48 ကိုယ်တော်ဟို ရန်သူလက်ဟို သစ္စာဖောက်သူဟ “ငါနမ်းသောသူသည် အေးသူပင် ဖြစ်အယ်။ သူ့ဟို ဖမ်းဆီးကြလော့” ဟု အမှတ်ပေးထားအယ်။
ကိုယ်တော် မိန့်စဉ်နှိုက်ပင်လျှင် တဆယ့်နေပါးအဝင်ဖြစ်သူ ယုဒရှကာရုတ်ဟ ရောက်လာအယ်။ ယဇ်ပုရောဟိတ်ကြီးများနဲ့ အသက်ကြီးသူများဟ စေလွှတ်လိုက်သော ရမ်းဆာ့သော လူအစုအဝေးလို့ဟလည်း တုတ်၊ ထားကိုင်ဆောင်လျက် သူနဲ့အတူပါလာကြအယ်။
ယုဒဟ ခုတင်ချင်း ယေရှုဆေဟို ချဉ်းကပ်ကာ “ဆရာ၊ မင်္ဂလာဆိပါစေသော” ဟု ဆိုယွေ့ ကိုယ်တော်ဟို နမ်းလေအယ်။
ကိုယ်တော်အား သစ္စာဖောက်မဲ့သူဟ “ငါ နမ်းသောသူဟ နင်လို့ အလိုဆိသောသူ ဖြစ်အယ်၊ သူ့ဟို ဖမ်းဆီးယွေ့ အစောင့်နဲ့ ခေါ်သွားကြလော့” ဟု သူလို့အား အမှတ်ပေးခဲ့အယ်။