရဲ့ညီအကိုများအား ဂါလိလဲပြေဟို သွားရန် ဟောကြားလော့။ သူလို့ဟ အေးပြေတွင် ငါ့ဟို မျော်ရကြလိမ့်မယ်” ဟု မိန့်အယ်။
ယေရှုဟ သူလို့အား “အားမငယ်ကြနဲ့၊ ငါပင် ဖြစ်အယ်၊ မကြောက်ကြနဲ့” ဟု ခုတင်ချင်း မိန့်အယ်။
ဘုရင်ဟ ‘နင်လို့အား ငါ အမန်အကန်ပြောတာဟ ငါရဲ့ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူ တယောက်အား နင်လို့ ပြုခဲ့သမျှဟ ငါ့အား ပြုခဲ့ခြင်းဖြစ်အယ်’ ဟု မိန့်လိမ့်မယ်။
ဘုရင်ဟ ‘နင်လို့အား ငါ အမန်အကန် ပြောတာဟ သိမ်ငယ်သည့် ဟေသူများအနက် တစုံတယောက်သောသူဟို နင်တို့ မပြုမစုဘဲနေခဲ့သမျှဟ ငါ့ဟို မပြုမစုဘဲ နေခဲ့ခြင်းဖြစ်အယ်’ ဟု မိန့်လိမ့်မယ်။
အဲလိုလဲ ငါဟ သေခြင်းမှ ထမြောက်ပင်းနောက် နင်လို့ထက် ဦးရင် ဂါလိလဲပြေဟို သွားနှင့်မယ်” ဟု မိန့်အယ်။
တဘဲ့တော် တဆယ့်တဦးလို့ဟ ယေရှု မှာကြားလဲ့အတိုင်း ဂါလိလဲပြေ တောင်ပေါ်သို့ သွားကြအယ်။
ခေါန်းခင်တမန်ဟ မိန်းမလို့အား “မကြောက်ကြနဲ့၊ လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ခံရသော ယေရှုဟို နင်လို့ ဆာနေကျောန်းဟို ငါသိအယ်။
တဘဲ့တော်ဆေဟို အခုမြန်မြန်သွားပင်း ‘ကိုယ်တော်ဟ သေခြင်းမှ ဆှင်ပြန်ထမြောက်ပီ၊ နင်လို့ထက်အရင် ဂါလိလဲပြေဟို ကြွမယ်ဖြစ်ယွေ့ အဲအရပ်တွင် ကိုယ်တော်ဟို နင်လို့ တွေ့ရကြလိမ့်မယ်’ ဟု ပြောကြားကြလော့၊ ငါဟောလဲ့ စကားဟို မမေ့ကြနဲ့” ဟု ဆိုအယ်။
အဲအချိန်နှိုက် ယေရှုဟ သူလို့ဆေဟို ရောက်ဆိလာကာ “နင်လို့ဟ မင်္ဂလာဆိပါစေသော” ဟု မိန့်အယ်။ သူလို့ဟ အထံတော်ဟို ချဉ်းကပ်ယွေ့ ခြေထောက်ဟို ဖက်ယမ်းလျက် ပျပ်ဝပ်ရှိခိုးကြအယ်။
အဲလိုလဲ သွားယွေ့၊ ပေတရုနဲ့ ကိုယ်တော်ရဲ့ တဘဲ့တော်များအား “ကိုယ်တော်ဟ ဂါလိလဲပြေသို့ နင်လို့ ဦးရင်သွားနှင့်ပီ။ ကိုယ်တော် ပြောတဲ့အတိုင်း၊ အေးမှာ နင်လို့ သူဟို မျော်ရလိမ့်မယ်” ဟု ပြောအယ်။
ယေရှုဟလည်း “ငါဟ ခမည်းတော်ဆေဟို မတက်သွားရသေးလဲ့အတွက် ငါ့ဟို မထိနဲ့ဦး။ ငါ့ညီအကိုများဆေဟို သွားယွေ့ ‘ငါ့အဖဟူသော နင်လို့ရဲ့ ခမည်းတော်၊ ငါ့ ဘုရားသခင်ဟူသော နင်လို့ရဲ့ ဘုရားသခင်ဆေဟို ငါတက်သွားတော့မယ်’ ဟု သူလို့အား ပြောလော့” ဟု မိန့်အယ်။
ယေရှုဟ “မကြောက်ကြနဲ့၊ ငါပင် ဖြစ်အယ်” ဟု မိန့်အယ်။
ဘုရားသခင်ဟ ကြိုရွေးချယ်ထားသော သူလို့ဟို မိမိသားတော်ရဲ့ ပုံသဏ္ဌာန်တော်နဲ့အညီ ခွဲခန့်ထားအယ်။ အေးလို့ပြုလုပ်ခြင်းမှာ သားတော်ဟ ညီအကိုများထဲမှ သားဦးအရာ ဖြစ်စေချင်သောကျောန့် ဖြစ်အယ်။