25 လူအပေါင်းလို့ဟ “အေးသူရဲ့ အသွေးဟ ငါလို့နဲ့ ငါလို့သားမြေးများရဲ့ တာဝန်ဖြစ်ပါစေ” ဟု ဆိုကြအယ်။
ယုဒလူလို့ဟ သူ့ဟို မကောင်းသောအရာများ အကျောန်းဟို ပြောဆိုသောအခါ၊ ပေါလုဟ မိမိအဝတ်မှ ဖုန်များဟို ပုတ်ချယွေ့ သူလို့အား “နင်လို့ သေကြေပျက်စီးကြရင် နင်လို့ရဲ့ တာဝန်ပင် ဖြစ်အယ်၊ ငါ့မှာ တာဝန် မဆိတော့ပီ။ အခုမှစယွေ့ ငါဟ လူမျိုးခြားလို့ဆေ သွားတော့မယ်” ဟု ဆိုအယ်။
သူဟ “အဲနာမဟို အမှီပြုယွေ့ သွန်သင်ခြင်း မလုပ်ရန် နင်လို့အား ငါလို့ ကျပ်ကျပ်အမိန့် ပေးခဲ့အယ်၊ အဲလိုလဲ နင်လို့ ပစာလုပ်တာဟို ကျေ့လော့၊ နင်လို့ဟ ယေရုရှလင်မြို့ တမြို့လုံးတွင် သွန်သင်ချက်ဟို ပျံ့နှံ့စေယွေ့ အဲသူ သေရတာဟ ငါလို့ကျောန့် ဖြစ်အယ်ဟူယွေ့ နင်လို့ အပစ်တင်လိုကြတာ မဟုတ်လော” ဟု ပြောအယ်။
နင်လို့ ဖိုးဖေးများ မနှိပ်စက်မညှဉ်းဆဲဖူးလဲ့ ပရောဖက်တပါးပါး ဆိသလော။ သူလို့ဟ ဖြောင့်မတ်သောသူ ကြွလာမဲ့အကျောန်းဟို ကြိုတင်ဟောကြားကြလဲ့ သူများဟိုပင် သတ်ခဲ့ကြအယ်။ အခု နင်လို့ဟ အဲအဆှင်ဟို သစ္စာဖောက်ယွေ့ သတ်ဖြတ်ကြပီ။