55 အေးအရပ်တွင် အဝေးဟရပ်လျက် ကျေ့နေသော အမျိူးသမီးများဆိပင်း ဂါလိလဲပြေမှ ယေရှုရဲ့ နောက်တော်ဟို လိုက်ယွေ့ လုပ်ကျွေးသမှု ပြုကြသူများ ဖြစ်အယ်။
အဝေးကနေ လှမ်းကျေ့နေလဲ့ အမျိုးသမီးအချို့ ဆိနေအယ်။ အေးသူလို့အထဲတွင် မာဂဒလမြို့သူ မာရိ၊ မောင်ငယ် ယာကုပ်နဲ့ ယောသပ်လို့ရဲ့ အမိဖြစ်သူ မာရိနဲ့ ရှာလုံလို့ ပါအယ်။
သူလို့ဟ ဂါလိလဲပြေနှိုက် ဆိစဉ်တွင် ယေရှု နောက်တော်သို့ လိုက်ယွေ့ လုပ်ကျွေးသမှု ပြုခဲ့ကြအယ်။ သူလို့အပြင် ကိုယ်တော်နဲ့ ယေရုရှလင်မြို့သို့ လိုက်လာသော အခြားအမျိုးသမီးများလည်း အဲနေရာတွင် ဆိနေကြအယ်။