74 ပေတရုဟ “အေးသူဟို ငါမသိ” ဟု ဘုရားသခင်ဟို တိုင်တည်ယွေ့ ကျိန်ဆိုလေအယ်။ အေးခဏနှိုက် ကြက်တွန်လေအယ်။
ခန္ဓာကိုယ်ဟို သတ်နိန်သော်လည်း ဝိညာဉ်ဟို မသတ်နိန်သော သူများအား မကြောက်ကြနဲ့။ ခန္ဓာကိုယ် နဲ့ဝိညာဉ် နေမျိုးစလုံးဟို ငရဲတွင် ဖျက်ဆီးနိန်သော သူဟိုသာလျှင် ကြောက်ကြလော့။
ယေရှုဟ “နင်အား ငါ အမန်အကန် ပြောတာဟ အခုညနှိုက်ပင် ကြက်မတွန်ခင် နင်ဟ ငါ့ဟို မသိ ဟု သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မယ်” ဟု ပေတရုအား မိန့်အယ်။
အေးနောက် အချိန်ကတစ်ကြာသောအခါ အနီးတွင် ရပ်နေသောသူများဟ ပေတရုဆေ လာယွေ့ “နင်ဟ အမန်ပင် အေးသူလို့ထဲမှ တယောက် ဖြစ်အယ်၊ အကျောန်းမှာ နင်ပြောပုံဆိုပုံအားဖြင့် သိသာအယ်” ဟု ဆိုကြအယ်။
အေးအခါ “ကြက်မတွန်မီ နင့်ဟ ငါ့အား မသိဟု သုံးကြိမ်မြောက်အောန် ငြင်းဆိုလိမ့်မယ်” ဟု ယေရှု မိန့်ခဲ့လဲ့ စကားဟို ပေတရု ပြန်လည်သတိရသဖြင့် အပြင်ဟို ထွက်ယွေ့ ရမ်းဆာ့ ငိုကလေအယ်။
လူအပေါင်းလို့ဟ “အေးသူရဲ့ အသွေးဟ ငါလို့နဲ့ ငါလို့သားမြေးများရဲ့ တာဝန်ဖြစ်ပါစေ” ဟု ဆိုကြအယ်။
ယေရှုဟ ပေတရုအား “အမန်အကန် နင်ဟို ငါပြောတာဟ၊ ဟေနေ့ညတွင်ပင် ကြက် နေခါမတွန်ခင်၊ နင်ဟ သုံးကြိမ်တိတိ ငါ့ဟို မသိဟု ငြင်းဆိုလိမ့်မယ်” ဟု ပြောအယ်။
အဲလိုလဲ ပေတရုဟ ငြင်းဆိုခဲ့အယ်။ “နင်ပြောနေတာဟို ငါမသိဝူး အဲဟာမဟုတ်ရင် နားမလည်ဝူး” ဟုဆိုကာ ဝင်ပေါက်ဟို ထွက်သွားအယ်။ အဲအချိန်နှိုက် ကြက်တွန်လာအယ်။
အဲလိုလဲ ပေတရုဟ “အချင်းလူ၊ နင်ပြောလဲ့ အကျောန်းအရာဟို ငါ သိမောင့်လဲ့” ဟု ပြန်ပြောအယ်။ အေးလို့ ပေတရု ပြောဆိုနေစဉ် ကြက်တွန်လေအယ်။
ပေတရုဟ “ငါ မဟုတ်” ဟု တဖန် ငြင်းပြန်အယ်၊ ခုတုံးပင် ကြက်တွန်လေအယ်။
အကျောန်းမှာ သွေးသားဇာတိအားဖြင့် ငါရဲ့ အမျိုးသားခြင်းများ ဖြစ်ကြသော ငါ့ညီအကိုလို့အတွက် ငါတတ်တိုင်း ခရစ်တော်နဲ့ကွဲကွာလျက် ကျိန်ခြင်းဟိုပင် ခံလိုသော ဆန္ဒဆိအယ်။
စသူမဆိုဟ သခင်ဘုရားဟို မချစ်၊ အဲသူဟ — ကျိန်စာသင့်ပါစေ။ မာရားနာ ထာ — သခင်ဘုရား ကြွလာတော်မူပါ။
ငါဟ ငါချစ်သမျှသော သူလို့ရဲ့ အပစ်ဟို ဖော်ပြယွေ့ ဆုံးမတတ်အယ်။ အဲကျောန့် စိတ်အားထက်သန်ခြင်း ဆိယွေ့ နောင်တရလော့။