35 ပေတရုဟ “ငါသည် ကိုယ်တော်နဲ့အတူပင် သေရရင် ကိုယ်တော်ဟို မငြင်းပါ” ဟု ဆှောက်ထားအယ်။ အခြားတဘဲ့တော်လို့ဟလည်း ဟေအတိုင်း ဆှောက်ထားကြအယ်။
အဲလိုလဲ ငါ့ဟို လူလို့ဆေ့တွင် ငြင်းပယ်သူ စသူမဆို ခေါန်းခင်ဘုံနှိုက် ဆိသော ငါ့အဖရဲ့ ဆေ့တွင် ငါ ငြင်းပယ်မယ်။
ပေတရုဟလည်း “သခင်ဘုရား၊ ပစာကျောန့် ကိုယ်တော်နဲ့အတူ အခု မလိုက်နိန်တုန်း။ ကိုယ်တော်အတွက် ငါဟ အသက်ဟိုပင် စွန့်ပါမယ်” ဟု ဆှောက်အယ်။
အဲဒီအရာဟ အမန်ဖြစ်အယ်၊ သူလို့ မယုံကြည်ကြသောကျောန့် သူလို့ဟို ချိုးဖဲ့ ခံရပင်း နင်လို့ ယုံကြည်သောကျောန့် နင်နေရာတွင် တည်အယ်၊ ဒါပေမဲ့ အဲဒီအရာအတွက် မာနမထောင်လွှားပါနဲ့၊ အဲအစား ကြောက်ခြင်းစိတ် ဆိလော့။
အဲကျောန့် နင်လို့ဟ မိမိတည်ကြည်လျက် နေတာဟု မိမိထင်မှတ်အယ်။ အဲသူဟ မလဲစေခြင်းငှာ သတိပြုစေ။
အဲလိုမို့ ငါချစ်သောသူလို့၊ နင်လို့ဟ အစဉ်နာခံခဲ့လဲ့အတိုင်း ငါရဲ့ မျက်မှောက်နှိုက်သာ မဟုတ်ဘဲ အခု ငါနဲ့ ဝေးကွာလဲ့အခါနှိုက်လည်း ပိုယွေ့ နာခံလျက် ကြောက်ရွံ့တုန်လှုပ်သောစိတ်ဖြင့် မိမိလို့ရဲ့ ကယ်တင်ခြင်းဟို အကောင်ထည်ဖော်ကြလော့။
နင်လို့ဟ လူလို့အား မျက်နှာလိုက်ခြင်း မဆိဘဲ တဦးစီလို့ပြုသော အမှုတိုင်း တရားစီရင်သော အဆှင်ဟို အဖလို့ခေါ်ကြရင် ဟေလောကတွင် ဧည့်သည်အဖြစ် နေထိန်စဉ်ကာလ တဆှောက်လုံး ကြောက်ရွံ့ရိုသေသော စိတ်ဖြင့် အသက်ဆှင် နေထိန်ကြလော့။