12 အဲလိုလဲ ယဇ်ပုရောဟိတ်ကြီးများနဲ့ အသက်ကြီးသူများ အပစ်တင် စွပ်စွဲချက်များဟို ယေရှုဟ စလိုမှ ဖြေကြားတော်မမူ။
အဲလိုလဲ ယေရှုဟ ဆိတ်ဆိတ်နေအယ်။ ယဇ်ပုရောဟိတ်မင်းဟ “နင်သည် ဘုရားသခင်ရဲ့သားတော် မေဆှိယလော၊ ငါ့အား ဖြေကြားလော၊ အသက်ဆှင်သော ဘုရားသခင်ရဲ့နာမဟို တိုင်တည်ယွေ့ နင့်အား ငါမေးအယ်” ဟု ဆိုအယ်။
အဲအခါ ပိလတ်မင်းဟ “နင့်အား အေးသူလို့ဟ စလောက် အပစ်တင် စွပ်စွဲယွေ့ သက်သေခံလျက် ဆိတာဟို နင်မကြားသလော” ဟု ဆိုအယ်။
အဲလိုလဲ ယေရှုဟ စကားတခွန်းဟိုမှ ပြန်ပင်း မမိန့်ဘဲနေသဖြင့် ဘုရင်ခံဟ ရမ်းဆာ့အံ့ဩလေအယ်။
ဟေရုဒ်မင်းဟ ယေရှုဟို မေးခွန်းများစွာ မေးအယ် အဲလိုလဲ ကိုယ်တော်ဟ ဖြေကြားခြင်း မဆိပေ။
အဲသူ ဖတ်လျက်နေလဲ့ ကျမ်းစာချက်မှာ၊ “သူဟ သတ်ရန် လျာထားသော သိုးလိုမျိုး ခေါ်ဆောင်သွားခြင်းဟို ခံရယွေ့၊ သိုးသငယ်ဟ အမွေးညှပ် သူလို့ရဲ့ ဆေ့နှိုက် အသံမထွက်ဘဲ နေသလိုမျိုး သူဟ မိမိ နှုတ်ဟို မဖွင့်ဘဲ နေအယ်။
ပုတ်ခတ်ပြောဆို ခံရသောအခါ ပြန်ယွေ့ မတုန့်ပြန်၊ ဆင်းရဲဒုက္ခ ခံစားရသောအခါနှိုက်လည်း ခြိမ်းခြောက်ခြင်းဟို မလုပ်ဘဲ ဖြောင့်မတ်စွာ တရားစီရင်သော အဆှင်ဆေ မိမိကိုယ်ဟို အပ်နှံအယ်။