35 အေးနောက် သူလို့ဟ ယေရှုဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ကြပင်း အဝတ်တော်များဟို မဲချယွေ့ ခွဲဝေကြအယ်။
ယေရှုဟ “တို့ဖ၊ အဲသူလို့အပစ်ဟို ဖြေလွှတ်ပေးပါ။ သူလို့ဟ မိမိလို့လုပ်နေလဲ့အမှုဟို မသိကြပါ” ဟု မြွက်ဆိုလေအယ်။ သူလို့ဟ ကိုယ်တော်ရဲ့ အဝတ်များဟို မဲနှိုက်ယွေ့ အချင်းချင်း ခွဲယူကြအယ်။
ဟေသို့မိန့်ပင်းနောက် ကိုယ်တော်ဟ သူလို့အား သူရဲ့လက်များနဲ့ နံဘေးဟို ပြအယ်။ တဘဲ့တော်လို့ဟ သခင်ဘုရားဟို မျော်သောအခါ ဝမ်းမြောက်ကြအယ်။
အဲလိုမို့ အခြားတဘဲ့တော်လို့ဟလည်း “ငါလို့ဟ သခင်ဘုရားဟို မျော်ရကြပီ” ဟု သောမအား ပြောကြအယ်၊ သောမဟလည်း “ငါဟ သူ့လက်နှိုက် သံရိုက်ရာဟို မမျော်၊ သံရိုက်ရာထဲဟို ငါ့လက်ညှိုးဖြင့် မတို့မစမ်း၊ သူ့နံဘေးဟို ငါ့လက်ဖြင့် မစမ်းရရင် ငါယုံမှာ မဟုတ်” ဟု ဆိုအယ်။
အဲပင်းရင် သောမအား “နင့်လက်ညှိုးဖြင့် ငါ့လက်များဟို တို့ကျေ့လော့၊ နင်ရဲ့လက်ဟို ဆန့်ယွေ့ ငါ့နံဘေးဟို စမ်းသပ်လော့။ ယုံမားခြင်း မဆိစေနဲ့၊ ယုံကြည်လော့” ဟု မိန့်အယ်။
ဘုရားသခင်ဟ မိမိရဲ့ အစီစဉ်နဲ့အညီ ယေရှုဟို နင်လို့ လက်ဟို ပေးအပ်ရန် ဆုံးဖြတ်ခဲ့ပင်း၊ နင်လို့ဟ အပစ်လုပ်သူလို့ လက်ဖြင့် အေးအဆှင်ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်ခဲ့ကြအယ်။
နာဇရက်မြို့သား ယေရှု ခရစ်ရဲ့ နာမတော် တန်ခိုးအားဖြင့် အဲသူဟ ခြေသန်စွမ်းလာယွေ့ နင်လို့ ဆေ့တွင် ရပ်လျက်နေတာဟို နင်လို့နဲ့အတူ ဣသရေလအမျိုးသားအပေါင်းလို့ သိမှတ်ကြလော့၊ အဲအဆှင်ဟ နင်လို့ လက်ဝါးကပ်တိုင်မှာ တင်ယွေ့ သတ်ပင်းနောက် ဘုရားသခင် ဆှင်ပြန်ထမြောက်စေသောသူ ဖြစ်အယ်။