4 “ငါဟ အပစ်မဆိသောသူရဲ့ အသွေးဟို အပ်မိပါပီ” ဟု ဆိုအယ်။ အဲလိုလဲ အေးသူလို့ဟ “ငါလို့နဲ့ ဟေကိစ္စဟ စလိုဆိုင်လုန်း၊ နင်ရဲ့ တာဝန်သာ ဖြစ်အယ်” ဟု ပြန်ပြောကြအယ်။
ပိလတ်မင်းဟ တရားစီရင်ခြင်း ထိန်ခုံတွင် ထိန်နေခါ သူရဲ့ပေါင်အိုမဟ လူဟို စေလွှတ်ယွေ့ “အေးဖြောင့်မတ်သောသူနဲ့ ပတ်သက်ယွေ့ ပစာအရာဟိုမျှ မလုပ်ပါနဲ့။ ပစာကို့ ငါဟ မနေ့ည အိပ်မက်တွင် သူ့အတွက် စိတ်ဒုက္ခများစွာ ရောက်ရပါအယ်” ဟု ပြောစေအယ်။
တပ်မှူးနဲ့တကွ ယေရှုဟို စောင့်ကျေ့နေကြသော စစ်သားများဟ မြေငလျင်လှုပ်ခြင်းနဲ့ အခြားအဖြစ်အပျက်များဟိုလည်းကောင်း တွေ့မျော်ကြသောအခါ ရမ်းဆာ့ကြောက်လန့်ကြယွေ့ “ဟေသူဟ အမန်ပင် ဘုရားသခင်ရဲ့သားတော် ဖြစ်အယ်” ဟု ဆိုကြအယ်။
ပိလတ်မင်းဟ “သူဟ စလိုပစ်မှုဟို ကျူးလွန်လို့လုန်း၊ သူ့ဟို သေဒဏ်ပေးထိုက်သော အကျောန်း တခုတလေမှ ငါ မတွေ့။ အေးလိုမို့ သူ့ဟို ကြိမ်ဒဏ်ပေးယွေ့ လွှတ်လိုက်မယ်” ဟု သုံးခါမြောက် ပြောလေအယ်။
ငါလို့ဟ ကိုယ်ပြုသောအပစ်နဲ့ အလျောက် ခံရတာမို့ တရားသဖြင့် ခံရကြအယ်၊ အဲလိုလဲ သူဟ ပစာအပစ်မှ မကျူးလွန်ခဲ့” ဟု ဆိုလေအယ်။
ဟေအဖြစ်အပျက်ဟို မျော်သော တပ်မှူးဟ ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းလျက် “ဟေသူဟ အမန်ပင် သူတော်ကောင်း ဖြစ်အယ်” ဟု ပြောအယ်။
လူအုပ်ကြီးဟ “အဲသူဟ မိမိကိုယ်ကို ဘုရားသခင်ရဲ့ သားဟုပြောသောကျောန့် ငါလို့ တရားဥပဒေအရ သေဒဏ်ခံထိုက်အယ်” ဟု ပြန်ပင်း ဖြေလေအယ်။
အေးလို့ သူလို့ဟ ကိုယ်တော်နှိုက် သေဒဏ်စီရင်ထိုက်သော အပစ်တစုံတရာဟိုမျှ မတွေ့သော်လည်း၊ သူလို့ဟ ကိုယ်တော်ဟို သေဒဏ်ပေးရန် ပိလတ်မင်းအား တောင်းဆိုကြအယ်။
ပညတ်တရား ဆိုထားသမျှလို့ဟ ပညတ်တရား အောက်နှိုက် ဆိသော သူများအတွက် ဆိုထားကျောန်း အခု ငါလို့ သိကြအယ်။ အဲလိုမို့ စလောင်ဆိသမျှဟ ပိတ်ထားခြင်း ခံရယွေ့ လောကီသားအပေါင်းလို့ဟ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း လက်အောက်ဟို ကျရောက်ကြရန် ဖြစ်အယ်။
မိမိလို့ရဲ့ အသိစိတ်တွင် သံပူခတ်ခြင်း ခံရသလို အသိစိတ် ကင်းမဲ့သော သူတော်ကောင်းယောင်ဆောင်တတ်သူလို့ဟ အဲဩဝါဒများဟို ပေးကြအယ်။
သူလို့ဟ ဘုရားသခင်ဟို သိကြအယ်ဟု ဝန်ခံကြသော်လည်း သူလို့ပြုသော အမှုများအားဖြင့် ဘုရားသခင်ဟို ငြင်းပယ်ကြအယ်။ သူလို့ဟ စက်ဆုပ်ဖွယ်ကောင်းသောသူ၊ နာခံခြင်း မဆိသောသူ၊ ကောင်းသောအမှု ဆိသမျှနဲ့ မထိုက်တန်သောသူများ ဖြစ်ကြအယ်။
အဲလိုမို့ ယေရှုဟ ငါလို့နဲ့ သင့်လျော်သော ယဇ်ပုရောဟိတ်မင်း ဖြစ်အယ်။ ကိုယ်တော်ဟ သန့်ဆှင်းမြင့်မြတ်ယွေ့ အပစ်ကင်းလွတ်အယ်၊ အပစ်သားလို့နဲ့ ခွဲခြားထားခြင်း ခံရကာ ခေါန်းခင်သားအပေါင်းလို့ထက် ချီးမြှောက်ခြင်းဟို ခံအယ်။
အစွန်းအထင်း ကင်းလျက် အပစ်အနာအဆာ မဆိလဲ့ သိုးသငယ်လိုမျိုး ခရစ်တော်ရဲ့ အဖိုးတန်သော သွေးတော်အားဖြင့် ဖြစ်ကျောန်း နင်လို့ သိကြအယ်။
မာရ်နတ်နဲ့ စပ်ဆိုင်တာဖြစ်ယွေ့ မိမိရဲ့ ညီအာဗေလဟို သတ်သောသူ ကာဣနလို ငါလို့ မဖြစ်စေကြနဲ့။ ကာဣနဟ မိမိရဲ့ ညီဟို ပစာကျောန့် သတ်လုန်း။ သူရဲ့ အကျင့်ဟ ဆိုးညစ်ယွေ့ သူ့ညီရဲ့ အကျင့်ဟ ဖြောင့်မတ်သောကျောန့် ဖြစ်အယ်။
မြေကြီးပေါ်နှိုက် နေထိန်သောသူလို့ဟ အဲသူလို့ရဲ့ အဖြစ်ကျောန့် ဝမ်းမြောက်လျက် ပျော်ရွှင်ကြကာ တဦးဟို တဦး လက်ဆောင်များ ပေးပို့ကြလိမ့်မယ်။ အကျောန်းမှာ အဲပရောဖက် နေဦးလို့ဟ မြေကြီးပေါ်နှိုက် နေထိန်သောသူလို့ဟို ညှဉ်းဆဲကြအယ်။