43 ကိုယ်တော် နောက်တကြိမ် ပြန်လာသောအခါ တဘဲ့တော်လို့ဟ မျက်စေ့လေးလံသဖြင့် အိပ်မွေ့လျက်နေကြတာဟို မျော်အယ်။
အေးနောက် ကိုယ်တော်ဟ ဒုတိယအကြိမ် ကြွသွားပြန်ယွေ့ “ငါရဲ့အဖ၊ ဟေဝေဒနာမုတ်ဟို ငါမသောက်ဘဲ လွဲသွားရန် မဖြစ်ပါဟ ကိုယ်တော်ရဲ့ အလိုတော်အတိုင်း ဖြစ်စေပါ” ဟု ဆုတောင်းအယ်။
ယေရှုဟ သူလို့ဆေမှ တဖန်ကြွသွားပင်းလျှင် မခင်ဟ မြွတ်ဆိုလဲ့အတိုင်း တတိယအကြိမ် ဆုတောင်းအယ်။
ပေတရုနဲ့ သူ့ရဲ့ အဖော်လို့ဟ အိပ်မွေ့လျက်နေကြအယ်။ အဲလိုလဲ သူလို့ဟ ထလာပင်း ယေရှုရဲ့ ဘုန်းတော်နဲ့ သူနဲ့အတူ ရပ်နေကြလဲ့ လူနေယောက်လို့ဟို မျော်ကြအယ်။
ဥတု နာမယ်ဆိသော လူပဲ့ငယ်တယောက်ဟ ပြတင်းပေါက်နားမှာ ထိန်နေအယ်။ ပေါလုဟ ဆက်ယွေ့ စကားပြောနေချိန်၊ ဥတုဟ ငိန်းကျာ့လာပင်း အိပ်မွေသွားခဲ့အယ်။ နောက်ဆုံးနှိုက် အိပ်မွေသွားပင်း နေအိုင်ရဲ့ တတိယအထပ်မှ မြေပေါ်ဟို လှိမ့်ကျလေအယ်။ သူလို့ဟ သူ့ဟို မချီလိုက်သောအခါ သူဟ သေပင်း ဖြစ်အယ်။
အစိုးရမင်းလို့ရဲ့ အမိန့်အာဏာဟို လူတိုင်း လိုက်နာကြရမယ်၊ ဘုရားသခင်ရဲ့ အခွင့်မဆိရင် မင်းအာဏာလည်း မတည်ဆိနိန်။ အမိန့်အာဏာ ဆိသမျှဟ ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့သာလျှင် တည်ဆိအယ်။