38 အေးအချိန်နှိုက် ထားမြနေယောက်ဟိုလည်း ယေရှုနဲ့အတူ လက်ယာဘက်တွင် တယောက်၊ လက်ဝဲဘက်တွင် တယောက်၊ လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ကြအယ်။
ယေရှုရဲ့ ခေါင်းထက်တွင် “ဟေသူဟ ယုဒဆှင်ဘုရင် ယေရှု ဖြစ်အယ်” ဟု ရေးထားလဲ့ ကိုယ်တော်အပေါ် တင်သောစွဲချက်ဟို တပ်ထားကြအယ်။
လမ်းသွားလမ်းလာများဟ မိမိရဲ့ခေါင်းဟို ခါယွေ့ ယေရှုအား ကဲ့ရဲ့လျက်
ကိုယ်တော်နဲ့အတူ လက်ဝါးကပ်တိုင်တွင် အသတ်ခံရသူ ထားမြများကပင်လျှင် အေးနည်းတူ ကိုယ်တော်ဟို ကဲ့ရဲ့ပစ်တင်ကြအယ်။
သူလို့ဟ ကိုယ်တော်နဲ့အတူ ထားပြနေယောက်ဟို ညာဖက်တွင် တယောက် ဘယ်ဖက်တွင် တယောက် လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ကြအယ်။
နင်လို့ဟို ငါဆိုတာဟ ‘ရာဇဝတ် ကျူးလွန်သူများ စာရင်းတွင် ပါဝင်ရအယ်’ ဟူသော ကျမ်းစကားအတိုင်း ငါနှိုက် ဖြစ်ရမယ်။ ပစာကို့ ငါရဲ့ အကျောန်း ရေးသားထားလဲ့ ကျမ်းစကားအရ ဖြစ်ပျက်လျက် ဆိနေသောကျောန့် ဖြစ်အယ်” ဟု ပြောလေအယ်။
သူလို့ဟ အဲအရပ်နှိုက် ကိုယ်တော်ဟို အခြားသူနေယောက်လို့နဲ့အတူ လက်ဝါးကပ်တိုင်အပေါ်နှိုက် တင်ကြပင်း ယေရှုဟို အလယ်နှိုက် ထားယွေ့ အဲသူနေဦးလို့ဟို ကိုယ်တော်ရဲ့ တဖက်တချက်စီ ထားအယ်။