56 အေးသူလို့အထဲတွင် မာဂဒလမြို့သူ မာရိ၊ ယာကုပ်နဲ့ ယောသပ်လို့ရဲ့ အမေ့ဖြစ်သူ မာရိနဲ့ ဇေဗေဒဲရဲ့ပေါင်အိုမလို့ ပါကြအယ်။
သူဟ လက်သမားဆရာရဲ့ သားမဟုတ်လော၊ သူ့မေ့ဟ မာရိ မဟုတ်လော၊ သူ့ညီများဟ ယာကုပ်၊ ယောသပ်၊ ရှိမုန်နဲ့ ယုဒလို့ မဟုတ်လော။
လုတ်တိုင်းဆေ့တွင် မာဂဒလမြို့သူ မာရိနဲ့ တခြားမာရိလို့ဟ ထိန်လျက် ဆိနေကြအယ်။
ဥပုသ်နေ့ပင်းနောက် တနင်္ဂနွေနေ့ မိုးလင်းခါနီး အချိန်နှိုက် မာဂဒလမြို့သူ မာရိနဲ့ တခြားမာရိလို့ဟ လုတ်တိုင်းဟို သွားကျေ့ကြအယ်။
မာဂဒလမြို့သူ မာရိနဲ့ ယောသပ်ရဲ့ အမေ့ မာရိလို့ဟ ယေရှုရဲ့ အလောင်းဟို ပစာနေရာနှိုက် ထားကြတာဟို ကျေ့ကြအယ်။
တနင်္ဂနွေနေ့ နက်စာအစောတွင် ယေရှုဟ သေခြင်းမှ ထမြောက်ပင်းနောက်၊ ကိုယ်တော်ဟ သူ့ဆေမှ နတ်ဆိုး ခုနစ်ဦးဟို မောင်းထုတ်ပေးခဲ့သော မာဂဒလမြို့သူ မာရိဆေ ဦးရင်ဆုံး ကိုယ်ထင်ပြအယ်။
အဲအကျောန်းအရာဟို တမန်တော်လို့ဟို ပြောကြားသူများမှာ မာဂဒလရွာသူ မာရိ၊ ယောဟန္န၊ ယာကုပ်ရဲ့ အမေဖြစ်သူ မာရိမှစယွေ့ တခြားသော အမျိုးသမီးများ ဖြစ်ကြအယ်။
နတ်ဆိုးစွဲခြင်း ဘေးနဲ့ အနာရောဂါဘေးလို့မှ ကျန်းမာလာသော မိန်းမတချို့လို့လည်း လိုက်ကြအယ်။ မာရိ (မာဂဒလလို့ ခေါ်လဲ့သူ) ဆေမှ နတ်ဆိုးခုနေကောင် ထွက်လာတဲ့သူ ဖြစ်အယ်။
ယေရှုရဲ့ လက်ဝါးကပ်တိုင်နားမှာ သူ့အမေ့နဲ့ သူ့အမေ့ရဲ့ညီမ ဖြစ်သော ကယာဖရဲ့ ပေါင်အိုမဖြစ်သူ မာရိနဲ့ မာဂဒလရွာသူ မာရိလို့ဟ ရပ်နေကြအယ်။
တနင်္ဂနွေနေ့ မိုးမလင်းခင် မိုက်နေသေးခါနှိုက် မာဂဒလမြို့သူ မာရိဟ လုတ်တိုင်းသို့ သွားယွေ့ တွင်းဝမှာပိတ်သော ကျောက်တုံးဟ ဖယ်လောထားတာဟို မျော်လေအယ်။
အဲလိုမို့ မာဂဒလရွာသူ မာရိဟ တဘဲ့တော်လို့ဆေဟို သွားယွေ့ သခင်ဘုရားဟို ငါတွေ့မျော်ကျောန်းနဲ့ သခင်ဘုရားဟ စလို မိန့်ကျောန်းဟို ပြောကြားလေအယ်။